
Photo Credit
Photo Credit
ဒီဇင်ဘာလ ၁ရက်နေ့က ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းအတွင်း ပွဲပြီးခါနီးမှာ အိမ်ရှင်အက်သလက်တီကိုအသင်းဘက် မက်ဆီ ဦးဆောင်တဲ့ဘာစီလိုနာအသင်း တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ မြေကြီးလက်ခတ်မလွဲဖြစ်လာမယ့်အကြောင်းကိစ္စက အတော်လေးထင်သာမြင်သာရှိခဲ့ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီလည်း သိပါတယ်။ သူ့နောက်ခံလူတွေလည်း အဲဒီအတိုင်းပါပဲ။ အရင်တုန်းကလည်း ဒီလိုပုံစံမျိုး သူတို့ မြင်တွေ့ခဲ့ပြီးပြီ။ ဒါပေမဲ့ မက်ဆီရဲ့တန်ပြန်တိုက်စစ်ဆင်မှုကို တားဆီးဖို့ သူတို့မှာ အခုချိန်အထိ အဖြေရှာနေရဆဲဖြစ်ပါတယ်။
Photo Credit
အဲဒီအချိန်မှာ မက်ဆီက ညာဘက်အခြမ်းမှာ ဘောလုံးလက်ခံရယူပါတယ်။ အဲဒီနောက် အသင်းဖော်တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ အပေးအယူပြုလုပ်ကာ မဖြစ်နိုင်တဲ့အနေအထားကနေ ထောင့်ကျဉ်းထဲ ကန်သွင်းလိုက်ပါတယ်။ ဆီမြွန်နီလည်း မျက်နှာရှုံ့မဲ့သွားပြီး ဘာစီလိုနာအသင်း အောင်ပွဲခံနေတာကို ကျောပေးကာ ပခုံးနှစ်ဘက်ကို တွန့်လိုက်ပါတယ်။ ပြီးတော့ လက်ခုပ်တီးလိုက်ပါတယ်။ အဲဒီပွဲအပြီးမှာတော့ အာဂျင်တီးနားနိုင်ငံသား ဆီမြွန်နီက ”တစ်ခါတလေမှာ ကိုယ်လုပ်နိုင်တာအားလုံးက လက်ခုပ်တီးဂုဏ်ပြုဖို့ပါပဲ”လု့ိ ပြောခဲ့ပါတယ်။
Photo Credit
အဲဒီပွဲအပြီး ၂၄နာရီအကြာမှာလည်း ၆ကြိမ်မြောက် ရွှေဘောလုံးဆုရရှိခဲ့တဲ့မက်ဆီကို ကမ္ဘာ့ဘောလုံးလောကသားတွေက ဝိုင်းဝန်းချီးကျူးခဲ့ပါတယ်။ ပြီးခဲ့ဲတဲ့ရာသီက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက်က ၂၀၀၆ ခုနှစ်က အီတလီအသင်းခေါင်းဆောင် ကန်နာဗားရိုးနောက်ပိုင်း ရွှေဘောလုံးဆုရရှိတဲ့ ပထမဆုံးနောက်ခံလူဖြစ်လာဖို့ သုံးသပ်ချက်တွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်အနေနဲ့ မက်ဆီနဲ့တန်းတူအနေအထားမှာမရှိတာတော့ အမှန်ပါပဲ။
Photo Credit
