အကြိတ်အနယ်ကစားပြီး တစ်မှတ်စီခွဲယူခဲ့ကြတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပထမအကျော့က ပျင်းစရာကောင်းတဲ့ပွဲဖြစ်ခဲ့ပေမယ့် အခု ဒုတိယအကျော့မှာတော့ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ ပြောရမယ်ဆိုရင် ဒီပွဲက ဂိုးမရှိသရေ မဖြစ်သင့်ဘဲ တစ်ဖက်နဲ့တစ်ဖက် ဂိုးတွေသွင်းပြီး အနိုင်အရှုံးအဖြေပေါ်သင့်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်ကစားသမားတွေ လွဲချော်နေတာရယ်၊ ကံမကောင်းတာရယ်ကြောင့်သာ သရေနဲ့ပွဲပြီးခဲ့တာပါ။

ဆိုးလ်ရှားဟာ ပုံမှန်စွမ်းဆောင်ရည် မရှိဘူးလို့ ဝေဖန်ခံနေရတဲ့ မာစီယဲလ်ကို ချန်လှပ်ခဲ့ပြီး ဘယ်ခြမ်းမှာ ပေါ့ဘာကို အသုံးပြုခဲတာကလွဲလို့ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ခဲ့ဘူး။ ရလဒ်တွေ ပြန်ကောင်းနေတဲ့ အာဆင်နယ်အသင်းကလည်း ယူနိုက်တက်ကို အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီး နှစ်သင်းစလုံးက Counter Attacking အားသန်တာကြောင့် အပြန်အလှန်အခွင့်အရေးတွေ ရခဲ့တယ်။

အာဆင်နယ်အသင်းရဲ့ ကလပ်စံချိန်တင်ကစားသမား ပီပီကလည်း ခြေစွမ်းပြပြီး သူ့ကို လုခ်ရှော ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ စီဒရစ်၊ ဒေးဗစ်လူးဝစ်ဇ်တို့ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်းမှာ အပိုင်အခွင့်အရေးတစ်ကြိမ် ရခဲ့ပေမယ့် ပိတ်သွင်းရမယ့်အစား အပိုင်ရအောင် လိမ်ခေါက်နေခဲ့လို့ နစ်နာခဲ့ရတယ်လို့ ပြောရမယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်ကို ဖိအားပေးခဲ့သလို အကြိမ်တိုင်းလည်း ထိရောက်မှုရှိခဲ့တယ်။ လာကာဇက်ရဲ့ ဖရီးကစ်ကန်ချက်ကောင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် အာဆင်နယ်လည်း ကံမကောင်းခဲ့ဘူး။ အူဘာမီယန်း မပါပေမယ့် အာဆင်နယ်တိုက်စစ်ကစားပုံ အားမလျော့သွားဘဲ ပီပီ၊ လာကာဇက်တို့က ပိုပြီးကြိုးစားကစားသွားတာကို တွေ့ရတယ်။

ယူနိုက်တက်မှာ ဝါရင့်တိုက်စစ်မှူး ကာဗာနီ သေချာပေါက်ဂိုးရမယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာက စိတ်ပျက်စရာပါပဲ။ ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် တစ်ခုခုတော့လုပ်သင့်နေပြီလို့ ထင်မိတယ်။ ကိုယ့်အသင်းဂိုးရဖို့ လိုနေချိန်မှာ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် ကစားသမားမျိုး ယူနိုက်တက်အရန်ခုံမှာ မရှိပါဘူး။

