
Photo Credit
နာမည်ကျော် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရိတ်ဘယ်လာမီက ယူနိုက်တက်အနေနဲ့ အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ စီးတီးနဲ့ လီဗာပူးတို့ရဲ့အဆင့်မျိုးရောက်ဖို့ အများကြီးလိုသေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားယူသွားပြီးချိန်ကတည်းက ပရီးမီးယားလိဂ်ဆုဖလားနဲ့ ဝေးကွာနေရပါတယ်။
Photo Credit
အဲဒီကာလအတွင်း စီးတီးက အမှတ်ပေးချန်ပီယံဆု ၃ကြိမ်အထိရရှိခဲ့သလို လီဗာပူးကလည်း ယမန်နှစ်ရာသီက ၆ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်ခဲ့ပြီးနောက် ဒီနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အတော်လေးနီးစပ်နေပါတယ်။ စီးတီးနဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဘယ်လာမီက ယူနိုက်တက်အနေနဲ့ အရင်လိုအဓိကဆုဖလားတွေ ပြန်ရဖို့အတွက် အချိန်လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
Photo Credit
”လက်ရှိအချိန်မှာ ယူနိုက်တက်အကြောင်း အကောင်းပြောဖို့ အချိန်ကောင်းပါပဲ။ အားလုံးကလည်း ယူနိုက်တက်ရဲ့ခြေစွမ်းကို ပြောနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ စီးတီး၊ လီဗာပူးတို့နဲ့ နီးနီးလေးကို ရောက်မလာသေးပါဘူး”
Photo Credit
”စီးတီးနဲ့ လီဗာပူးတို့က ဟန်ချက်မျှပြီး ဖိအားပေးတာနဲ့ သူတို့ဘာလုပ်နေလဲဆိုတာ သိနားလည်နိုင်စွမ်းတွေက အံ့မခန်းပါပဲ။ ဒီနှစ်သင်းနဲ့ ကျန် ၁၈သင်းကြား ကွာဟချက်က ကြီးမားနေပါတယ်”လို့ ဘယ်လာမီက ပြောပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လအတွင်း ပရီးမီးယားလိဂ်ပွဲတွေ မရပ်နားခင် ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
Photo Credit
စကော့တလန်လက်ရွေးစင်ဟော်း ဘယ်လာမီဟာ ကစားသမားဘဝက ဆဲလ်တစ်အသင်းနဲ့အတူ စကော့တလန်လိဂ်ဖလား၊ လီဗာပူးနဲ့အတူ အင်္ဂလန်လိဂ်ဖလားေတွေ ရရှိခဲ့ပါတယ်။
Photo Credit
Zawgyi
အခါးသီးဆုံးၿပိဳင္ဘက္ စီးတီးနဲ႔လီဗာပူးတုိ႔ရဲ႕အဆင့္မ်ိဳးေရာက္ဖို႔ ယူႏုိက္တက္ အမ်ားႀကီးလိုေသးတယ္လုိိ႔ ဘယ္လာမီ သုံးသပ္
နာမည္ေက်ာ္ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္း ခရိတ္ဘယ္လာမီက ယူႏိုက္တက္အေနနဲ႔ အခါးသီးဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့ စီးတီးနဲ႔ လီဗာပူးတို႔ရဲ႕အဆင့္မ်ိဳးေရာက္ဖို႔ အမ်ားႀကီးလုိေသးတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။ ယူႏုိက္တက္ဟာ ၂၀၁၃ ခုႏွစ္က ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ အနားယူသြားၿပီးခ်ိန္ကတည္းက ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ေ၀းကြာေနရပါတယ္။
အဲဒီကာလအတြင္း စီးတီးက အမွတ္ေပးခ်န္ပီယံဆု ၃ႀကိမ္အထိရရွိခဲ့သလို လီဗာပူးကလည္း ယမန္ႏွစ္ရာသီက ၆ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ဒီႏွစ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အေတာ္ေလးနီးစပ္ေနပါတယ္။ စီးတီးနဲ႔ လီဗာပူးတုိက္စစ္မွဴးေဟာင္း ဘယ္လာမီက ယူႏုိက္တက္အေနနဲ႔ အရင္လိုအဓိကဆုဖလားေတြ ျပန္ရဖို႔အတြက္ အခ်ိန္လိုအပ္ေနေသးတယ္လုိ႔ ေျပာပါတယ္။
”လက္ရွိအခ်ိန္မွာ ယူႏုိက္တက္အေၾကာင္း အေကာင္းေျပာဖုိ႔ အခ်ိန္ေကာင္းပါပဲ။ အားလုံးကလည္း ယူႏုိက္တက္ရဲ႕ေျခစြမ္းကို ေျပာေနပါတယ္။ ဒါေပမဲ့ ယူႏုိက္တက္ဟာ စီးတီး၊ လီဗာပူးတို႔နဲ႔ နီးနီးေလးကို ေရာက္မလာေသးပါဘူး”
”စီးတီးနဲ႔ လီဗာပူးတုိ႔က ဟန္ခ်က္မွ်ၿပီး ဖိအားေပးတာနဲ႔ သူတုိ႔ဘာလုပ္ေနလဲဆုိတာ သိနားလည္ႏိုင္စြမ္းေတြက အံ့မခန္းပါပဲ။ ဒီႏွစ္သင္းနဲ႔ က်န္ ၁၈သင္းၾကား ကြာဟခ်က္က ႀကီးမားေနပါတယ္”လုိ႔ ဘယ္လာမီက ေျပာပါတယ္။
ယူႏုိက္တက္ဟာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ မတ္လအတြင္း ပရီးမီးယားလိဂ္ပြဲေတြ မရပ္နားခင္ ထိပ္ဆုံး ၄သင္းစာရင္း၀င္ဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိ္န္မွာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။
စေကာ့တလန္လက္ေရြးစင္ေဟား္ ဘယ္လာမီဟာ ကစားသမားဘ၀က ဆဲလ္တစ္အသင္းနဲ႔အတူ စေကာ့တလန္လိဂ္ဖလား၊ လီဗာပူးနဲ႔အတူ အဂၤလန္လိဂ္ဖလားေေတြ ရရွိခဲ့ပါတယ္။