အကြိုက်ဆုံး ၃ယောက်ကို အထိုင်ထားပြီး ခရိုအေးရှားနဲ့ပွဲရွေးထားတဲ့ မော်ရင်ဟိုရဲ့ အင်္ဂလန်လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုးမားအသင်းကို မကိုင်တွယ်ရသေးဘဲ ယူရိုပြိုင်ပွဲအတွက် TalkSport နဲ့ စာချုပ်ချုပ်ထားတဲ့ မော်ရင်ဟို ဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန်လက်ရွေးစင်အသင်း အောင်မြင်မှုရဖို့

အဓိက ကျတဲ့ ကစားသမား ၃ ဦးကို ရွေးချယ် ပေးလိုက်ခဲ့ပြီး ပွဲဦးထွက်ခရိုအေးရှားနဲ့ ပွဲအတွက် သူ့စိတ်ကြိုက် အင်္ဂလန်အသင်းရဲ့ပွဲထွက် ၁၁ ယောက် ကိုလည်း ချပြပေးသွားခဲ့ပါတယ်။

မော်ရင်ဟို က TalkSport မှာ ” တိုက်စစ် အသားပေး ကစားဖို့ဆို ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ဘောလုံး ကိုင်မကစားနိုင်ဘဲနဲ့ တိုက်စစ် ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကွင်းလယ်ကို ထိန်းချုပ်ကစားနိုင်ဖို့ အရေးကြီးပါတယ်။

ကွင်းလယ်မှာ သုံးယောက်ထား ကစားရင် အဲ့ဒီ ဧရိယာကို ထိန်းချုပ် ထားနိုင်မှာဖြစ်ပြီး ကွင်းလယ် သုံးယောက်ထဲမှာ ဖိုဒန် ကတော့ ပါကိုပါရမှာပါ။

ဟန်ဒါဆန် ၊ ရိုက်စ် ၊ ကီဗင်ဖီးလစ် တို့ မပါဘူးလို့ မဆိုလိုပါဘူး။

ဒါပေမယ့် ပွဲကို လွှမ်းမိုးနိုင်ဖို့ဆို ပြိုင်ဘက် ကို ထိန်းချုပ် ကစားနိုင်ရမှာပါ။

အင်္ဂလန် က ကွင်းလယ်လူကောင်းတွေ၊ တိုက်စစ် ကစားသမားကောင်းတွေ ရှိနေတော့ သူတို့မှာ အရာရာရှိနေတယ်လို့ပဲ ပြောရမှာပါ။

နည်းပြဆောက်ဂိတ်က နောက်တန်း ၅ ယောက်ထားပြီး ကစားခဲ့ပြီးပါပြီ၊ သူ အခု ဒီအတိုင်းပဲ ဆက်ကစားမယ်ဆိုလည်း ပြဿနာ မရှိပါဘူး။

ဂိုးသမား နေရာမှာ ဟန်ဒါဆန် ကို ထားကစားစေချင်ပါတယ်၊

ဗဟို နောက်ခံလူနေရာမှာ မက်ဂွိုင်းယား မပါရင်တော့ ဂျွန်စတုန်း နဲ့ တိုင်ရွန်မင်းစ် တို့ကို ကစားစေချင်ပါတယ်၊

ဘရိုက်တန် က ဘန်ဝှိုက် ဆိုတဲ့ လူငယ်လေးကလည်း အရမ်းကောင်းပါတယ် ၊

ဒါပေမယ့် သူအခုမှ ရောက်တာပါ။ တိုင်ရွန်မင်းစ် က ဦးဆောင်နိုင်စွမ်း ရှိပြီး စိတ်အားထက်သန်တဲ့ ကစားသမားပါ ၊

စတုန်းကတော့ လျင်မြန်ပါတယ်။ ညာနောက်ခံ နေရာအတွက် ဝေါလ်ကာ ကို ရွေးချယ်ချင်ပါတယ်၊

ဘာကြောင့်လဲဆိုတော့ လျင်မြန်တဲ့ ကစားသမား လိုအပ်တာကြောင့်ပါ။ ရစ်ဆီဂျိမ်းစ်လည်း မြန်ပါတယ်၊

ဒါပေမယ့် အတွေ့အကြုံရှိ ကစားသမား အသက်ပိုကြီးတဲ့ ကစားသမား ဝေါလ်ကာ က ပိုပြီး ပြိုင်ဘက် ဂိုးဧရိယာထဲ ထိုးဖောက် ဝင်ရောက် နိုင်ပါတယ်။