ဒါပေမဲ့ အဲဒါဆိုရင် ဘယ်သူက မက်ဆီနဲ့တန်းတူအနေအထားမှာရှိနေလဲဆိုတဲ့မေးခွန်းက ထွက်ပေါ်လာပါတယ်။ အောက်တိုဘာလ ၂၉ရက်နေ့က ဗယ်လာဒိုလစ်အသင်းကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘစီလိုနာအသင်းအတွက် ၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် အေအက်စ်သတင်းစာမှာ ဟာဗီးယားမီဂွယ်က ”ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူ့ရဲ့အရည်အသွေးက ပြိုင်ဘက်ကင်းပါပဲ။ ဘယ်သူကမှ မက်ဆီနဲ့အတူ တစ်စားပွဲတည်းထိုင်စားလို့မရပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒိုကတော့ အချိုပွဲနဲ့ ကော်ဖီတစ်ခွက်လောက် စားနိုင်၊ သောက်နိုင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
Photo Credit
လက်ရှိမျိုးဆက်မှာ မက်ဆီ-ရော်နယ်ဒို အငြင်းအခုန်က ဘယ်တော့မှမပြီးဆုံးမယ့်ကိစ္စဖြစ်ပြီး တကယ်လည်း ဘောလုံးလောကကြီးက တကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ကစားသမားနှစ်ဦးကို မွေးထုတ်ပေးထားပါတယ်။ မက်ဆီကိုယ်တိုင်က ၂၀၁၇ ရွှေဘောလုံးဆုပေးပွဲမှာ အကောင်းဆုံးဆုရရှိခဲ့တဲ့ ရော်နယ်ဒိုတစ်ယောက် သူနဲ့အတူ ရွှေဘောလုံးဆု ၅ကြိမ် တူညီသွားခဲ့ပြီးနောက် အနည်းငယ်နာကျင်ခံစားခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။ မက်ဆီရဲ့အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားနောက်ထပ်ရရှိရေးအဖြစ် ဆက်လက်ရှိနေတာမှန်ပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ရေးကလည်း အကြီးမားဆုံးဆန္ဒဖြစ်နေပါတယ်။
Photo Credit
ဒါပေမဲ့ လက်ရှိအချိန်မှာတေ့ သူက အဲဒီအချက်မှန်ကန်ကြောင်း သက်သေပြထားပါတယ်။ ရော်နယ်ဒိုလိုပဲ မက်ဆီက သွင်းဂိုးတွေအတွက် အာမခံချက်ရှိပေမယ့် သူက အများကြီးပိုပါတယ်။ ”ကျွန်တော်က ရော်နယ်ဒိုရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပေမယ့် မက်ဆီရဲ့ကစားပုံကို ကြည့်ရင်းနဲ့ ပျော်ရွှင်တဲ့ခံစားချက် ဖြစ်ပေါ်လာပါတယ်။ မက်ဆီက ပွဲတစ်ပွဲမှာ ပွဲကြည့်ပရိသတ်တွေကို ထိုင်ခုံကနေ ၄၊ ၅ခါလောက် ထလာအောင် စွမ်းဆောင်နိုင်ပါတယ်။ မာရာဒိုနာထက် ပိုကောင်းတဲ့ကစားသမားမြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှမတွေးဖူးပါဘူး။ မာရာဒိုနာက တကယ့်ကိုမယုံနိုင်စရာကောင်းတဲ့ကစားသမားဖြစ်ပြီး သူ့ကို အများကြီး အံ့သြလေးစားမိသလို အဲဒီခေတ်တုန်းက လူတိုင်းလည်း ကျွန်တော့်လိုခံစားရမှာသေချာပါတယ်။ မက်ဆီက မာရာဒိုနာလုပ်ဆောင်နိုင်တဲ့အရာမှန်သမျှ လုပ်ဆောင်နိုင်သလို အဲဒီထက်တောင် ပိုလုပ်နိုင်ပါသေးတယ်။ သူ့ရဲ့ဂိုးသွင်းနှုန်းကလည်း တစ်ပွဲပျမ်းမျှ ၁ဂိုးနှုန်းနီးပါးရှိပါတယ်။ ဒီနေရာမှာ မာရာဒိုနာကတော့ ၂ပွဲ၁ဂိုးနှုန်းလောက်ပဲသွင်းနိုင်ခဲ့ပါတယ်”
