အခုနှစ်မှာ မက်ဆီ၊ ဆွာရက်ဇ်တို့ထက်သာနေတဲ့ ဂန်ဒိုဂမ်

ယမန်နေ့ညက မန်စီးတီး အသင်းဟာ အိမ်ကွင်းမှာ တော့တင်ဟမ် ဟော့စပါးကို ခြေအသာနဲ့ ဂိုးပြတ် အနိုင်ကစားခဲ့ပြီး ခြေစွမ်းကောင်းကို ပြသသွားခဲ့ပါတယ်။လက်ရှိမှာ မန်စီးတီးအသင်းဟာ ဒုတိယနေရာက အသင်းကို 7 မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။

အဲဒီပွဲရဲ့ ပွဲချိန် ၂၃ မိနစ်မှာ ရိုဒရီက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂမ်က ပွဲချိန် ၅၀မိနစ်နဲ့ ၆၆ မိနစ်တို့မှာ ထပ်မံပြီးဂိုးများသွင်းယူနိုင်ခဲ့ပေမယ့်စပါးအသင်းကတော့ ချေပဂိုးမသွင်းနိုင်ဘဲ ၃ဂိုး ဝဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မန်စီးတီး အသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂမ်ကတော့ အခုနှစ်မှာ ဂိုးအများအပြားသွင်းယူကာ ခြေစွမ်းကောင်းပြသနေပြီး ချီးကျူးမှုခံနေရပါတယ်။ ဂန်ဒိုဂမ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလထဲက ပရီးမီးယားလိဂ် (၉)ပွဲပါဝင်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု (၁၁)ကြိမ် မှာ (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှု(၁)ကြိမ်နဲ့ အခွင့်အရေး(၁၆)ကြိမ်တိတိ ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ မက်‌ဆီ၊ ဆွာရက်ဇ်နဲ့ လီဝန်ဒေါစကီးတို့ကတောင် အခုနှစ်ထဲမှာ ဂန်ဒိုဂမ်ရဲ့ဂိုးသွင်းနှုန်းကို မလိုက်မှီနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အခုနှစ်ထဲမှာ မက်ဆီ က လိဂ်ပွဲ(၆)ပွဲမှာ (၈)ဂိုး၊ ဆွာရက်ဇ်က (၇)ပွဲမှာ (၈)ဂိုး၊ လီဝန်ဒေါစကီး က (၇)ပွဲမှာ (၇)ဂိုးသွင်းယူခဲ့တယ်လို့သိရပါတယ်။တစ်ဖက်ကနေကြည့်မယ်ဆိုရင် ဂန်ဒိုဂမ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုးအထိသွင်းထားတာဖြစ်ပြီး လိဂ်မှာဒုတိယဂိုးအများဆုံးသွင်းထားတဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။

စပါးနဲ့ မန်စီးတီးပွဲက အခြား အချက်အလက်တွေကို ဖော်ပြပေးရမယ်ဆိုရင် စပါးဟာ နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုး (၈) ဂိုးအထိရှိခဲ့ပြီး ဒါဟာ မော်ရင်ဟို နည်းပြသက်တမ်းတလျောက် ပြိုင်ပွဲစုံပွဲဆက်နှစ်ပွဲပေါင်း ပေးဂိုးအများဆုံး ပေးရမှုဖြစ်ခဲ့ပါတယ်။အီဒါဆန်ဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုးပံ့ပိုးမှု (၂) ကြိမ်လုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi

အခုႏွစ္မွာ မက္ဆီ၊ ဆြာရက္ဇ္တို႔ထက္သာေနတဲ့ ဂန္ဒိုဂမ္

ယမန္ေန႔ ညက မန္စီးတီး အသင္းဟာ အိမ္ကြင္းမွာ ေတာ့တင္ဟမ္ ေဟာ့စပါးကို ေျခအသာနဲ႔ ဂိုးျပတ္ အႏိုင္ကစားခဲ့ၿပီး ေျခစြမ္းေကာင္းကို ျပသသြားခဲ့ပါတယ္။ လက္ရွိမွာ မန္စီးတီး အသင္းဟာ ဒုတိယ ေနရာက အသင္းကို 7 မွတ္ထိ ျဖတ္ထားႏိုင္ခဲ့ပါၿပီ။

