အခုနှစ် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးပွဲဖြစ်တဲ့ လီဗာပူးနဲ့မန်စီးတီးပွဲမှာ ဘယ်အသင်းနိုင်မလဲ?

photo internet

လာမယ့်တနင်္ဂနွေနေ့မှာယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်ဟာ အခုနှစ် ပရီးမီးယားလိဂ်ရာသီအတွက် စိတ်ဝင်စားဖို့၊ရင်ခုန်ဖို့အကောင်းဆုံးပွဲတစ်ပွဲဖြစ်ပါတယ်။ ဘောလုံးပရိသတ် အများစုအာရုံစိုက်နေတဲ့အဲဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပြီး၊ နှစ်သင်းစလုံးကလည်း အနိုင်ရဖို့ စိတ်အားထက်သန်နေကြပါတယ်။ အာဆင်နယ်အသင်းရဲ့မန်နေဂျာဟောင်း အာဆင်ဝင်းဂါးကတော့ လီဗာပူးအနိုင်ရနိုင်ခြေရှိကြောင်း ထင်မြင်ချက်ပေးထားပါတယ်။

photo internet

အခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ လီဗာပူးဟာခြေစွမ်းကောင်း၊ရလဒ်ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် ကစားသမျှပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ၊သရေပွဲနဲ့အနိုင်ပွဲတွေပဲရထားတာကြောင့်ဖြစ်ပါတယ်။ မန်စီးတီးအတွက် အခုပွဲစဉ်ဟာ တကယ်အရေးပါပါတယ်။ ရှေ့ကပြေးနေတဲ့ လီဗာပူးကို အမှီလိုက်ဖို့အတွက်၊အခုလာမယ့်ပွဲစဉ်ကို အနိုင်ကစားနိုင်ဖို့လိုပါတယ်။ လီဗာပူး နဲ့ မန်စီးတီး တို့ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် Title race မှာလည်း အကြိတ်အနယ်ရှိတဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်ချိန်မှာတော့ မန်စီးတီးက လီဗာပူးထက် တစ်မှတ်အသာနဲ့ ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

photo internet

လီဗာပူး-မန်စီးတီးပွဲစဉ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်တစ်ချက်လည်းရှိပါတယ်။ ဒါကတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့အင်တာဗျူးအပေါ် လီဗာပူးပရိသတ်တွေက လက်စားချေလိုစိတ်ဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာက မာနေး(နာမည်တိုက်ရိုက်မပြောပေမယ့်)ဟာ ဒိုင်ဗင်ပစ်တတ်တဲ့ ကစားသမားမျိုးဖြစ်ပြီး၊အဲလို ကစားသမား ကြောင့် လီဗာပူးအနေနဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးတွေရရှိနေတာဖြစ် တယ်ဆိုပြီး သွယ်ဝိုက်ပြောဆိုသွားခဲ့ ပါတယ်။ အဲဒီအဖြေအပေါ် လီဗာပူးပရိသတ်တွေက ဒေါသထွက်နေကြပြီး၊ မာနေးဂိုးသွင်းနိုင်ခဲ့ပါက နည်းပြ ဂွာဒီယိုလာ ရဲ့ရှေ့မှာ ဒိုင်ဗင်ထိုးတဲ့ပုံစံနဲ့အောင်ပွဲခံဖို့ ပရိသတ်တွေက လိုလားနေကြတာဖြစ်ပါတယ်။ တကယ်လို့သာ အဲလိုအဖြစ်အပျက်မျိုးဖြစ်ခဲ့မယ်ဆိုရင် နည်းပြဂွာဒီယိုလာရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ပရိသတ်တွေက မြင်ချင်နေကြတာပါ။

photo internet

ပရိသတ်စိတ်ဝင်စားမှုနှုန်းများတဲ့ပွဲဖြစ်တာကြောင့် နှစ်ဖက်အသင်းပရိသတ်တွေ ရန်မဖြစ်စေဖို့အတွက် လုံခြုံရေးအစီအစဉ်များကို လုပ်ဆောင်ထားပါတယ်။ နှစ်ဖက်အသင်းက တာဝန်ရှိသူတွေဟာ ဆိုးသွမ်းတဲ့ပရိသတ် တွေ ရန်ရှာမှာကိုစိုးရိမ်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ မန်စီးတီးဂိုးသမား အီဒါဆင်တစ်ယောက် ဒဏ်ရာအခြေအနေကြောင့် လာမယ့်လီဗာပူးနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ကလည်း မသေချာတဲ့ အနေအထားရှိပါတယ်။ သူတင်၊ကိုယ်တင်အပြိုင်ကြဲမယ်လို့ မျှော်လင့်ရတဲ့ လီဗာပူးနဲ့မန်စီးတီးပွဲစဉ်မှာ ပရိသတ်တွေအနေနဲ့ ဘယ်အသင်းကိုအားပေးမှာပါလဲ?၊ဘယ်အသင်းနိုင်မယ်လို့ ထင်ပါသလဲ?

photo internet

(Zawgyi Version)

အခုႏွစ္ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးပြဲျဖစ္တဲ့ လီဗာပူးနဲ႔မန္စီးတီးပြဲမွာ ဘယ္အသင္းႏိုင္မလဲ?