ဘယ်နောက်ခံလူ နေရာ အတွက်တော့ ချီဲဝဲလ်ပါပဲ။၊ နှစ်ခါ စဉ်းစားစရာ မလိုပါဘူး။

သူက နေရာလွှတ်တွေ ကျဉ်းမြောင်းအောင် လုပ်နိုင်ပြီး တိုက်စစ်လည်း ဆင်နိုင် တည်ကန်ဘောတွေလည်း ရပါတယ်။

လုခ်ရှောက ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်၊

ဒါပေမယ့် ချီဝဲလ် က ဘောလုံး ကိုင်ကစားတာမှာ ပိုထူးခြား ကောင်းမွန်ပါတယ်၊

ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ပါတယ်။ ချီဝဲလ် ကို သဘောကျတယ်။

ကွင်းလယ်မှာ သဘောကျတဲ့ ကစားသမား တစ်ဦးရှိပေမယ့် သူ့ကို ပထမဦးဆုံးပွဲမှာ ထည့်မကစားသေးသင့်ပါဘူး၊

သူကတော့ ဘီလင်ဂမ်ပါ ၊ သူ့မှာ တကယ့် အလားအလာကောင်းတွေ ရှိပါတယ်။

ရိုက်စ် နဲ့ တွဲဖက် ကစားဖို့ဆို ဘီလင်ဂမ် က ပြီးပြည့်စုံဆုံးပါပဲ ၊ ဒါပေမယ့် ကယ်ဗင်ဖီးလစ် နဲ့လည်း ဖြစ်ပါတယ်။

ဘီလင်ဂမ် က ရိုက်စ် နဲ့ အလိုက်ဖက်ဆုံး ဒုတိယ ကွင်းလယ်လူ လို့ပဲ ထင်ပါတယ်။

ဟယ်ရီကိန်း ကော ဂယ်ရီလစ်ရှ် ပါ လုံးဝပစ်ပယ်လို့ မရတဲ့ ကစားသမားတွေပါ ၊ ဂယ်ရီလစ်ရှ် ရဲ့ အကောင်းဆုံး နေရာက တိုက်စစ် ဘယ်ခြမ်းမှာပါ ၊

ရက်ရှ်ဖိုဒ့် ကလည်း အဲ့နေရာမှာ ကစားနိုင်ပါတယ်၊ ရက်ရှ်ဖိုဒ့် ကို ညာခြမ်း ထွက်ကစားခိုင်းတာနဲ့ ခြေစွမ်းပျောက်တော့တာပါပဲ။

ဟယ်ရီကိန်း က နောက်ဆင်းပြီး ရက်ရှ်ဖိုဒ့် တိုက်စစ်မှာ နေရာလွတ်ရအောင် လုပ်ပေးတာ တွေ့ပါတယ်။

ဒါပေမယ့် ဂယ်ရီလစ်ရှ် က ဖန်တီးနိုင်စွမ်း အရည်အသွေးက သိပ်ကောင်းပါတယ်။

သူ့ကို ကြည့်ရတာ ဖီဂို ကိုတောင် ပြန်အမှတ်ရစရာပါပဲ။ တစ်ယောက် နဲ့ တစ်ယောက် နှိုင်းယှဉ်ရတာမျိုး မကြိုက်ပါဘူး၊

ဒါပေမယ့် သူက ဖီဂို ကစားတဲ့ပုံစံ နဲ့ နည်းနည်း ဆင်ပါတယ်။

ကျွန်တော် သူ့ကို တကယ် သဘောကျပါတယ်၊ ဂယ်ရီလစ်ရှ် ကို ဘယ်ခြမ်းမှာထား ၊ မေဆင်မောင့်ကို နံပါတ် ၁၀ နေရာမှာထားပြီး ကစားသင့်ပါတယ်၊

ကျွန်တော်က inverted winger တွေကို သဘောကျတာကြောင့်လည်း ပါပါတယ်၊

ဖိုဒန်ကိုတော့ ညာခြမ်းမှာထားပါမယ်။ဖိုဒန် ၊ ဂယ်ရီလစ်ရှ် ၊ မေဆင်မောင့် တို့ကို ပွဲထွက်စေချင်တာကြောင့် ကွင်းလယ်မှာ ရိုက်စ် နဲ့ ကယ်ဗင်ဖီးလစ် ကို ထားတာပါ ” လို့ ပြောကြား သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အႀကိဳက္ဆုံး ၃ေယာက္ကို အထိုင္ထားၿပီး ခ႐ိုေအးရွားနဲ႔ပြဲေ႐ြးထားတဲ့ ေမာ္ရင္ဟိုရဲ႕ အဂၤလန္လူစာရင္း

