အခုနောက်ပိုင်း ယူနိုက်တက်ပွဲတွေနဲ့’လမိုင်းကပ်’နေတဲ့ အိုဝင်က မန်စီးတီးနိုင်မယ်လို့ခန့်မှန်းလိုက်ပြီ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ထိုးသားတွေကို မထင်ရင်မထင်သလို ‘ဂျင်း’အကြီးကြီးကျွေးလေ့ရှိတဲ့ ဆရာကြီးအိုဝင်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် ခန့်မှန်းချက်တွေပေါ်ထွက်လာပါပြီ။

အခုနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ပွဲတွေကို ခန့်မှန်းရင် မှန်လေ့ရှိတဲ့ အိုဝင်က ဒီတစ်ပတ်မန်ချက်စတာဒါဘီပွဲမှာ အိမ်ရှင်အသင်းကို ငြင်းပယ်ပြီးတော့ မန်စီးတီးအသင်းဘက်က ခပ်တည်တည်ပဲရပ်တည်လိုက်ပါတယ်။

ယူနိုက်တက်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်၊ စပါး-ယူနိုက်တက်ပွဲမှာ ယူနိုက်တက်တို့ကိုရွေးချယ်ခဲ့တဲ့ အိုဝင်ရဲ့’ကြက်’တွေကို နည်းနည်းတော့လေးစားရမှာဖြစ်ပြီး မရိုမသေသွားလုပ်ရင် အကိုင်ခံရမှာပါ။

အိုဝင်က “စပါးနဲ့ပွဲမှာ ဆိုးလ်ရှားဟာနည်းဗျူဟာအပြောင်းအလဲနဲ့အတူ နိုင်ပွဲရယူခဲ့တဲ့အတွက် ချီးကျူးစရာပါပဲ။

သူ့အပေါ် ဖိအားတွေဆက်ရှိနေဆဲဆိုပေမယ့် အဲဒီနိုင်ပွဲကြောင့် အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေပါတယ်။

မန်စီးတီးအသင်းက ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲမှာ ပြန်လာဖို့လိုနေပါပြီ။

မန်စီးတီးတို့ လိဂ်ပွဲစဉ်(၂)ပွဲဆက်တိုက်ရှုံးမယ်လို့ ကျွန်တော်မထင်ပါဘူး။

လီဗာပူးလ်နဲ့ပွဲတုန်းလိုပဲ မန်စီးတီးအသင်းက ယူနိုက်တက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားသွားဖို့ရှိနေပြီး (၃-၁)ဂိုးနဲ့နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်”ဆိုပြီးတော့ သုံးသပ်လိုက်ပါတယ်။

ပွဲစဉ်(၁၁)အစောပိုင်းပွဲဖြစ်တဲ့ ဆောက်သမ်တန်-ဗီလာပွဲကို (၁-၁)ဂိုးနဲ့သရေကျမယ်လို့ ခန့်မှန်းပြီး တလွဲနဲ့စဖွင့်ခဲ့တဲ့ အိုဝင်ရဲ့ မန်ချက်စတာဒါဘီခန့်မှန်းချက်က မှန်ကန်မလားဆိုတာ စောင့်ကြည့်ရမယ်။

အခုလောလောဆယ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ၂၀၁၇ နောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံကို ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးနဲ့ဘန်လေတို့ပွဲမှာတော့ အိုဝင်က ချယ်လ်ဆီးအသင်းနဲ့အတူစွန့်စားဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးတို့(၂-၀)ဂိုးနဲ့နိုင်မယ်ဆိုပြီးတော့ ဆရာကြီးအိုဝင်က ခန့်မှန်းထားပြီး ဒီနှစ်သင်းခြေစွမ်းပိုင်းအရလည်း အိမ်ရှင်အသင်းအနိုင်ရဖို့မခက်ပါဘူး။

ရာသီအစပိုင်းမှာရုန်းကန်ခဲ့ရပြီးနောက်ပိုင်းကတည်းက တောက်လျှောက်ခြေတက်နေတဲ့ အာဆင်နယ်နဲ့ ၀ါရင့်နည်းပြကြီးရာနီရေးရီရဲ့ဝက်ဖို့ဒ်တို့ဆုံတွေ့မယ့်ပွဲမှာတော့ အိုဝင်က ပြီးခဲ့တဲ့တစ်ပတ်ကလို အရှက်မကွဲရအောင် အာဆင်နယ်ကို(၃-၁)ဂိုးနဲ့အနိုင်ပေးထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က လက်စတာနဲ့အာဆင်နယ်ပွဲမှာ လက်စတာနိုင်မယ်လို့ ‘ဂျင်း’ထည့်ခဲ့တဲ့ အိုဝင် အခုတစ်ပတ်မှာတော့ အာဆင်နယ်ကိုရွေးချယ်ပြီး ချိုချဉ်ပြန်ကျွေးလိုက်ပြန်ပါပြီ။