Photo Credit
”အဲဒီခေတ်တုန်းကတော့ မာရာဒိုနာရဲ့ဂိုးသွင်းနှုန်းက အရမ်းကောင်းတဲ့နှုန်းဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဂိုးသွင်းရတာ နည်းနည်းပိုလွယ်လာပါတယ်။ ဒါပေမဲ့ မက်ဆီက တစ်ဦးချင်းကျော်ဖြတ်နိုင်မှုမှာလည်း အကောင်းဆုံးပါပဲ။ ကျွန်တော်မြင်ဖူးသမျှကစားသမားတွေထဲမှာ အကောင်းဆုံးတစ်ဦးချင်းကျော်ဖြတ်နိုင်သူဖြစ်ပြီး ဘောလုံးပေးပို့တာကလည်း မြင်ဖူးသမျှ အကောင်းဆုံးပါပဲ။ မာရာဒိုနာကလည်း တစ်ဦးချင်းကျော်ဖြတ်မှုတွေ၊ ဘောလုံးပေးပို့မှုတွေမှာ ကြီးကျယ်တဲ့အရည်အချင်းပိုင်ဆိုင်ခဲ့ပေမယ့် မက်ဆီကတော့ အဲဒီလိုအရည်အချင်းမျိုးကို တစ်ပုံစံတည်းနဲ့ ၁၅နှစ်လောက် ထိန်းသိမ်းလာသူပါ။ တကယ့်ကို ထူးခြားလွန်းတဲ့အရည်အသွေးပါပဲ”လို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီလိုင်နီကာက ပြောဖူးပါတယ်။
Photo Credit
ပီးယားစ်မော်ဂန်အပါအဝင် ရော်နယ်ဒိုပရိသတ်တွေကတော့ သူတု့ိရဲ့သူရဲကောင်းက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်တယ်လို့ အခိုင်အမာဆိုနေပေမယ့် လေ့လာအကဲခတ်သူအများစုကတော့ သမိုင်းတစ်လျှောက်ထာဝရအကြီးကျယ်ဆုံးကစားသမားစာရင်းမှာ မက်ဆီရဲ့နေရာက အခိုင်အမာတည်ရှိနေတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုကလည်း ဒီအငြင်းအခုန်ထဲကို ပြီးခဲ့တဲ့သောကြာနေ့က ဝင်လာပါတယ်။ ”မက်ဆီက သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားမဟုတ်ပေမယ့် သူ့ခေတ်မှာတော့ အကောင်းဆုံးပါ။ ကျွန်တော်ကတော့ နှိုင်းယှဉ်တာမျိုးကို သဘောမကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းမှတ်တမ်းထဲမှာ ဘယ်သူအကောင်းဆုံးလဲဆိုတာ ပြောဖို့ ခက်လို့ပါ။ အဲဒီမှာ မာရာဒိုနာ၊ ပီလီနဲ့ ဘရာဇီးသား ရော်နယ်ဒိုတို့ရှိပါတယ်”လို့ ရော်နယ်ဒင်ဟိုက ပြောပါတယ်။
Photo Credit
ရော်နယ်ဒင်ဟိုအနေနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းကို အကောင်းဆုံးအဖြစ် နံပါတ် ၁နေရာမှာ ထားဖို့ အရမ်းလွယ်ကူပေမယ့် သူကတော့ တကယ့်ကိုကောင်းမွန်တဲ့မေးခွန်းတစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ခေတ်တွေကမတူတဲ့အခါ အကောင်းဆုံးကစားသမားတွေကို