အခက်ခဲအကြမ်းတမ်းဆုံးအချိန်လို့ ဟယ်ရီကိန်းဖွင့်ဟ

PC ; Internet

“ ဘာတွေမှားနေသလဲဆိုတာ အတိအကျလက်ညှိုးထိုးပြောဖို့တော့ ခက်ပါတယ်။ဒီလိုပုံစံမျိုးတွေ့ကြုံရတဲ့ တစ်ခါတရံမှာ လမ်းကြောင်းတွေလည်းပျောက်ဆုံးတတ်ပါတယ်။သေချာတာကတော့ အားလုံးကိုနာကျင်စေတယ်ဆိုတာပါပဲ။တကယ်လို့ မနက်ဖြန်မှာ အနိုင်ရရင် ကျွန်တော်တို့ ပြန်လည်စတင်လာနိုင်ပါတယ်။လက်ရှိအနေအထားဟာ ဒီကို ကျွန်တော်စတင်ရောက်ရှိလာပြီးနောက်ပိုင်း အခက်ခဲဆုံးအချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ဒါဟာ နောက်ထပ်အခက်အခဲတစ်ခုပါ။နောက်ထပ် စိန်ခေါ်မှုတစ်ခုပါ။အောင်မြင်မှုဆိုတဲ့လမ်းကြောင်းက အမြဲတမ်းကြမ်းတမ်းပါတယ် ” လို့ ကြိတ်မနိုင်ခဲမရဆိုလာသူက စပါးတိုက်စစ်မှူးဟယ်ရီကိန်းပါ။

PC ; Internet

ဝက်ဖို့ဒ်နဲ့ ၁ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဖွင့်ဟသွားတာဖြစ်ပါတယ်။ဒါဟာ ပိုချက်တီနိုရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၃ပွဲဆက်နိုင်ပွဲပျောက်ခြင်းဖြစ်ခဲ့ပါတယ်။ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်-၇နေရာမှာရပ်တည်နေတဲ့စပါးဟာ အင်္ဂါညမှာ ဘဲလ်ဂရိတ်ကြယ်နီအသင်းနဲ့ ချန်ပီယံလိဂ်ကစားဖို့ရှိနေပါတယ်။အုပ်စု(B)မှာ ၂ပွဲကစား ၁မှတ်သာရထားတဲ့ သူတို့အတွက် အရေးပါတဲ့ပွဲလို့လည်းဆိုနိုင်ပါတယ်။လက်ရှိအနေအထားတွေကို ရှင်းပြဖို့ခက်ပေမဲ့ ရလဒ်ကောင်းရရှိရေးသာ အသင်းရဲ့အနေအထားကို ပြောင်းလဲပေးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းလို့ အင်္ဂလန်တိုက်စစ်မှူးက ယုံကြည်ထားပါတယ်။

PC ; Internet

“ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ရမှတ်တွေနည်းခဲ့တဲ့အတွေ့အကြုံရှိခဲ့ဖူးတာပါပဲ။ပြီးတော့ ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကြိုးစားမှုရဲ့ရလဒ်တွေအကြောင်း ကျွန်တော်တို့သဘောပေါက်ပြီးသားပါ။ယုံကြည်မှုရှိရှိနဲ့ အတူတကွတိုက်ပွဲဝင်သွားမှာပါ ” လို့ စပါးတိုက်စစ်မှူးက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

ဒါ့အပြင် စပါးကစားသမားတွေဟာ နည်းပြပိုချက်တီနိုရဲ့အချိန်ပိုမောင်းနှင်မှုတွေကြောင့် ပင်ပန်းနေကြတယ်ဆိုတဲ့သတင်းတွေကိုလည်း ဟယ်ရီကိန်းကငြင်းဆန်သွားပါတယ်။

(zawgyi)