လာမယ့္တနဂၤေႏြေန႔မွာယွဥ္ၿပိဳင္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ရဲ႕ပြဲစဥ္ဟာ အခုႏွစ္ ပရီးမီးယားလိဂ္ရာသီအတြက္ စိတ္၀င္စားဖုိ႔၊ရင္ခုန္ဖို႔အေကာင္းဆုံးပြဲတစ္ပြဲျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ အမ်ားစုအာရုံစိုက္ေနတဲ့အဲဒီပြဲဟာ ႏွစ္သင္းစလုံးအတြက္ အေရးႀကီးၿပီး၊ ႏွစ္သင္းစလုံးကလည္း အႏိုင္ရဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။ အာဆင္နယ္အသင္းရဲ႕မန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးကေတာ့ လီဗာပူးအႏိုင္ရႏိုင္ေျခရိွေၾကာင္း ထင္ျမင္ခ်က္ေပးထားပါတယ္။

အခုႏွစ္ပရီးမီးယားလိဂ္ရာသီမွာ လီဗာပူးဟာေျခစြမ္းေကာင္း၊ရလဒ္ေကာင္းေနပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ကစားသမွ်ပြဲေတြမွာ ရႈံးပြဲမရိွေသးဘဲ၊သေရပြဲနဲ႔အႏိုင္ပြဲေတြပဲရထားတာေၾကာင့္ျဖစ္ပါတယ္။ မန္စီးတီးအတြက္ အခုပြဲစဥ္ဟာ တကယ္အေရးပါပါတယ္။ ေရွ႕ကေျပးေနတဲ့ လီဗာပူးကို အမွီလိုက္ဖို႔အတြက္၊အခုလာမယ့္ပြဲစဥ္ကို အႏိုင္ကစားႏိုင္ဖို႔လုိပါတယ္။ လီဗာပူး နဲ႔ မန္စီးတီး တို႔ဟာ ၿပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ Title race မွာလည္း အႀကိတ္အနယ္ရွိတဲ့ ၿပိဳင္ဆုိင္မႈေတြရိွခဲ့ပါတယ္။ ဒါေပမယ့္ ရာသီကုန္ခ်ိန္မွာေတာ့ မန္စီးတီးက လီဗာပူးထက္ တစ္မွတ္အသာနဲ႔ ခ်န္ပီယံဆုကို ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

လီဗာပူး-မန္စီးတီးပြဲစဥ္နဲ႔ပတ္သက္တဲ့ စိတ္၀င္စားဖြယ္ေကာင္းတဲ့အခ်က္တစ္ခ်က္လည္းရိွပါတယ္။ ဒါကေတာ့ မန္စီးတီးနည္းျပ ဂြာဒီယိုလာရဲ႕အင္တာဗ်ဴးအေပၚ လီဗာပူးပရိသတ္ေတြက လက္စားေခ်လိုစိတ္ျဖစ္ေပၚေန တာျဖစ္ပါတယ္။ နည္းျပဂြာဒီယုိလာက မာေနး(နာမည္တိုက္ရုိက္မေျပာေပမယ့္)ဟာ ဒိုင္ဗင္ပစ္တတ္တဲ့ ကစားသမားမ်ဳိးျဖစ္ၿပီး၊အဲလုိကစားသမားေၾကာင့္ လီဗာပူးအေနနဲ႔ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးေတြရရိွေနတာျဖစ္ တယ္ဆိုၿပီး သြယ္၀ိုက္ေျပာဆိုသြားခဲ့ပါတယ္။ အဲဒီအေျဖအေပၚ လီဗာပူးပရိသတ္ေတြက ေဒါသထြက္ေနၾကၿပီး၊ မာေနးဂိုးသြင္းႏိုင္ခဲ့ပါက နည္းျပ ဂြာဒီယိုလာရဲ႕ေရွ႕မွာ ဒိုင္ဗင္ထိုးတဲ့ပုံစံနဲ႔ေအာင္ပြဲခံဖို႔ ပရိသတ္ေတြက လုိလားေနၾကတာျဖစ္ပါတယ္။ တကယ္လုိ႔သာ အဲလိုအျဖစ္အပ်က္မ်ဳိးျဖစ္ခဲ့မယ္ဆိုရင္ နည္းျပဂြာဒီယိုလာရဲ႕ မ်က္ႏွာ ဘယ္လုိျဖစ္သြားမလဲဆုိတာကို ပရိသတ္ေတြက ျမင္ခ်င္ေနၾကတာပါ။

ပရိသတ္စိတ္၀င္စားမႈႏႈန္းမ်ားတဲ့ပြဲျဖစ္တာေၾကာင့္ ႏွစ္ဖက္အသင္းပရိသတ္ေတြ ရန္မျဖစ္ေစဖုိ႔အတြက္ လုံၿခံဳေရးအစီအစဥ္မ်ားကို လုပ္ေဆာင္ထားပါတယ္။ ႏွစ္ဖက္အသင္းက တာ၀န္ရိွသူေတြဟာ ဆိုးသြမ္းတဲ့ပရိသတ္ေတြ ရန္ရွာမွာကိုစိုးရိမ္ေနတယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။ မန္စီးတီးဂိုးသမား အီဒါဆင္တစ္ေယာက္ ဒဏ္ရာအေျခအေနေၾကာင့္ လာမယ့္လီဗာပူးနဲ႔ပြဲစဥ္မွာ ပါ၀င္ဖို႔ကလည္း မေသခ်ာတဲ့အေနအထားရိွပါတယ္။ သူတင္၊ကိုယ္တင္အၿပိဳင္ႀကဲမယ္လုိ႔ ေမွ်ာ္လင့္ရတဲ့ လီဗာပူးနဲ႔မန္စီးတီးပြဲစဥ္မွာ ပရိသတ္ေတြအေနနဲ႔ ဘယ္အသင္းကိုအားေပးမွာပါလဲ?၊ဘယ္အသင္းႏိုင္မယ္လို႔ ထင္ပါသလဲ?