ထူးဆန်းတာက အဲဗာတန်-စပါးပွဲမှာ အဲဗာတန်နိုင်မယ်လို့ ရွေးထားတာပါပဲ။

နည်းပြသစ်ကွန်တီနဲ့ တာထွက်လာမယ့် စပါးအသင်းကို အိုဝင်က ယုံကြည်မှုမရှိဘဲ အဲဗာတန်ပဲ (၂-၁)ဂိုးနဲ့နိုင်မယ်လို့ဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်း-လီဗာပူးလ်ပွဲမှာ အိုဝင်က သူ့အသင်းဟောင်း လီဗာပူးလ်(၂-၁)ဂိုးနဲ့နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်(၄)ပွဲဆက်နိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံမှာလည်း ရလဒ်ကောင်းနေပြီး

လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်ကို မထင်မှတ်ဘဲသရေကျခဲ့တဲ့အပြင် ဒဏ်ရာရကစားသမားတချို့ရှိနေလို့ ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ပ့ါမလားဆိုတာ စဉ်းစားစရာပါပဲ . . .

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် အိုဝင်ရဲ့ခန့်မှန်းချက်များ

Game to end in a 1-1 draw (Southampton v Aston Villa)

Manchester City to win 3-1 (Manchester United v Manchester City)

Brentford to win 2-1 (Brentford v Norwich City)

Chelsea to win 2-0 (Chelsea v Burnley)

Crystal Palace to win 2-1 (Crystal Palace v Wolverhampton Wanderers)

Brighton to win 1-0 (Brighton v Newcastle United)

Arsenal to win 3-1 (Arsenal v Watford)

Everton to win 2-1 (Everton v Tottenham Hotspur)

Leicester City 3-1 (Leeds United v Leicester City)

Liverpool 2-1 (West Ham United v Liverpool)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အခုေနာက္ပိုင္း ယူႏိုက္တက္ပြဲေတြနဲ႔’လမိုင္းကပ္’ေနတဲ့ အိုဝင္က မန္စီးတီးႏိုင္မယ္လို႔ခန႔္မွန္းလိုက္ၿပီ..

ထိုးသားေတြကို မထင္ရင္မထင္သလို ‘ဂ်င္း’အႀကီးႀကီးေကြၽးေလ့ရွိတဲ့ ဆရာႀကီးအိုဝင္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အတြက္ ခန႔္မွန္းခ်က္ေတြေပၚထြက္လာပါၿပီ။ အခုေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္ပြဲေတြကို ခန႔္မွန္းရင္ မွန္ေလ့ရွိတဲ့ အိုဝင္က ဒီတစ္ပတ္မန္ခ်က္စတာဒါဘီပြဲမွာ အိမ္ရွင္အသင္းကို ျငင္းပယ္ၿပီးေတာ့ မန္စီးတီးအသင္းဘက္က ခပ္တည္တည္ပဲရပ္တည္လိုက္ပါတယ္။ ယူႏိုက္တက္-လီဗာပူးလ္ပြဲမွာ လီဗာပူးလ္၊ စပါး-ယူႏိုက္တက္ပြဲမွာ ယူႏိုက္တက္တို႔ကိုေ႐ြးခ်ယ္ခဲ့တဲ့ အိုဝင္ရဲ႕’ၾကက္’ေတြကို နည္းနည္းေတာ့ေလးစားရမွာျဖစ္ၿပီး မ႐ိုမေသသြားလုပ္ရင္ အကိုင္ခံရမွာပါ။

အိုဝင္က “စပါးနဲ႔ပြဲမွာ ဆိုးလ္ရွားဟာနည္းဗ်ဴဟာအေျပာင္းအလဲနဲ႔အတူ ႏိုင္ပြဲရယူခဲ့တဲ့အတြက္ ခ်ီးက်ဴးစရာပါပဲ။ သူ႔အေပၚ ဖိအားေတြဆက္ရွိေနဆဲဆိုေပမယ့္ အဲဒီႏိုင္ပြဲေၾကာင့္ အတိုင္းအတာတစ္ခုအထိ ေလ်ာ့က်သြားေစပါတယ္။ မန္စီးတီးအသင္းက ပဲေလ့စ္ကို ရႈံးနိမ့္ခဲ့တဲ့အတြက္ အခုပြဲမွာ ျပန္လာဖို႔လိုေနပါၿပီ။ မန္စီးတီးတို႔ လိဂ္ပြဲစဥ္(၂)ပြဲဆက္တိုက္ရႈံးမယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ လီဗာပူးလ္နဲ႔ပြဲတုန္းလိုပဲ မန္စီးတီးအသင္းက ယူႏိုက္တက္ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားသြားဖို႔ရွိေနၿပီး (၃-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ကြၽန္ေတာ္ထင္ပါတယ္”ဆိုၿပီးေတာ့ သုံးသပ္လိုက္ပါတယ္။ ပြဲစဥ္(၁၁)အေစာပိုင္းပြဲျဖစ္တဲ့ ေဆာက္သမ္တန္-ဗီလာပြဲကို (၁-၁)ဂိုးနဲ႔သေရက်မယ္လို႔ ခန႔္မွန္းၿပီး တလြဲနဲ႔စဖြင့္ခဲ့တဲ့ အိုဝင္ရဲ႕ မန္ခ်က္စတာဒါဘီခန႔္မွန္းခ်က္က မွန္ကန္မလားဆိုတာ ေစာင့္ၾကည့္ရမယ္။