႐ိုးမားအသင္းကို မကိုင္တြယ္ရေသးဘဲ ယူ႐ိုၿပိဳင္ပြဲအတြက္ TalkSport နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ေမာ္ရင္ဟို ဟာ ယူ႐ို ၂၀၂၀ မွာ အဂၤလန္လက္ေ႐ြးစင္အသင္း ေအာင္ျမင္မႈရဖို႔ အဓိက က်တဲ့ ကစားသမား ၃ ဦးကို ေ႐ြးခ်ယ္ ေပးလိုက္ခဲ့ၿပီး ပြဲဦးထြက္ခ႐ိုေအးရွားနဲ႔ ပြဲအတြက္ သူ႔စိတ္ႀကိဳက္ အဂၤလန္အသင္းရဲ႕ပြဲထြက္ ၁၁ ေယာက္ ကိုလည္း ခ်ျပေပးသြားခဲ့ပါတယ္။

ေမာ္ရင္ဟို က TalkSport မွာ ” တိုက္စစ္ အသားေပး ကစားဖို႔ဆို ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ ေဘာလုံး ကိုင္မကစားႏိုင္ဘဲနဲ႔ တိုက္စစ္ ကစားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားႏိုင္ဖို႔ အေရးႀကီးပါတယ္။ ကြင္းလယ္မွာ သုံးေယာက္ထား ကစားရင္ အဲ့ဒီ ဧရိယာကို ထိန္းခ်ဳပ္ ထားႏိုင္မွာျဖစ္ၿပီး ကြင္းလယ္ သုံးေယာက္ထဲမွာ ဖိုဒန္ ကေတာ့ ပါကိုပါရမွာပါ။

ဟန္ဒါဆန္ ၊ ႐ိုက္စ္ ၊ ကီဗင္ဖီးလစ္ တို႔ မပါဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ ပြဲကို လႊမ္းမိုးႏိုင္ဖို႔ဆို ၿပိဳင္ဘက္ ကို ထိန္းခ်ဳပ္ ကစားႏိုင္ရမွာပါ။ အဂၤလန္ က ကြင္းလယ္လူေကာင္းေတြ၊ တိုက္စစ္ ကစားသမားေကာင္းေတြ ရွိေနေတာ့ သူတို႔မွာ အရာရာရွိေနတယ္လို႔ပဲ ေျပာရမွာပါ။ နည္းျပေဆာက္ဂိတ္က ေနာက္တန္း ၅ ေယာက္ထားၿပီး ကစားခဲ့ၿပီးပါၿပီ၊ သူ အခု ဒီအတိုင္းပဲ ဆက္ကစားမယ္ဆိုလည္း ျပႆနာ မရွိပါဘူး။

ဂိုးသမား ေနရာမွာ ဟန္ဒါဆန္ ကို ထားကစားေစခ်င္ပါတယ္၊ ဗဟို ေနာက္ခံလူေနရာမွာ မက္ဂြိဳင္းယား မပါရင္ေတာ့ ဂြၽန္စတုန္း နဲ႔ တိုင္႐ြန္မင္းစ္ တို႔ကို ကစားေစခ်င္ပါတယ္၊ ဘ႐ိုက္တန္ က ဘန္ဝႈိက္ ဆိုတဲ့ လူငယ္ေလးကလည္း အရမ္းေကာင္းပါတယ္ ၊ ဒါေပမယ့္ သူအခုမွ ေရာက္တာပါ။ တိုင္႐ြန္မင္းစ္ က ဦးေဆာင္ႏိုင္စြမ္း ရွိၿပီး စိတ္အားထက္သန္တဲ့ ကစားသမားပါ ၊ စတုန္းကေတာ့ လ်င္ျမန္ပါတယ္။ ညာေနာက္ခံ ေနရာအတြက္ ေဝါလ္ကာ ကို ေ႐ြးခ်ယ္ခ်င္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ လ်င္ျမန္တဲ့ ကစားသမား လိုအပ္တာေၾကာင့္ပါ။ ရစ္ဆီဂ်ိမ္းစ္လည္း ျမန္ပါတယ္၊