အရန်စာရင်းထဲမှာ ဂရင်းဝုဒ်ပဲ လောက်လောက်လားလား ကစားနိုင်တာရှိပြီး သူကိုယ်တိုင်ကလည်း ပုံမှန်ခြေစွမ်း မရှိတာက ပြဿနာပါ။ အဲဒါကြောင့် ယူနိုက်တက်အသင်း လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်တိုက်စစ်ကို အားဖြည့်မလား ဒါမှမဟုတ် လူငယ်သွေးသစ် ဒီယာလိုကို ​​စောစောစီးစီးနေရာပေးပြီး တောင်ပံတိုက်စစ် ပိုကောင်းအောင် ​အ​​ပြောင်းအလဲ စမ်းလုပ်မလားဆိုတာ စောင့်ကြည့်ရမယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီရခဲ့ပေမယ့် အသုံမချနိုင်လို့ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကြီး ၆ ကြီးစာရင်းဝင်အသင်းတွေနဲ့ ဆုံတွေ့တဲ့ပွဲတိုင်း နိုင်ပွဲပျောက်နေဆဲဖြစ်သလို အစောပိုင်းပွဲမှာ မန်စီးတီး နိုင်ပွဲရခဲ့လို့ အခုဆိုရင် ယူနိုက်တက်ကို တစ်ပွဲလျော့ ၃ မှတ်ဖြတ်နိုင်ခဲ့ပါပြီ။

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်နည်းပြဘဝ အီမရိတ်စ်မှာ အာဆင်နယ်ကို ပရီးမီးယားလိဂ်နိုင်ပွဲ မရသေးတဲ့မှတ်တမ်းကို အဆုံးမသတ်နိုင်ခဲ့ပေမယ့် ၁၉၉၉ ခုနှစ်တုန်းက တင်ရှိခဲ့တဲ့ အဝေးကွင်း ၁၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တစ်ပွဲအသာနဲ့ ချိုးဖြတ်နိုင်ခဲ့လို့ ကျေနပ်စရာတော့ဖြစ်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အႀကိတ္အနယ္ကစားၿပီး တစ္မွတ္စီခြဲယူခဲ့ၾကတဲ့ အာဆင္နယ္နဲ႔ ယူႏိုက္တက္

ပထမအေက်ာ့က ပ်င္းစရာေကာင္းတဲ့ပြဲျဖစ္ခဲ့ေပမယ့္ အခု ဒုတိယအေက်ာ့မွာေတာ့ အာဆင္နယ္နဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ စိတ္လႈပ္ရွားစရာေကာင္းခဲ့တယ္။ ေျပာရမယ္ဆိုရင္ ဒီပြဲက ဂိုးမရွိသေရ မျဖစ္သင့္ဘဲ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးေတြသြင္းၿပီး အႏိုင္အရႈံးအေျဖေပၚသင့္ပါတယ္။ ဒါေပမဲ့ ႏွစ္ဖက္ကစားသမားေတြ လြဲေခ်ာ္ေနတာရယ္၊ ကံမေကာင္းတာရယ္ေၾကာင့္သာ သေရနဲ႔ပြဲၿပီးခဲ့တာပါ။

ဆိုးလ္ရွားဟာ ပုံမွန္စြမ္းေဆာင္ရည္ မရွိဘူးလို႔ ေဝဖန္ခံေနရတဲ့ မာစီယဲလ္ကို ခ်န္လွပ္ခဲ့ၿပီး ဘယ္ျခမ္းမွာ ေပါ့ဘာကို အသုံးျပဳခဲတာကလြဲလို႔ အေျပာင္းအလဲ ႀကီးႀကီးမားမား မလုပ္ခဲ့ဘူး။ ရလဒ္ေတြ ျပန္ေကာင္းေနတဲ့ အာဆင္နယ္အသင္းကလည္း ယူႏိုက္တက္ကို အေကာင္းဆုံးတုံ႔ျပန္ကစားခဲ့ၿပီး ႏွစ္သင္းစလုံးက Counter Attacking အားသန္တာေၾကာင့္ အျပန္အလွန္အခြင့္အေရးေတြ ရခဲ့တယ္။ အာဆင္နယ္အသင္းရဲ႕ ကလပ္စံခ်ိန္တင္ကစားသမား ပီပီကလည္း ေျခစြမ္းျပၿပီး သူ႔ကို လုခ္ေရွာ ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရပါတယ္။ ဒီပြဲမွာ ရပ္ရွ္ဖို႔ဒ္ဟာ စီဒရစ္၊ ေဒးဗစ္လူးဝစ္ဇ္တို႔ကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲခဲ့ၿပီး ပထမပိုင္းမွာ အပိုင္အခြင့္အေရးတစ္ႀကိမ္ ရခဲ့ေပမယ့္ ပိတ္သြင္းရမယ့္အစား အပိုင္ရေအာင္ လိမ္ေခါက္ေနခဲ့လို႔ နစ္နာခဲ့ရတယ္လို႔ ေျပာရမယ္။ အာဆင္နယ္အသင္းဟာ ပထမပိုင္းမွာ ခံစစ္ကို အားျပဳၿပီး တန္ျပန္တိုက္စစ္ကေန ယူႏိုက္တက္ကို ဖိအားေပးခဲ့သလို အႀကိမ္တိုင္းလည္း ထိေရာက္မႈရွိခဲ့တယ္။ လာကာဇက္ရဲ႕ ဖရီးကစ္ကန္ခ်က္ေကာင္းခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့တာေၾကာင့္ အာဆင္နယ္လည္း ကံမေကာင္းခဲ့ဘူး။ အူဘာမီယန္း မပါေပမယ့္ အာဆင္နယ္တိုက္စစ္ကစားပုံ အားမေလ်ာ့သြားဘဲ ပီပီ၊ လာကာဇက္တို႔က ပိုၿပီးႀကိဳးစားကစားသြားတာကို ေတြ႕ရတယ္။

