အကြိတ်အနယ်ဖြစ်နေတဲ့ ဥရောပ ဂိုးသွင်းရွှေဖိနပ်ဆု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက နာမည်ကြီးတိုက်စစ်မှုးတွေကို ကျော်ဖြတ်ပြီး လာဇီယို တိုက်စစ်မှုး အင်မိုဘိုင်း ရရှိသွားခဲ့တဲ့ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဒီနှစ်အတွက် လီဝန်ဒေါစကီး၊ စီရော်နယ်ဒို၊ မက်ဆီ၊ ဟာလန်း၊ လူကာကူ၊ အမ်ဘက်ပီ၊ အန်ဒရေဆေးဗားလ် စတဲ့ ထိပ်တန်းတိုက်စစ်မှုးတွေ အပြိုင်ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးက အသင်းအတွက် ၆၄ပွဲမှာ ၃၂ဂိုး သွင်းထားပြီး ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

(၂) စီရော်နယ်ဒို
ကိုဗစ်ဗိုင်ရပ်စ်ကူးစက်ခံရတဲ့အတွက် သီးခြားခွဲပြီးနေထိုင်ရတာကြောင့် သူ့ရဲ့ကြံံခိုင်မှုအပေါ် သံသယရှိခဲ့ကြပေမယ့် စီရော်နယ်ဒိုဟာ အမြန်ဆုံး အကောင်းဆုံးပုံစံပြန်ရပြီး ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၄-၁၅ ဘောလုံးရာသီကတည်းက ဥရောပဂိုးသွင်းရွှေဖိနပ်ဆုကို မရရှိခဲ့တော့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကက်ဂလီယာရီနဲ့ပွဲ မတိုင်ခင်အထိ ဂျူဗီအတွက်ပွဲ ၄၀ မှာ ၂၀ဂိုး သွင်းထားပေးတဲ့သူပါ။

(၃) မက်ဆီ၊ အန်ဒရီဆေးဗားလ်၊ ဟာလန်း
ဒီ ၃ယောက်စလုံးဟာ အသင်းကိုယ်စီအတွက် ၃၈ပွဲစီ ကစားထားပြီး ၁၉ဂိုးစီ သွငးထားကြတဲ့သူတွေပါ။ ဒီ ၃ယောက်ထဲမှာ မက်ဆီတစ်ယောက်ပဲ ဒီဆုကို ရရှိခဲ့ဖူးပါတယ်။ မက်ဆီဟာ ရာသီအစမှာ ပုံစံကောင်းမရခဲ့ပေမယ့် ရာသီဝက်ကာလကစပြီး ခြေမှန်ပြန်ရလာတဲ့သူပါ။ အန်ဒရေဆေးဗားလ်နဲ့ ဟာလန်းတို့ ၂ယောက်စလုံးဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကဖြစ်ပြီး ဒီလူငယ်၂ယောက်ရဲ့ ခြေစွမ်းကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

(၄) အမ်ဘက်ပီ၊ လူကာကူ၊ ဆွာရက်ဇ်
အင်တာမီလန်မှာ အဓိကတိုက်စစ်မှုးဖြစ်သလို ဂန္ထဝင်တိုက်စစ်မှုး ရော်နယ်ဒိုထက် ပွဲလျော့ကစားပြီး အင်တာအတွက် သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ခြေစွမ်းပြ ဖြုတ်ချခဲ့တဲ့ အမ်ဘက်ပီဟာ ဥရောပရဲ့ အလားအာအရှိဆုံး လူငယ်တိုက်စစ်မှုးတစ်ဦးပါ။ ဆွာရက်ဇ်ကတော့ သူ့ရဲ့ တန်ဖိုးနဲ့ဂိုးသွင်းစွမ်းရည်ကို အက်သလက်တီကိုမှာ ဆက်ပြနိုင်ဆဲဖြစ်ပြီး သူရဲ့ သွင်းဂိုးတွေက တီကိုအသင်း ထိပ်ဆုံးရောက်နေတဲ့ နေရာမှာ အရေးပါပါတယ်။

ပရိးမီးယားလိဂ်က နာမည်ကြီးတိုက်စစ်မှုးတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဆာလက်တို့ အပါအဝ်င ဘင်ဇီမာ၊ မိုရီနို၊ အီဘရာဟီမိုဗစ်၊ ဒီပေးစတဲပ ကစားသမားတွေလည်း
သွင်းဂိုးကိုယ်စီနဲ့ ရွှေဖိနပ်ဆုအတွက် မျှော်လင့်ချက်ရှိနေပေမယ့် အခွင့်အရေးကတော့ နည်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၀၁၉-၂၀ ေဘာလုံးရာသီတုန္းက နာမည္ႀကီးတိုက္စစ္မႈးေတြကို ေက်ာ္ျဖတ္ၿပီး လာဇီယို တိုက္စစ္မႈး အင္မိုဘိုင္း ရရွိသြားခဲ့တဲ့ ဥေရာပဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ဒီႏွစ္အတြက္ လီဝန္ေဒါစကီး၊ စီေရာ္နယ္ဒို၊ မက္ဆီ၊ ဟာလန္း၊ လူကာကူ၊ အမ္ဘက္ပီ၊ အန္ဒေရေဆးဗားလ္ စတဲ့ ထိပ္တန္းတိုက္စစ္မႈးေတြ အၿပိဳင္ျဖစ္ေနပါတယ္။ လက္ရွိအခ်ိန္မွာ ဘိုင္ယန္တိုက္စစ္မႈး လီဝန္ေဒါစကီးက အသင္းအတြက္ ၆၄ပြဲမွာ ၃၂ဂိုး သြင္းထားၿပီး ထိပ္ဆုံးမွာ ဦးေဆာင္ေနပါတယ္။

