အခ်က္အလက္ေတြနဲ႔ ခန္႔မွန္းခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုရွင္

Photo Credit

Photo Credit

ပရီးမီးယားလိဂ္ ခ်န္ပီယံခန္႔မွန္းမႈကိုေတာ့ မ်ားစြာေသာအခ်က္အလက္ေတြ အေျခအေနေတြကိုစုေဆာင္းၿပီး 538.com က တရားဝင္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ အဆိုပါ အခ်က္အလက္ေတြမွာေတာ့ အသင္းတိုင္းရဲ႕ တုိက္စစ္ပိုင္းက အသင္းတစ္သင္းကို ကြင္းထဲမွာဂိုးသြင္းယူမႈ၊ ေနာက္တန္းက ဂိုးမေပးရမႈေတြကို အမွတ္ေတြ ေပးထားတာပါ။

Photo Credit

ထိုအဆင့္သတ္မွတ္ခ်က္ေတြက SPI အဆင့္သတ္မွတ္ခ်က္ေတြကေန ဆင့္ပြားရယူထားတာ ျဖစ္ၿပီး တစ္ပြဲခ်င္းစီရဲ႕အမွတ္ရရွိမႈကိုေပါင္းၿပီးအသင္းရဲ႕ ခ်န္ပီယံ ျဖစ္ႏိုင္မႈ % ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။

Photo Credit ; PA

အသင္းေတြက ပြဲစဥ္တိုင္းကစားၿပီး အႏိုင္ရရွိရင္ ၃ မွတ္ရရွိကာ၊ သေရက်ရင္ ၁ မွတ္နဲ႔ ႐ံႈးနိမ့္ခ့ဲရင္ အမွတ္ မရရွိပါဘူး။ အထက္ပါ အခ်က္အလက္ေတြအရ လက္ရွိခ်န္ပီယံမန္စီးတီးက ၆၁ ရာခိုင္ႏႈန္းနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကိုဆက္လက္ထိန္းသိမ္းႏိုင္မွာ ျဖစ္ပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ရာသီက ဒုတိယနဲ႔ ေက်နပ္ခဲ့ရတဲ့ လီဗာပူးအသင္းကေတာ့ ခ်န္ပီယံျဖစ္ႏိုင္ဖုိ႔ ၂၇ ရာခိုင္ႏႈန္းသတ္မွတ္ခံခဲ့ရပါတယ္။ စပါးအသင္းကေတာ့ တတိယနဲ႔ ရာသီအစပြဲစဥ္ေတြမွာရလဒ္ေတြ မေကာင္းလို႔ ေဝဖန္ခံေနရတဲ့ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ကို ေက်ာ္ကာအဆင့္ ၄ ေနရာမွာ သတ္မွတ္ခံခဲ့ရပါတယ္။ အဲဗာတန္၊ လက္စတာ၊ ဝုဗ္နဲ႔ ပဲေလ့စ္အသင္းတို႔က အဆင့္ ၁၀ အတြင္းမွာဝင္ေရာက္ႏိုင္ခဲ့ၿပီး အဆိုပါ အဆင့္ သတ္မွတ္ခ်က္ေတြမွာေတာ့ တန္းတက္လာခဲ့တဲ့အသင္းေတြက တန္းျပန္ဆင္းသြားမွာပဲ ျဖစ္ပါတယ္။

Photo Credit

Unicode

အချက်အလက်တွေနဲ့ ခန့်မှန်းခဲ့ကြတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုရှင်

ပရီးမီးယားလိဂ် ချန်ပီယံခန့်မှန်းမှုကိုတော့ များစွာသောအချက်အလက်တွေ အခြေအနေတွေကိုစုဆောင်းပြီး 538.com က တရားဝင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဆိုပါ အချက်အလက်တွေမှာတော့ အသင်းတိုင်းရဲ့ တိုက်စစ်ပိုင်းက အသင်းတစ်သင်းကို ကွင်းထဲမှာဂိုးသွင်းယူမှု၊ နောက်တန်းက ဂိုးမပေးရမှုတွေကို အမှတ်တွေ ပေးထားတာပါ။
ထိုအဆင့်သတ်မှတ်ချက်တွေက SPI အဆင့်သတ်မှတ်ချက်တွေကနေ ဆင့်ပွားရယူထားတာ ဖြစ်ပြီး တစ်ပွဲချင်းစီရဲ့အမှတ်ရရှိမှုကိုပေါင်းပြီးအသင်းရဲ့ ချန်ပီယံ ဖြစ်နိုင်မှု % ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
အသင်းတွေက ပွဲစဉ်တိုင်းကစားပြီး အနိုင်ရရှိရင် ၃ မှတ်ရရှိကာ၊ သရေကျရင် ၁ မှတ်နဲ့ ရှုံးနိမ့်ခဲ့ရင် အမှတ် မရရှိပါဘူး။ အထက်ပါ အချက်အလက်တွေအရ လက်ရှိချန်ပီယံမန်စီးတီးက ၆၁ ရာခိုင်နှုန်းနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ လီဗာပူးအသင်းကတော့ ချန်ပီယံဖြစ်နိုင်ဖို့ ၂၇ ရာခိုင်နှုန်းသတ်မှတ်ခံခဲ့ရပါတယ်။ စပါးအသင်းကတော့ တတိယနဲ့ ရာသီအစပွဲစဉ်တွေမှာရလဒ်တွေ မကောင်းလို့ ဝေဖန်ခံနေရတဲ့ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကို ကျော်ကာအဆင့် ၄ နေရာမှာ သတ်မှတ်ခံခဲ့ရပါတယ်။
အဲဗာတန်၊ လက်စတာ၊ ဝုဗ်နဲ့ ပဲလေ့စ်အသင်းတို့က အဆင့် ၁၀ အတွင်းမှာဝင်ရောက်နိုင်ခဲ့ပြီး အဆိုပါ အဆင့် သတ်မှတ်ချက်တွေမှာတော့ တန်းတက်လာခဲ့တဲ့အသင်းတွေက တန်းပြန်ဆင်းသွားမှာပဲ ဖြစ်ပါတယ်။