နှိုင်းယှဉ်ဖို့ဆိုတာက ပိုမိုခက်ခဲလာပါတယ်။ ကစားပုံပိုမိုနှေးသလို ခံစစ်အသားပေးခေတ်တွေလည်း ရှိပါတယ်။ နောက်ဆုံး စည်းမျဉ်းဥပဒေတွေကအစ ကွာခြားပါတယ်။ နောက်ပြီး ဒီဘက်ခေတ်မှာ ကြံ့ခိုင်မှုအပိုင်းနဲ့ပတ်သက်လို့ နည်းပညာအကူအညီတွေ ပိုမိုရရှိလာတာ၊ ခြေစွမ်းကို ပိုမိုကူညီပေးနိုင်တဲ့စားသောက်မှုပုံစံတွေကလည်း အများကြီးရှိပါတယ်။
Photo Credit
ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၃ကြိမ်အထိရရှိခဲ့ဲတဲ့ ပီလီဟာ ဆန်းတို့စ်အသင်းကို ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတစ်သင်းအဖြစ် ပုံစံပြောင်းလဲနိုင်ခဲ့ပေမယ့် ကလပ်အသင်းအဆင့်အဖြစ် ဥရောပမှာ တစ်ခါမှမကစားခဲ့ဖူးသလို သူ့ရဲ့သွင်းဂိုးအများစုကလည်း အဆင့်နိမ့်တဲ့ပြည်တွင်းပြိုင်ပွဲတွေမှာ သွင်းယူနိုင်ခဲ့တာပါ။ မာရာဒိုနာက နာပိုလီအသင်းနဲ့အတူ စီးရီးအေဆုဖလား၊ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရရှိခဲ့ပေမယ့် ဘာစီလိုနာမှာ ရုန်းကန်ခဲ့ရတာက တကယ့်ကပ်ဆိုးတစ်ခုဖြစ်ခဲ့သလို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုကလည်း ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အမြင့်ဆုံးအဆင့်မှာ အချိန်ကြာကြီးမရပ်တည်နိုင်ခဲ့ပါဘူး။
Photo Credit
Total Football ရဲ့ဖခင်ကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ နယ်သာလန်ဂန္ထဝင် ယိုဟန်ခရိုက်ဖ်ကလည်း ကလပ်အသင်းအဆင့်မှာ အေဂျက်စ်နဲ့ဘာစီလိုနာအသင်းတွေကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရွေးစင်အဆင့်မှာတော့ အောင်မြင်မှုမရခဲ့ပါဘူး။ ဒီအချက်မှာ မက်ဆီအတွက်လည်း နာကျင်စရာကောင်းနေပါတယ်။ သူဟာ ကလပ်နဲ့လက်ရွေးစင်အသင်းတို့အတွက် ဂိုး ၇၀၀ နီးပါးသွင်းထားပေမယ့် အာဂျင်တီးနားနဲ့တော့ အောင်မြင်မှုမရရှိသေးပါဘူး။ ပီလီ၊ ခရိုက်ဖ်၊ မာရာဒိုနာ၊ ရော်နယ်ဒိုနဲ့ အခု မက်ဆီတို့ဟာ သူတို့ပါဝင်ကစားတဲ့ပွဲတွေကို နောက်တစ်ဆင့် ဆွဲခေါ်နိုင်တဲ့ဂန္ထဝင်တွေဖြစ်ပါတယ်။ သူတို့ဟာ သက်ဆိုင်ရာခေတ်တွေမှာ အံ့ဖွယ်စွမ်းဆောင်ရည်တွေနဲ့အတူ ပရိသတ်တွေကို အသီးသီးဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံး တစ်စားပွဲတည်းမှာ အတူတူစားသောက်ဖို့ ထိုက်တန်တယ်လို့ပဲ ဆိုရပါတော့မယ်။
Photo Credit
Zawgyi