“ ဘာေတြမွားေနသလဲဆိုတာ အတိအက်လက္ညိွဳးထိုးေျပာဖို႔ေတာ့ ခက္ပါတယ္။ဒီလိုပံုစံမ်ိဳးေတြ႔ႀကံဳရတဲ့ တစ္ခါတရံမွာ လမ္းေၾကာင္းေတြလည္းေပ်ာက္ဆံုးတတ္ပါတယ္။ေသခ်ာတာကေတာ့ အားလံုးကိုနာက်င္ေစတယ္ဆိုတာပါပဲ။တကယ္လို႔ မနက္ျဖန္မွာ အႏိုင္ရရင္ ကၽြန္ေတာ္တို႔ ျပန္လည္စတင္လာႏိုင္ပါတယ္။လက္ရွိအေနအထားဟာ ဒီကို ကၽြန္ေတာ္စတင္ေရာက္ရွိလာၿပီးေနာက္ပိုင္း အခက္ခဲဆံုးအခ်ိန္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ ဒါဟာ ေနာက္ထပ္အခက္အခဲတစ္ခုပါ။ေနာက္ထပ္ စိန္ေခၚမႈတစ္ခုပါ။ေအာင္ျမင္မႈဆိုတဲ့လမ္းေၾကာင္းက အၿမဲတမ္းၾကမ္းတမ္းပါတယ္ ” လို႔ ႀကိတ္မႏိုင္ခဲမရဆိုလာသူက စပါးတိုက္စစ္မွဴးဟယ္ရီကိန္းပါ။၀က္ဖို႔ဒ္နဲ႔ ၁ဂိုးစီသေရက်တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အၿပီးမွာ ဖြင့္ဟသြားတာျဖစ္ပါတယ္။ဒါဟာ ပိုခ်က္တီႏိုရဲ႕အသင္းအတြက္ ၿပိဳင္ပြဲစံု ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ျခင္းျဖစ္ခဲ့ပါတယ္။ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္-၇ေနရာမွာရပ္တည္ေနတဲ့စပါးဟာ အဂၤါညမွာ ဘဲလ္ဂရိတ္ၾကယ္နီအသင္းနဲ႔ ခ်န္ပီယံလိဂ္ကစားဖို႔ရွိေနပါတယ္။အုပ္စု(B)မွာ ၂ပြဲကစား ၁မွတ္သာရထားတဲ့ သူတို႔အတြက္ အေရးပါတဲ့ပြဲလို႔လည္းဆိုႏိုင္ပါတယ္။လက္ရွိအေနအထားေတြကို ရွင္းျပဖို႔ခက္ေပမဲ့ ရလဒ္ေကာင္းရရွိေရးသာ အသင္းရဲ႕အေနအထားကို ေျပာင္းလဲေပးႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းလို႔ အဂၤလန္တိုက္စစ္မွဴးက ယံုၾကည္ထားပါတယ္။“ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္မွာ ကၽြန္ေတာ္တို႔ ရမွတ္ေတြနည္းခဲ့တဲ့အေတြ႔အႀကံဳရွိခဲ့ဖူးတာပါပဲ။ၿပီးေတာ့ ကၽြန္ေတာ္တို႔လုပ္ႏိုင္ခဲ့ပါတယ္။ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ႀကိဳးစားမႈရဲ႕ရလဒ္ေတြအေၾကာင္း ကၽြန္ေတာ္တို႔သေဘာေပါက္ၿပီးသားပါ။ယံုၾကည္မႈရွိရွိနဲ႔ အတူတကြတိုက္ပြဲ၀င္သြားမွာပါ ” လို႔ စပါးတိုက္စစ္မွဴးက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။ဒါ့အျပင္ စပါးကစားသမားေတြဟာ နည္းျပပိုခ်က္တီႏိုရဲ႕အခ်ိန္ပိုေမာင္းႏွင္မႈေတြေၾကာင့္ ပင္ပန္းေနၾကတယ္ဆိုတဲ့သတင္းေတြကိုလည္း ဟယ္ရီကိန္းကျငင္းဆန္သြားပါတယ္။