(၂) စီေရာ္နယ္ဒို
ကိုဗစ္ဗိုင္ရပ္စ္ကူးစက္ခံရတဲ့အတြက္ သီးျခားခြဲၿပီးေနထိုင္ရတာေၾကာင့္ သူ႔ရဲ႕ႀကံံခိုင္မႈအေပၚ သံသယရွိခဲ့ၾကေပမယ့္ စီေရာ္နယ္ဒိုဟာ အျမန္ဆုံး အေကာင္းဆုံးပုံစံျပန္ရၿပီး ဂိုးေတြ သြင္းႏိုင္ခဲ့ပါတယ္။ သူဟာ ၂၀၁၄-၁၅ ေဘာလုံးရာသီကတည္းက ဥေရာပဂိုးသြင္းေ႐ႊဖိနပ္ဆုကို မရရွိခဲ့ေတာ့တာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကက္ဂလီယာရီနဲ႔ပြဲ မတိုင္ခင္အထိ ဂ်ဴဗီအတြက္ပြဲ ၄၀ မွာ ၂၀ဂိုး သြင္းထားေပးတဲ့သူပါ။

(၃) မက္ဆီ၊ အန္ဒရီေဆးဗားလ္၊ ဟာလန္း
ဒီ ၃ေယာက္စလုံးဟာ အသင္းကိုယ္စီအတြက္ ၃၈ပြဲစီ ကစားထားၿပီး ၁၉ဂိုးစီ သြငးထားၾကတဲ့သူေတြပါ။ ဒီ ၃ေယာက္ထဲမွာ မက္ဆီတစ္ေယာက္ပဲ ဒီဆုကို ရရွိခဲ့ဖူးပါတယ္။ မက္ဆီဟာ ရာသီအစမွာ ပုံစံေကာင္းမရခဲ့ေပမယ့္ ရာသီဝက္ကာလကစၿပီး ေျခမွန္ျပန္ရလာတဲ့သူပါ။ အန္ဒေရေဆးဗားလ္နဲ႔ ဟာလန္းတို႔ ၂ေယာက္စလုံးဟာ ဂ်ာမန္ဘြန္ဒက္စ္လီဂါကျဖစ္ၿပီး ဒီလူငယ္၂ေယာက္ရဲ႕ ေျခစြမ္းကို အားလုံးက ေစာင့္ၾကည့္ေနၾကပါတယ္။

(၄) အမ္ဘက္ပီ၊ လူကာကူ၊ ဆြာရက္ဇ္
အင္တာမီလန္မွာ အဓိကတိုက္စစ္မႈးျဖစ္သလို ဂႏၴဝင္တိုက္စစ္မႈး ေရာ္နယ္ဒိုထက္ ပြဲေလ်ာ့ကစားၿပီး အင္တာအတြက္ သြင္းဂိုး ၅၀ ျပည့္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ေျခစြမ္းျပ ျဖဳတ္ခ်ခဲ့တဲ့ အမ္ဘက္ပီဟာ ဥေရာပရဲ႕ အလားအာအရွိဆုံး လူငယ္တိုက္စစ္မႈးတစ္ဦးပါ။ ဆြာရက္ဇ္ကေတာ့ သူ႔ရဲ႕ တန္ဖိုးနဲ႔ဂိုးသြင္းစြမ္းရည္ကို အက္သလက္တီကိုမွာ ဆက္ျပႏိုင္ဆဲျဖစ္ၿပီး သူရဲ႕ သြင္းဂိုးေတြက တီကိုအသင္း ထိပ္ဆုံးေရာက္ေနတဲ့ ေနရာမွာ အေရးပါပါတယ္။

ပရိးမီးယားလိဂ္က နာမည္ႀကီးတိုက္စစ္မႈးေတြျဖစ္တဲ့ ဟယ္ရီကိန္း၊ ဆာလက္တို႔ အပါအဝ္င ဘင္ဇီမာ၊ မိုရီႏို၊ အီဘရာဟီမိုဗစ္၊ ဒီေပးစတဲပ ကစားသမားေတြလည္း
သြင္းဂိုးကိုယ္စီနဲ႔ ေ႐ႊဖိနပ္ဆုအတြက္ ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ အခြင့္အေရးကေတာ့ နည္းေနပါတယ္။