အႀကီးက်ယ္ဆုံးစားပြဲမွာ တစ္၀ုိင္းတည္းထိုင္ေနသူမ်ား
ဒီဇင္ဘာလ ၁ရက္ေန႔က ၀မ္ဒါမက္ထ႐ိုပိုလီတာႏိုကြင္းအတြင္း ပဲြၿပီးခါနီးမွာ အိမ္ရွင္အက္သလက္တီကိုအသင္းဘက္ မက္ဆီ ဦးေဆာင္တဲ့ဘာစီလုိနာအသင္း တန္ျပန္တိုက္စစ္ဆင္လာခ်ိန္မွာ ေျမႀကီးလက္ခတ္မလြဲျဖစ္လာမယ့္အေၾကာင္းကိစၥက အေတာ္ေလးထင္သာျမင္သာရွိခဲ့ပါတယ္။ ဘာျဖစ္လာမလဲဆုိတာ အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီျမြန္နီလည္း သိပါတယ္။ သူ႕ေနာက္ခံလူေတြလည္း အဲဒီအတုိင္းပါပဲ။ အရင္တုန္းကလည္း ဒီလုိပုံစံမ်ိဳး သူတုိ႔ ျမင္ေတြ႕ခဲ့ၿပီးၿပီ။ ဒါေပမဲ့ မက္ဆီရဲ႕တန္ျပန္တုိက္စစ္ဆင္မႈကို တားဆီးဖုိ႔ သူတုိ႔မွာ အခုခ်ိန္အထိ အေျဖရွာေနရဆဲျဖစ္ပါတယ္။
အဲဒီအခ်ိန္မွာ မက္ဆီက ညာဘက္အျခမ္းမွာ ေဘာလုံးလက္ခံရယူပါတယ္။ အဲဒီေနာက္ အသင္းေဖာ္တုိက္စစ္မွဴး ဆြာရက္ဇ္နဲ႔ အေပးအယူျပဳလုပ္ကာ မျဖစ္ႏိုင္တဲ့အေနအထားကေန ေထာင့္က်ဥ္းထဲ ကန္သြင္းလုိက္ပါတယ္။ ဆီျမြန္နီလည္း မ်က္ႏွာ႐ံႈ႕မဲ့သြားၿပီး ဘာစီလုိနာအသင္း ေအာင္ပြဲခံေနတာကို ေက်ာေပးကာ ပခုံးႏွစ္ဘက္ကို တြန္႔လုိက္ပါတယ္။ ၿပီးေတာ့ လက္ခုပ္တီးလိုက္ပါတယ္။ အဲဒီပဲြအၿပီးမွာေတာ့ အာဂ်င္တီးနားႏိုင္ငံသား ဆီျမြန္နီက ”တစ္ခါတေလမွာ ကုိယ္လုပ္ႏိုင္တာအားလုံးက လက္ခုပ္တီးဂုဏ္ျပဳဖို႔ပါပဲ”လု႔ိ ေျပာခဲ့ပါတယ္။
အဲဒီပြဲအၿပီး ၂၄နာရီအၾကာမွာလည္း ၆ႀကိမ္ေျမာက္ ေရႊေဘာလုံးဆုရရွိခဲ့တဲ့မက္ဆီကို ကမၻာ့ေဘာလုံးေလာကသားေတြက ၀ုိင္း၀န္းခ်ီးက်ဴးခဲ့ပါတယ္။ ၿပီးခဲ့ဲတဲ့ရာသီက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့ရာမွာ အဓိကေနရာကေန ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဗန္ဒိုက္က ၂၀၀၆ ခုႏွစ္က အီတလီအသင္းေခါင္းေဆာင္ ကန္နာဗား႐ိုးေနာက္ပိုင္း ေရႊေဘာလုံးဆုရရွိတဲ့ ပထမဆုံးေနာက္ခံလူျဖစ္လာဖို႔ သုံးသပ္ခ်က္ေတြထြက္ေပၚခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ နယ္သာလန္လက္ေရြးစင္ ဗန္ဒိုက္အေနနဲ႔ မက္ဆီနဲ႔တန္းတူအေနအထားမွာမရွိတာေတာ့ အမွန္ပါပဲ။
