အခုတော့ နည်းပြ တူချယ်လ်အတွက် အရှူံးဆိုတာ ဘာလဲ

နည်းပြတူချယ်လ်လက်အောက်မှာ ချယ်လ်ဆီးအသင်းဟာ အက်ဖ်အေဖလားပဉ္စမအဆင့်မှာလည်း ဘန်စလေကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါပြီ။တူချယ်လ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ပွဲတွေမှာ အသင်းကို ပေးဂိုးတစ်ဂိုးတည်းသာရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တောက်လျှောက်နိုင်ပွဲဆက်စေခဲ့တာဖြစ်ပါတယ်။

နည်းပြအသစ်တူချယ်လ်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားများရဲ့ ကြိုးစားအားထုတ်မှုအပေါ် ကျေနပ်အားရနေပြီး အသင်းလူငယ်အကယ်ဒမီကို အသင်းရဲ့အဓိကကျောရိုးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါသေးတယ်။

ဘန်စလေကိုအနိုင်ရခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းလူငယ်အကယ်ဒမီထွက်တွေဖြစ်တဲ့ ရီစီဂျိန်းစ့်နဲ့ဂီလ်မောတို့ ဖန်တီးပေးမှုကတစ်ဆင့် လူငယ်ကစားသမားအေဘရာဟမ် ဂိုးသွင်းယူနိုင်ပြီးနောက် လူငယ်အကယ်ဒမီထွက်ကစားသမားတွေအပေါ် နည်းပြက ယုံကြည်မှုအပြည့်ရှိလာတာပါ။

နည်းပြတူချယ်လ်က ” ပွဲအစမှာ ကျွန်တော်တို့ခက်ခဲစွာ ကစားခဲ့ရတယ်။ နောက်တော့ ဒုတိယပိုင်းမှာ ပိုကောင်းလာပြီး ဖိအားတွေကနေ ရုန်းထွက်ဖို့ အကူအညီဖြစ်စေမယ့် ကစားဟန်ကို ပြောင်းလဲလိုက်တော့ လွယ်ကူလာခဲ့ပါတယ်။” “လူငယ်အကယ်ဒမီဟာအသင်းရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းဆိုတာအမြဲတမ်းယုံကြည်ထားပါတယ်။ လူငယ်အသင်းကနေ စီနီယာအသင်းကြီးကိုရောက်ရှိလာတဲ့ ကစားသမားတွေဟာ အသင်းအတွက် ပိုမိုကောင်းမွန်စွာကစားနိုင်ပါတယ်။”

“သူတို့တွေဟာ ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာရှိနေတဲ့အတွက် အသင်းအပေါ်ဂရုစိုက်မှုရှိပါတယ်။ တစ်ခါတစ်ရံမှာ လူငယ်ကစားသမားတွေကို အခြားအသင်းတွေထံ အငှားချခဲ့ပါတယ်။ အဲဒါဟာလူငယ်ကစားသမားတွေအတွက် စိန်ခေါ်မှုတွေကိုတွေ့ကြုံစေဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Zawgyi

အခုေတာ့ နည္းျပ တူခ်ယ္လ္အတြက္ အရႉံးဆိုတာ ဘာလဲ

နည္းျပတူခ်ယ္လ္လက္ေအာက္မွာ ခ်ယ္လ္ဆီးအသင္းဟာ အက္ဖ္ေအဖလားပၪၥမအဆင့္မွာလည္း ဘန္စေလကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ခဲ့ပါၿပီ။တူခ်ယ္လ္ဟာ သူကိုင္တြယ္ခဲ့တဲ့ ပြဲေတြမွာ အသင္းကို ေပးဂိုးတစ္ဂိုးတည္းသာရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ေတာက္ေလွ်ာက္ႏိုင္ပြဲဆက္ေစခဲ့တာျဖစ္ပါတယ္။

နည္းျပအသစ္တူခ်ယ္လ္ကအသင္းမွာရွိတဲ့ လူငယ္ကစားသမားမ်ားရဲ႕ႀကိဳးစားအားထုတ္မႈအေပၚေက်နပ္အားရေနၿပီးအသင္းလူငယ္အကယ္ဒမီကိုအသင္းရဲ႕အဓိကေက်ာ႐ိုးျဖစ္ေအာင္လုပ္ေဆာင္သြားမယ္လို႔ေျပာဆိုထားပါေသးတယ္။ ဘန္စေလကိုအႏိုင္ရခဲ့တဲ့ပြဲမွာခ်ယ္လ္ဆီးအသင္းလူငယ္အကယ္ဒမီထြက္ေတြျဖစ္တဲ့ရီစီဂ်ိန္းစ့္နဲ႔ဂီလ္ေမာတို႔ ဖန္တီးေပးမႈကတစ္ဆင့္လူငယ္ကစားသမားေအဘရာဟမ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္လူငယ္အကယ္ဒမီထြက္ကစားသမားေတြအေပၚ နည္းျပက ယုံၾကည္မႈအျပည့္ရွိလာတာပါ။

နည္းျပတူခ်ယ္လ္က ” ပြဲအစမွာ ကြၽန္ေတာ္တို႔ခက္ခဲစြာ ကစားခဲ့ရတယ္။ ေနာက္ေတာ့ ဒုတိယပိုင္းမွာ ပိုေကာင္းလာၿပီး ဖိအားေတြကေန ႐ုန္းထြက္ဖို႔ အကူအညီျဖစ္ေစမယ့္ ကစားဟန္ကို ေျပာင္းလဲလိုက္ေတာ့ လြယ္ကူလာခဲ့ပါတယ္။” “လူငယ္အကယ္ဒမီဟာအသင္းရဲ႕အ​ေရးႀကီးတဲ့ အစိတ္အပိုင္းဆိုတာအၿမဲတမ္းယုံၾကည္ထားပါတယ္။လူငယ္အသင္းကေနစီနီယာအသင္းႀကီးကိုေရာက္ရွိလာတဲ့ကစားသမားေတြဟာအသင္းအတြက္ပိုမိုေကာင္းမြန္စြာကစားႏိုင္ပါတယ္။” “သူတို႔ေတြဟာခ်ယ္လ္ဆီးအသင္းမွာႏွစ္ေပါင္းမ်ားစြာရွိေနတဲ့အတြက္အသင္းအေပၚဂ႐ုစိုက္မႈရွိပါတယ္။တစ္ခါတစ္ရံမွာလူငယ္ကစားသမားေတြကိုအျခားအသင္းေတြထံအငွားခ်ခဲ့ပါတယ္။အဲဒါဟာလူငယ္ကစားသမားေတြအတြက္စိန္ေခၚမႈေတြကိုေတြ႕ႀကဳံေစဖို႔ျဖစ္ပါတယ္”လို႔ေျပာပါတယ္။