အဲဒီပြဲရဲ႕ ပြဲခ်ိန္၂၃မိနစ္မွာ ႐ိုဒရီကဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ကြင္းလယ္လူဂန္ဒိုဂမ္ကပြဲခ်ိန္၅၀မိနစ္နဲ႔၆၆မိနစ္တို႔မွာထပ္မံၿပီးဂိုးမ်ားသြင္းယူႏိုင္ခဲ့ေပမယ့္စပါးအသင္းကေတာ့ေခ်ပဂိုးမသြင္းႏိုင္ဘဲ ၃ဂိုး ဝဂိုးနဲ႔ရႈံးနိမ့္သြားခဲ့ပါတယ္။ မန္စီးတီး အသင္း ကြင္းလယ္ကစားသမား ဂန္ဒိုဂမ္ကေတာ့ အခုႏွစ္မွာ ဂိုးအမ်ားအျပားသြင္းယူကာ ေျခစြမ္းေကာင္းျပသေနၿပီး ခ်ီးက်ဴးမႈခံေနရပါတယ္။ ဂန္ဒိုဂမ္ဟာ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလထဲက ပရီးမီးယားလိဂ္ (၉)ပြဲပါဝင္ကစားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ (၁၁)ႀကိမ္ မွာ (၉)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဂိုးဖန္တီးမႈ(၁)ႀကိမ္နဲ႔ အခြင့္အေရး(၁၆)ႀကိမ္တိတိ ျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ထိပ္တန္းကစားသမားေတြျဖစ္တဲ့ မက္‌ဆီ၊ဆြာရက္ဇ္နဲ႔ လီဝန္ေဒါစကီး တို႔ကေတာင္ အခုႏွစ္ထဲမွာ ဂန္ဒိုဂမ္ရဲ႕ဂိုးသြင္းႏႈန္းကို မလိုက္မွီႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။ အခုႏွစ္ထဲမွာ မက္ဆီ က လိဂ္ပြဲ(၆)ပြဲမွာ (၈)ဂိုး၊ ဆြာရက္ဇ္က (၇)ပြဲမွာ (၈)ဂိုး၊ လီဝန္ေဒါစကီး က (၇)ပြဲမွာ (၇)ဂိုးသြင္းယူခဲ့တယ္လို႔သိရပါတယ္။တစ္ဖက္ကေနၾကည့္မယ္ဆိုရင္ ဂန္ဒိုဂမ္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး (၁၁) ဂိုးအထိသြင္းထားတာျဖစ္ၿပီး လိဂ္မွာဒုတိယဂိုးအမ်ားဆုံးသြင္းထားတဲ့ ကြင္းလယ္လူလည္း ျဖစ္ပါတယ္။

စပါးနဲ႔ မန္စီးတီးပြဲက အျခား အခ်က္အလက္ေတြကို ေဖာ္ျပေပးရမယ္ဆိုရင္ စပါးဟာ ေနာက္ဆုံးႏွစ္ပြဲမွာ ေပးဂိုး (၈) ဂိုးအထိရွိခဲ့ၿပီး ဒါဟာ ေမာ္ရင္ဟို နည္းျပသက္တမ္းတေလ်ာက္ ၿပိဳင္ပြဲစုံပြဲဆက္ႏွစ္ပြဲေပါင္း ေပးဂိုးအမ်ားဆုံး ေပးရမႈျဖစ္ခဲ့ပါတယ္။အီဒါဆန္ဟာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္မွာ ဂိုးပံ့ပိုးမႈ (၂) ႀကိမ္လုပ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။