အကြည့်တစ်ချက်ကြောင့် အလှောင်ခံနေရတဲ့ ဂျူဗီကွင်းလယ်လူ မက်ကန်နီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပုရိသယောကျ်ားတွေအနေနဲ့ ကိုယ့်ရှေ့မှာ ကောင်မလေးချောချောလှလှလေးတစ်ယောက် ရှိနေရင် မျက်လုံးအစာကျွေးတတ်ကြတာက ထုံးစံပါပဲ။ သူတစ်ပါးရဲ့ ဣန္ဒြေကို ထိခိုက်လောက်အောင် ပေါ်တင်ကြီး မကြည့်ရင်တောင်မှပဲ ခိုးကြောင်ခိုးဝှက်ကြည့်ကြတာမျိုးပါ။

ဒါပေမဲ့ အခု ဂျူဗင်တပ်စ်ကွင်းလယ်လူ မက်ကန်နီကတော့ သူ့ရှေ့က နတ်သမီးလေးရဲ့ အလှရေစီးကြောင်းမှာ ဟန်မဆောင်နိုင်လောက်အောင် မျောပါပြီး ပါးစပ်အဟောင်းသားနဲ့ မျက်စိအစာကျွေးနေတဲ့ရုပ်ပုံက လူမှုကွန်ရက်တွေမှာ ကောင်းကောင်းအလှောင်ခံနေပါပြီ။

အဲဒီနတ်သမီးလေးကလည်း မက်ကန်နီတင်မဟုတ်ဘူး၊ ပုရိသတိုင်း ကြွေကျရလောက်အောင် လှသွေးကြွယ်နေတဲ့ အားကစားအစီအစဉ်တင်ဆက်သူ ဒီလက်တာလီယော့တာလို့ အမည်ရတဲ့ ခပ်မိုက်မိုက် မဒီလေးဖြစ်ပြီး သူမရဲ့ Instagram မှာ Follow လုပ်ထားသူက (၇)သန်းကျော်အထိရှိနေတာပါ။

လီယော့တာက စီးရီးအေပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ DAZN ရုပ်သံလိုင်းက အားကစားအစီအစဉ်တင်ဆက်သူဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့စနေနေ့က ဗီရိုနာနဲ့ဂျူဗင်တပ်စ်တို့ကစားခဲ့တဲ့ပွဲမတိုင်ခင် ဂျူဗင်တပ်စ်အရန်ခုံတန်းနားမှာ အစီအစဉ်တင်ဆက်နေတုန်း မက်ကန်နီက အဲဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အပီအပြင်ကြည့်ခဲ့တာပါပဲ။

သာမန်လောက်သာဆို ဘာမှမဖြစ်ပေမယ့် မက်ကန်နီကြည့်တဲ့ပုံက အသက်ရှုဖို့တောင်မေ့လောက်တဲ့အထိ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတဲ့အပြင် ကံဆိုးချင်တော့ ကွင်းထဲက ကင်မရာကလည်း မက်ကန်နီ မျက်လုံးအစာကျွေးနေတဲ့အချိန်နဲ့ ကွက်တိရိုက်မိခဲ့တာကြောင့် အဲဒါကို သတိပြုမိလိုက်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ Meme လုပ်တာကို ခံရတော့တာပါပဲ။

Twitter မှာ မက်ကင်နီရဲ့ဓာတ်ပုံနဲ့အတူ ပရိသတ်တွေက နောက်ပြောင်နေကြပြီး Twitter အသုံးပြုသူတစ်ဦးက “မင်းလည်း ငါတို့လိုပါပဲလား မက်ကန်နီရယ်”လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေလည်း လီယော့တာရဲ့ အလှအပတွေကို ခံစားချင်ရင်တော့ Instagram မှာ Diletta Leotta လို့သာ ရိုက်ထည့်ပြီးရှာကြည့်နိုင်ပါတယ်။

ဒါပေမဲ့ ကံဆိုးတာက လီယော့တာဟာ တူရကီရုပ်ရှင်မင်းသား ကန်ယာမန်နဲ့ တွဲနေပြီး မကြာသေးခင်က ရောမမြို့မှာရှိတဲ့ အကြီးစားဟိုတယ်တစ်ခုမှာ သူတို့နှစ်ဦး (၅)ရက်ကြာအတူတူရှိခဲ့တာကြောင့် နှမျောတသဖြစ်စရာလို့ပဲ ပြောရတော့မှာပါ . . . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အၾကည့္တစ္ခ်က္ေၾကာင့္ အေလွာင္ခံေနရတဲ့ ဂ်ဴဗီကြင္းလယ္လူ မက္ကန္နီ