ဒါေပမဲ့ အဲဒါဆိုရင္ ဘယ္သူက မက္ဆီနဲ႔တန္းတူအေနအထားမွာရွိေနလဲဆုိတ့ဲေမးခြန္းက ထြက္ေပၚလာပါတယ္။ ေအာက္တုိဘာလ ၂၉ရက္ေန႔က ဗယ္လာဒိုလစ္အသင္းကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘစီလုိနာအသင္းအတြက္ ၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ေအအက္စ္သတင္းစာမွာ ဟာဗီးယားမီဂြယ္က ”ပြဲအေပၚ လႊမ္းမုိးႏိုင္စြမ္းရွိတဲ့ သူ႕ရဲ႕အရည္အေသြးက ၿပိဳင္ဘက္ကင္းပါပဲ။ ဘယ္သူကမွ မက္ဆီနဲ႔အတူ တစ္စားပဲြတည္းထုိင္စားလုိ႔မရပါဘူး။ ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ အခ်ိဳပြဲနဲ႔ ေကာ္ဖီတစ္ခြက္ေလာက္ စားႏုိင္၊ ေသာက္ႏိုင္ပါတယ္”လုိ႔ ေရးသားခဲ့ပါတယ္။
လက္ရွိမ်ိဳးဆက္မွာ မက္ဆီ-ေရာ္နယ္ဒို အျငင္းအခုန္က ဘယ္ေတာ့မွမၿပီးဆုံးမယ့္ကိစၥျဖစ္ၿပီး တကယ္လည္း ေဘာလုံးေလာကႀကီးက တကယ့္ကိုအံ့အားသင့္စရာေကာင္းတဲ့ကစားသမားႏွစ္ဦးကို ေမြးထုတ္ေပးထားပါတယ္။ မက္ဆီကိုယ္တုိင္က ၂၀၁၇ ေရႊေဘာလုံးဆုေပးပြဲမွာ အေကာင္းဆံုးဆုရရွိခဲ့တဲ့ ေရာ္နယ္ဒိုတစ္ေယာက္ သူနဲ႔အတူ ေရႊေဘာလုံးဆု ၅ႀကိမ္ တူညီသြားခဲ့ၿပီးေနာက္ အနည္းငယ္နာက်င္ခံစားခဲ့ရတယ္လုိ႔ ၀န္ခံထားပါတယ္။ မက္ဆီရဲ႕အဓိကရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဖလားေနာက္ထပ္ရရွိေရးအျဖစ္ ဆက္လက္ရွိေနတာမွန္ေပမယ့္ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ ကုိယ့္ကိုယ္ကုိယ္ သက္ေသျပႏိုင္ေရးကလည္း အႀကီးမားဆုံးဆႏၵျဖစ္ေနပါတယ္။
ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတ့ သူက အဲဒီအခ်က္မွန္ကန္ေၾကာင္း သက္ေသျပထားပါတယ္။ ေရာ္နယ္ဒိုလုိပဲ မက္ဆီက သြင္းဂိုးေတြအတြက္ အာမခံခ်က္ရွိေပမယ့္ သူက အမ်ားႀကီးပိုပါတယ္။ ”ကၽြန္ေတာ္က ေရာ္နယ္ဒိုရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ေပမယ့္ မက္ဆီရဲ႕ကစားပုံကို ၾကည့္ရင္းနဲ႔ ေပ်ာ္ရႊင္တဲ့ခံစားခ်က္ ျဖစ္ေပၚလာပါတယ္။ မက္ဆီက ပြဲတစ္ပြဲမွာ ပြဲၾကည့္ပရိသတ္ေတြကို ထိုင္ခုံကေန ၄၊ ၅ခါေလာက္ ထလာေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ မာရာဒိုနာထက္ ပိုေကာင္းတဲ့ကစားသမားျမင္ေတြ႕ရလိမ့္မယ္လုိ႔ ကၽြန္ေတာ္ တစ္ခါမွမေတြးဖူးပါဘူး။ မာရာဒိုနာက တကယ့္ကုိမယုံႏိုင္စရာေကာင္းတဲ့ကစားသမားျဖစ္ၿပီး သူ႕ကို အမ်ားႀကီး အံ့ၾသေလးစားမိသလုိ အဲဒီေခတ္တုန္းက လူတုိင္းလည္း ကၽြန္ေတာ့္လိုခံစားရမွာေသခ်ာပါတယ္။ မက္ဆီက မာရာဒိုနာလုပ္ေဆာင္ႏိုင္တဲ့အရာမွန္သမွ် လုပ္ေဆာင္ႏိုင္သလုိ အဲဒီထက္ေတာင္ ပိုလုပ္ႏိုင္ပါေသးတယ္။ သူ႕ရဲ႕ဂိုးသြင္းႏႈန္းကလည္း တစ္ပြဲပ်မ္းမွ် ၁ဂိုးႏႈန္းနီးပါးရွိပါတယ္။ ဒီေနရာမွာ မာရာဒိုနာကေတာ့ ၂ပြဲ၁ဂိုးႏႈန္းေလာက္ပဲသြင္းႏိုင္ခဲ့ပါတယ္”