ဒါေပမယ့္ အေတြ႕အႀကဳံရွိ ကစားသမား အသက္ပိုႀကီးတဲ့ ကစားသမား ေဝါလ္ကာ က ပိုၿပီး ၿပိဳင္ဘက္ ဂိုးဧရိယာထဲ ထိုးေဖာက္ ဝင္ေရာက္ ႏိုင္ပါတယ္ ။ ဘယ္ေနာက္ခံလူ ေနရာ အတြက္ေတာ့ ခ်ီဲဝဲလ္ပါပဲ။၊ ႏွစ္ခါ စဥ္းစားစရာ မလိုပါဘူး။ သူက ေနရာလႊတ္ေတြ က်ဥ္းေျမာင္းေအာင္ လုပ္ႏိုင္ၿပီး တိုက္စစ္လည္း ဆင္ႏိုင္ တည္ကန္ေဘာေတြလည္း ရပါတယ္။ လုခ္ေရွာက ေကာင္းမြန္တဲ့ ေဘာလုံးရာသီတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္၊ ဒါေပမယ့္ ခ်ီဝဲလ္ က ေဘာလုံး ကိုင္ကစားတာမွာ ပိုထူးျခား ေကာင္းမြန္ပါတယ္၊ ဖိအားေတြေအာက္မွာ တည္တည္ၿငိမ္ၿငိမ္ ကစားႏိုင္ပါတယ္။ ခ်ီဝဲလ္ ကို သေဘာက်တယ္။

ကြင္းလယ္မွာ သေဘာက်တဲ့ ကစားသမား တစ္ဦးရွိေပမယ့္ သူ႔ကို ပထမဦးဆုံးပြဲမွာ ထည့္မကစားေသးသင့္ပါဘူး၊ သူကေတာ့ ဘီလင္ဂမ္ပါ ၊ သူ႔မွာ တကယ့္ အလားအလာေကာင္းေတြ ရွိပါတယ္။ ႐ိုက္စ္ နဲ႔ တြဲဖက္ ကစားဖို႔ဆို ဘီလင္ဂမ္ က ၿပီးျပည့္စုံဆုံးပါပဲ ၊ ဒါေပမယ့္ ကယ္ဗင္ဖီးလစ္ နဲ႔လည္း ျဖစ္ပါတယ္။ ဘီလင္ဂမ္ က ႐ိုက္စ္ နဲ႔ အလိုက္ဖက္ဆုံး ဒုတိယ ကြင္းလယ္လူ လို႔ပဲ ထင္ပါတယ္။ ဟယ္ရီကိန္း ေကာ ဂယ္ရီလစ္ရွ္ ပါ လုံးဝပစ္ပယ္လို႔ မရတဲ့ ကစားသမားေတြပါ ၊ ဂယ္ရီလစ္ရွ္ ရဲ႕ အေကာင္းဆုံး ေနရာက တိုက္စစ္ ဘယ္ျခမ္းမွာပါ ၊ ရက္ရွ္ဖိုဒ့္ ကလည္း အဲ့ေနရာမွာ ကစားႏိုင္ပါတယ္၊ ရက္ရွ္ဖိုဒ့္ ကို ညာျခမ္း ထြက္ကစားခိုင္းတာနဲ႔ ေျခစြမ္းေပ်ာက္ေတာ့တာပါပဲ။

ဟယ္ရီကိန္း က ေနာက္ဆင္းၿပီး ရက္ရွ္ဖိုဒ့္ တိုက္စစ္မွာ ေနရာလြတ္ရေအာင္ လုပ္ေပးတာ ေတြ႕ပါတယ္ ။ ဒါေပမယ့္ ဂယ္ရီလစ္ရွ္ က ဖန္တီးႏိုင္စြမ္း အရည္အေသြးက သိပ္ေကာင္းပါတယ္။ သူ႔ကို ၾကည့္ရတာ ဖီဂို ကိုေတာင္ ျပန္အမွတ္ရစရာပါပဲ။ တစ္ေယာက္ နဲ႔ တစ္ေယာက္ ႏႈိင္းယွဥ္ရတာမ်ိဳး မႀကိဳက္ပါဘူး၊ ဒါေပမယ့္ သူက ဖီဂို ကစားတဲ့ပုံစံ နဲ႔ နည္းနည္း ဆင္ပါတယ္။ ကြၽန္ေတာ္ သူ႔ကို တကယ္ သေဘာက်ပါတယ္၊ ဂယ္ရီလစ္ရွ္ ကို ဘယ္ျခမ္းမွာထား ၊ ေမဆင္ေမာင့္ကို နံပါတ္ ၁၀ ေနရာမွာထားၿပီး ကစားသင့္ပါတယ္၊ ကြၽန္ေတာ္က inverted winger ေတြကို သေဘာက်တာေၾကာင့္လည္း ပါပါတယ္၊ ဖိုဒန္ကိုေတာ့ ညာျခမ္းမွာထားပါမယ္။ဖိုဒန္ ၊ ဂယ္ရီလစ္ရွ္ ၊ ေမဆင္ေမာင့္ တို႔ကို ပြဲထြက္ေစခ်င္တာေၾကာင့္ ကြင္းလယ္မွာ ႐ိုက္စ္ နဲ႔ ကယ္ဗင္ဖီးလစ္ ကို ထားတာပါ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။