ပုရိသေယာက်္ားေတြအေနနဲ႔ ကိုယ့္ေရွ႕မွာ ေကာင္မေလးေခ်ာေခ်ာလွလွေလးတစ္ေယာက္ ရွိေနရင္ မ်က္လုံးအစာေကြၽးတတ္ၾကတာက ထုံးစံပါပဲ။ သူတစ္ပါးရဲ႕ ဣေျႏၵကို ထိခိုက္ေလာက္ေအာင္ ေပၚတင္ႀကီး မၾကည့္ရင္ေတာင္မွပဲ ခိုးေၾကာင္ခိုးဝွက္ၾကည့္ၾကတာမ်ိဳးပါ။ ဒါေပမဲ့ အခု ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ မက္ကန္နီကေတာ့ သူ႔ေရွ႕က နတ္သမီးေလးရဲ႕ အလွေရစီးေၾကာင္းမွာ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ေမ်ာပါၿပီး ပါးစပ္အေဟာင္းသားနဲ႔ မ်က္စိအစာေကြၽးေနတဲ့႐ုပ္ပုံက လူမႈကြန္ရက္ေတြမွာ ေကာင္းေကာင္းအေလွာင္ခံေနပါၿပီ။ အဲဒီနတ္သမီးေလးကလည္း မက္ကန္နီတင္မဟုတ္ဘူး၊ ပုရိသတိုင္း ေႂကြက်ရေလာက္ေအာင္ လွေသြးႂကြယ္ေနတဲ့ အားကစားအစီအစဥ္တင္ဆက္သူ ဒီလက္တာလီေယာ့တာလို႔ အမည္ရတဲ့ ခပ္မိုက္မိုက္ မဒီေလးျဖစ္ၿပီး သူမရဲ႕ Instagram မွာ Follow လုပ္ထားသူက (၇)သန္းေက်ာ္အထိရွိေနတာပါ။

လီေယာ့တာက စီးရီးေအပြဲေတြကို တိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ DAZN ႐ုပ္သံလိုင္းက အားကစားအစီအစဥ္တင္ဆက္သူျဖစ္ၿပီး သူမဟာ ၿပီးခဲ့တဲ့စေနေန႔က ဗီ႐ိုနာနဲ႔ဂ်ဴဗင္တပ္စ္တို႔ကစားခဲ့တဲ့ပြဲမတိုင္ခင္ ဂ်ဴဗင္တပ္စ္အရန္ခုံတန္းနားမွာ အစီအစဥ္တင္ဆက္ေနတုန္း မက္ကန္နီက အဲဒီအခြင့္အေရးကို လက္လြတ္မခံဘဲ အပီအျပင္ၾကည့္ခဲ့တာပါပဲ။ သာမန္ေလာက္သာဆို ဘာမွမျဖစ္ေပမယ့္ မက္ကန္နီၾကည့္တဲ့ပုံက အသက္ရႈဖို႔ေတာင္ေမ့ေလာက္တဲ့အထိ ပါးစပ္အေဟာင္းသားနဲ႔ ၾကည့္ေနတဲ့အျပင္ ကံဆိုးခ်င္ေတာ့ ကြင္းထဲက ကင္မရာကလည္း မက္ကန္နီ မ်က္လုံးအစာေကြၽးေနတဲ့အခ်ိန္နဲ႔ ကြက္တိ႐ိုက္မိခဲ့တာေၾကာင့္ အဲဒါကို သတိျပဳမိလိုက္တဲ့ လူမႈကြန္ရက္အသုံးျပဳသူေတြရဲ႕ Meme လုပ္တာကို ခံရေတာ့တာပါပဲ။ Twitter မွာ မက္ကင္နီရဲ႕ဓာတ္ပုံနဲ႔အတူ ပရိသတ္ေတြက ေနာက္ေျပာင္ေနၾကၿပီး Twitter အသုံးျပဳသူတစ္ဦးက “မင္းလည္း ငါတို႔လိုပါပဲလား မက္ကန္နီရယ္”လို႔ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ပရိသတ္ေတြလည္း လီေယာ့တာရဲ႕ အလွအပေတြကို ခံစားခ်င္ရင္ေတာ့ Instagram မွာ Diletta Leotta လို႔သာ ႐ိုက္ထည့္ၿပီးရွာၾကည့္ႏိုင္ပါတယ္။ ဒါေပမဲ့ ကံဆိုးတာက လီေယာ့တာဟာ တူရကီ႐ုပ္ရွင္မင္းသား ကန္ယာမန္နဲ႔ တြဲေနၿပီး မၾကာေသးခင္က ေရာမၿမိဳ႕မွာရွိတဲ့ အႀကီးစားဟိုတယ္တစ္ခုမွာ သူတို႔ႏွစ္ဦး (၅)ရက္ၾကာအတူတူရွိခဲ့တာေၾကာင့္ ႏွေမ်ာတသျဖစ္စရာလို႔ပဲ ေျပာရေတာ့မွာပါ . . . .