အခုေလာေလာဆယ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ထားၿပီး ၂၀၁၇ ေနာက္ပိုင္းေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံကို ပစ္မွတ္ထားေနတဲ့ ခ်ယ္လ္ဆီးနဲ႔ဘန္ေလတို႔ပြဲမွာေတာ့ အိုဝင္က ခ်ယ္လ္ဆီးအသင္းနဲ႔အတူစြန႔္စားဖို႔ ဆုံးျဖတ္ထားပါတယ္။ ဒီပြဲမွာ ခ်ယ္လ္ဆီးတို႔(၂-၀)ဂိုးနဲ႔ႏိုင္မယ္ဆိုၿပီးေတာ့ ဆရာႀကီးအိုဝင္က ခန႔္မွန္းထားၿပီး ဒီႏွစ္သင္းေျခစြမ္းပိုင္းအရလည္း အိမ္ရွင္အသင္းအႏိုင္ရဖို႔မခက္ပါဘူး။

ရာသီအစပိုင္းမွာ႐ုန္းကန္ခဲ့ရၿပီးေနာက္ပိုင္းကတည္းက ေတာက္ေလွ်ာက္ေျခတက္ေနတဲ့ အာဆင္နယ္နဲ႔ ၀ါရင့္နည္းျပႀကီးရာနီေရးရီရဲ႕ဝက္ဖို႔ဒ္တို႔ဆုံေတြ႕မယ့္ပြဲမွာေတာ့ အိုဝင္က ၿပီးခဲ့တဲ့တစ္ပတ္ကလို အရွက္မကြဲရေအာင္ အာဆင္နယ္ကို(၃-၁)ဂိုးနဲ႔အႏိုင္ေပးထားပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က လက္စတာနဲ႔အာဆင္နယ္ပြဲမွာ လက္စတာႏိုင္မယ္လို႔ ‘ဂ်င္း’ထည့္ခဲ့တဲ့ အိုဝင္ အခုတစ္ပတ္မွာေတာ့ အာဆင္နယ္ကိုေ႐ြးခ်ယ္ၿပီး ခ်ိဳခ်ဥ္ျပန္ေကြၽးလိုက္ျပန္ပါၿပီ။

ထူးဆန္းတာက အဲဗာတန္-စပါးပြဲမွာ အဲဗာတန္ႏိုင္မယ္လို႔ ေ႐ြးထားတာပါပဲ။ နည္းျပသစ္ကြန္တီနဲ႔ တာထြက္လာမယ့္ စပါးအသင္းကို အိုဝင္က ယုံၾကည္မႈမရွိဘဲ အဲဗာတန္ပဲ (၂-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ဆိုခဲ့ပါတယ္။ ဝက္စ္ဟမ္း-လီဗာပူးလ္ပြဲမွာ အိုဝင္က သူ႔အသင္းေဟာင္း လီဗာပူးလ္(၂-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ ခန႔္မွန္းထားေပမယ့္ ဝက္စ္ဟမ္းက ပရီးမီးယားလိဂ္(၄)ပြဲဆက္ႏိုင္ခဲ့တဲ့အျပင္ ၿပိဳင္ပြဲစုံမွာလည္း ရလဒ္ေကာင္းေနၿပီး လီဗာပူးလ္အသင္းက ၿပီးခဲ့တဲ့တစ္ပတ္က ဘ႐ိုက္တန္ကို မထင္မွတ္ဘဲသေရက်ခဲ့တဲ့အျပင္ ဒဏ္ရာရကစားသမားတခ်ိဳ႕ရွိေနလို႔ ဝက္စ္ဟမ္းကို အႏိုင္ယူႏိုင္ပ့ါမလားဆိုတာ စဥ္းစားစရာပါပဲ . . .

ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အတြက္ အိုဝင္ရဲ႕ခန႔္မွန္းခ်က္မ်ား

Game to end in a 1-1 draw (Southampton v Aston Villa)

Manchester City to win 3-1 (Manchester United v Manchester City)

Brentford to win 2-1 (Brentford v Norwich City)

Chelsea to win 2-0 (Chelsea v Burnley)

Crystal Palace to win 2-1 (Crystal Palace v Wolverhampton Wanderers)

Brighton to win 1-0 (Brighton v Newcastle United)

Arsenal to win 3-1 (Arsenal v Watford)

Everton to win 2-1 (Everton v Tottenham Hotspur)

Leicester City 3-1 (Leeds United v Leicester City)

Liverpool 2-1 (West Ham United v Liverpool)