ယူႏိုက္တက္မွာ ဝါရင့္တိုက္စစ္မႉး ကာဗာနီ ေသခ်ာေပါက္ဂိုးရမယ့္ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တာက စိတ္ပ်က္စရာပါပဲ။ ယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းအတြက္ တစ္ခုခုေတာ့လုပ္သင့္ေနၿပီလို႔ ထင္မိတယ္။ ကိုယ့္အသင္းဂိုးရဖို႔ လိုေနခ်ိန္မွာ ပြဲအေျဖကို ေျပာင္းလဲႏိုင္မယ့္ ကစားသမားမ်ိဳး ယူႏိုက္တက္အရန္ခုံမွာ မရွိပါဘူး။ အရန္စာရင္းထဲမွာ ဂရင္းဝုဒ္ပဲ ေလာက္ေလာက္လားလား ကစားႏိုင္တာရွိၿပီး သူကိုယ္တိုင္ကလည္း ပုံမွန္ေျခစြမ္း မရွိတာက ျပႆနာပါ။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္း လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ကြင္းလယ္တိုက္စစ္ကို အားျဖည့္မလား ဒါမွမဟုတ္ လူငယ္ေသြးသစ္ ဒီယာလိုကို ​​ေစာေစာစီးစီးေနရာေပးၿပီး ေတာင္ပံတိုက္စစ္ ပိုေကာင္းေအာင္ ​အ​​ေျပာင္းအလဲ စမ္းလုပ္မလားဆိုတာ ေစာင့္ၾကည့္ရမယ္။ ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး အခြင့္အေရးကိုယ္စီရခဲ့ေပမယ့္ အသုံမခ်ႏိုင္လို႔ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ႀကီး ၆ ႀကီးစာရင္းဝင္အသင္းေတြနဲ႔ ဆုံေတြ႕တဲ့ပြဲတိုင္း ႏိုင္ပြဲေပ်ာက္ေနဆဲျဖစ္သလို အေစာပိုင္းပြဲမွာ မန္စီးတီး ႏိုင္ပြဲရခဲ့လို႔ အခုဆိုရင္ ယူႏိုက္တက္ကို တစ္ပြဲေလ်ာ့ ၃ မွတ္ျဖတ္ႏိုင္ခဲ့ပါၿပီ။ ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္နည္းျပဘဝ အီမရိတ္စ္မွာ အာဆင္နယ္ကို ပရီးမီးယားလိဂ္ႏိုင္ပြဲ မရေသးတဲ့မွတ္တမ္းကို အဆုံးမသတ္ႏိုင္ခဲ့ေပမယ့္ ၁၉၉၉ ခုႏွစ္တုန္းက တင္ရွိခဲ့တဲ့ အေဝးကြင္း ၁၇ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို တစ္ပြဲအသာနဲ႔ ခ်ိဳးျဖတ္ႏိုင္ခဲ့လို႔ ေက်နပ္စရာေတာ့ျဖစ္ခဲ့ရပါတယ္။