”အဲဒီေခတ္တုန္းကေတာ့ မာရာဒိုနာရဲ႕ဂိုးသြင္းႏႈန္းက အရမ္းေကာင္းတဲ့ႏႈန္းျဖစ္ခဲ့ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ ဂိုးသြင္းရတာ နည္းနည္းပိုလြယ္လာပါတယ္။ ဒါေပမဲ့ မက္ဆီက တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈမွာလည္း အေကာင္းဆံုးပါပဲ။ ကၽြန္ေတာ္ျမင္ဖူးသမွ်ကစားသမားေတြထဲမွာ အေကာင္းဆုံးတစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္သူျဖစ္ၿပီး ေဘာလုံးေပးပို႔တာကလည္း ျမင္ဖူးသမွ် အေကာင္းဆုံးပါပဲ။ မာရာဒိုနာကလည္း တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြ၊ ေဘာလုံးေပးပို႔မႈေတြမွာ ႀကီးက်ယ္တဲ့အရည္အခ်င္းပိုင္ဆုိင္ခဲ့ေပမယ့္ မက္ဆီကေတာ့ အဲဒီလုိအရည္အခ်င္းမ်ိဳးကို တစ္ပုံစံတည္းနဲ႔ ၁၅ႏွစ္ေလာက္ ထိန္းသိမ္းလာသူပါ။ တကယ့္ကို ထူးျခားလြန္းတဲ့အရည္အေသြးပါပဲ”လုိ႔ အဂၤလန္လက္ေရြးစင္ေဟာင္း ဂယ္ရီလုိင္နီကာက ေျပာဖူးပါတယ္။
ပီးယားစ္ေမာ္ဂန္အပါအ၀င္ ေရာ္နယ္ဒိုပရိသတ္ေတြကေတာ့ သူတု႔ိရဲ႕သူရဲေကာင္းက သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားျဖစ္တယ္လုိ႔ အခုိင္အမာဆုိေနေပမယ့္ ေလ့လာအကဲခတ္သူအမ်ားစုကေတာ့ သမုိင္းတစ္ေလွ်ာက္ထာ၀ရအႀကီးက်ယ္ဆုံးကစားသမားစာရင္းမွာ မက္ဆီရဲ႕ေနရာက အခုိင္အမာတည္ရွိေနတယ္လုိ႔ ဆိုပါတယ္။ ေရာ္နယ္ဒုိကလည္း ဒီအျငင္းအခုန္ထဲကို ၿပီးခဲ့တဲ့ေသာၾကာေန႔က ၀င္လာပါတယ္။ ”မက္ဆီက သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားမဟုတ္ေပမယ့္ သူ႕ေခတ္မွာေတာ့ အေကာင္းဆုံးပါ။ ကၽြန္ေတာ္ကေတာ့ ႏႈိင္းယွဥ္တာမ်ိဳးကို သေဘာမက်ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သမုိင္းမွတ္တမ္းထဲမွာ ဘယ္သူအေကာင္းဆံုးလဲဆိုတာ ေျပာဖို႔ ခက္လုိ႔ပါ။ အဲဒီမွာ မာရာဒိုနာ၊ ပီလီနဲ႔ ဘရာဇီးသား ေရာ္နယ္ဒိုတို႔ရွိပါတယ္”လုိ႔ ေရာ္နယ္ဒင္ဟုိက ေျပာပါတယ္။
ေရာ္နယ္ဒင္ဟိုအေနနဲ႔ ဘာစီလုိနာအသင္းေဖာ္ေဟာင္းကို အေကာင္းဆုံးအျဖစ္ နံပါတ္ ၁ေနရာမွာ ထားဖုိ႔ အရမ္းလြယ္ကူေပမယ့္ သူကေတာ့ တကယ့္ကိုေကာင္းမြန္တဲ့ေမးခြန္းတစ္ခုနဲ႔ အဆံုးသတ္ခဲ့ပါတယ္။ ေခတ္ေတြကမတူတဲ့အခါ အေကာင္းဆုံးကစားသမားေတြကို ႏႈိင္းယွဥ္ဖုိ႔ဆုိတာက ပိုမိုခက္ခဲလာပါတယ္။ ကစားပုံပိုမိုေႏွးသလုိ ခံစစ္အသားေပးေခတ္ေတြလည္း ရွိပါတယ္။ ေနာက္ဆုံး စည္းမ်ဥ္းဥပေဒေတြကအစ ကြာျခားပါတယ္။ ေနာက္ၿပီး ဒီဘက္ေခတ္မွာ ႀကံ့ခုိင္မႈအပုိင္းနဲ႔ပတ္သက္လုိ႔ နည္းပညာအကူအညီေတြ ပိုမိုရရွိလာတာ၊ ေျခစြမ္းကို ပိုမိုကူညီေပးႏုိင္တဲ့စားေသာက္မႈပုံစံေတြကလည္း အမ်ားႀကီးရွိပါတယ္။
ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလား ၃ႀကိမ္အထိရရွိခဲ့ဲတဲ့ ပီလီဟာ ဆန္းတို႔စ္အသင္းကို ကမၻာ့အေကာင္းဆုံးကလပ္အသင္းတစ္သင္းအျဖစ္ ပုံစံေျပာင္းလဲႏိုင္ခဲ့ေပမယ့္ ကလပ္အသင္းအဆင့္အျဖစ္ ဥေရာပမွာ တစ္ခါမွမကစားခဲ့ဖူးသလုိ သူ႕ရဲ႕သြင္းဂိုးအမ်ားစုကလည္း အဆင့္နိမ့္တဲ့ျပည္တြင္းၿပိဳင္ပဲြေတြမွာ သြင္းယူႏိုင္ခဲ့တာပါ။ မာရာဒိုနာက နာပိုလီအသင္းနဲ႔အတူ စီးရီးေအဆုဖလား၊ အာဂ်င္တီးနားအသင္းနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံဆုေတြ ရရွိခဲ့ေပမယ့္ ဘာစီလုိနာမွာ ႐ုန္းကန္ခဲ့ရတာက တကယ့္ကပ္ဆုိးတစ္ခုျဖစ္ခဲ့သလို ၁၉၉၀ ျပည့္လြန္ႏွစ္ေတြမွာ ကိုယ့္ကိုယ္ကုိယ္ မထိန္းႏိုင္ခဲ့ပါဘူး။ ေရာ္နယ္ဒိုကလည္း ၂၀၀၂ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဘရာဇီးအသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ အျမင့္ဆုံးအဆင့္မွာ အခ်ိန္ၾကာႀကီးမရပ္တည္ႏိုင္ခဲ့ပါဘူး။
Total Football ရဲ႕ဖခင္ႀကီးအျဖစ္ သတ္မွတ္ခံထားရတဲ့ နယ္သာလန္ဂႏၳ၀င္ ယိုဟန္ခ႐ိုက္ဖ္ကလည္း ကလပ္အသင္းအဆင့္မွာ ေအဂ်က္စ္နဲ႔ဘာစီလုိနာအသင္းေတြကို ကစားသမားအျဖစ္နဲ႔ေရာ နည္းျပအျဖစ္နဲ႔ပါ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ လက္ေရြးစင္အဆင့္မွာေတာ့ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒီအခ်က္မွာ မက္ဆီအတြက္လည္း နာက်င္စရာေကာင္းေနပါတယ္။ သူဟာ ကလပ္နဲ႔လက္ေရြးစင္အသင္းတုိ႔အတြက္ ဂိုး ၇၀၀ နီးပါးသြင္းထားေပမယ့္ အာဂ်င္တီးနားနဲ႔ေတာ့ ေအာင္ျမင္မႈမရရွိေသးပါဘူး။ ပီလီ၊ ခ႐ိုက္ဖ္၊ မာရာဒိုနာ၊ ေရာ္နယ္ဒိုနဲ႔ အခု မက္ဆီတို႔ဟာ သူတုိ႔ပါ၀င္ကစားတဲ့ပဲြေတြကို ေနာက္တစ္ဆင့္ ဆြဲေခၚႏိုင္တဲ့ဂႏၳ၀င္ေတြျဖစ္ပါတယ္။ သူတုိ႔ဟာ သက္ဆုိင္ရာေခတ္ေတြမွာ အံ့ဖြယ္စြမ္းေဆာင္ရည္ေတြနဲ႔အတူ ပရိသတ္ေတြကို အသီးသီးေဖ်ာ္ေျဖမႈေပးႏုိင္ခဲ့ပါတယ္။ ဒီေတာ့ သူတုိ႔အားလုံး တစ္စားပြဲတည္းမွာ အတူတူစားေသာက္ဖို႔ ထုိက္တန္တယ္လုိ႔ပဲ ဆုိရပါေတာ့မယ္။