အက်သလက်တီကို B အသင်းနည်းပြ အဖွဲ့ထဲမှာတောရက်စ်ပါဝင်လာပြီး နည်းပြလိုင်းကူးဖို့ ပြင်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကို B အသင်းရဲ့နည်းပြ အဖွဲ့ဝင်ဖြစ်လာပြီးနောက် နည်းပြလိုင်းကိုကူးဖို့ သူ့ရဲ့ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်ပြီလို့ သိရပါတယ်။

စပိန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ တောရက်စ်ဟာ အက်သလက်တီကိုအသင်းကပေါ်ထွက်လာတဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းမှာလည်း ကစားသွားခဲ့သေးသူဖြစ်ပါတယ်။ သူဟာ ၂၀၁၆မှာ အက်သလက်တီကိုဆီပြန်သွားခဲ့ ပေမယ့် သိပ်အဆင်မပြေတော့ဘဲ ၂၀၁၈ မှာ ဂျပန်ကလပ် ဆာဂန်တိုဆုအသင်းဆီပြောင်းခဲ့ပါတယ်။

သူဟာအဲဒီ အသင်းနဲ့ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး နည်းပြလိုင်းကို ကူးဖို့အတွက် ၂၀၂၀ စက်တင်ဘာလမှာ စပိန်ကိုပြန်လာခဲ့ပြီး နည်းပြအလုပ်ကိုစတင်သင်ယူခဲ့ပါတယ်။

သူဟာအက်သလက်တီကို အကယ်ဒမီနဲ့လက် တွဲပြီး နည်းပြအလုပ်ကို ဖြေးဖြေးမှန်မှန်စတင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အက်သလက်တီကို B အသင်းနည်းပြ ရစ်ကီအလွန်ဆိုရဲ့နည်းပြ အဖွဲ့ထဲမှာစတင်ပါဝင်လာခဲ့တာလို့ မာကာ သတင်းစာကြီးကဖော်ပြ ပါတယ်။

အက်သလက်တီကို B အသင်းဟာ ဆီဂန်ဒါ(စပိန်ပထမတန်း) မှာပါဝင်ယှဥ်ပြိုင်နေပြီး လောလောဆယ်မှာ ခြေ စွမ်းမပြနိုင်သေးဘဲ နောက်ဆုံး ၈ ပွဲမှာ ၅ မှတ်သာရပြီးအဆင့် ၁၀ ကိုရောက်နေပါတယ်။ သူတို့ဟာ ဒီကနေ့မှာ ပိုဘလန်ဆီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

တောရက်စ်ဟာ အသင်းရဲ့နည်းပြအဖွဲ့ဝင်သာဖြစ်သေးပေမယ့် သူ့ရဲ့လေ့ကျင့်ရေးနည်းစနစ်တွေကို ကစားသမားတွေက အံအား သင့်နေကြရတယ်လို့ ဆိုပါတယ်။

တောရက်စ်ဟာ လေ့ကျင့်ခန်းတွေပြုလုပ်ရာမှာ သူကိုယ်တိုင်ပါဝင်ပြီး လူငယ် တွေကို သင်ကြားပြသပေးနေတာပါ။ အက်သလက်တီကိုအသင်းဟာ စပိန်မှာကစားသမားမွေး ထုတ်ရာမှာ နာမည်ကျော်ကြားတဲ့အသင်းဖြစ်ပြီး တောရက်စ်အပြင် မန်ယူကိုရောက်နေတဲ့ဒေးဗစ်ဒီဂီယာ၊ ကိုကီ တို့ဟာကလပ်လူယ်စီမံကိန်းကနေပေါ်ထွက် လာကြသူတွေဖြစ်ပါတယ်။

တောရက်စ်ဟာ နာမည်ကျော် နည်းပြတွေဖြစ်တဲ့ ဒဲလ်ဘော့စ်၊ ဘင်နီတက်ဇ်၊ မော်ရင်ဟို တို့လက်အောက်မှာ ကစားခဲ့သူဖြစ်လို့ ဒီအတွေ့အ ကြုံတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ အက်သလက်တီကိုဘက်က မျှော်လင့်နေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္သလက္တီကို B အသင္းနည္းျပ အဖြဲ႕ထဲမွာေတာရက္စ္ပါဝင္လာၿပီး နည္းျပလိုင္းကူးဖို႔ ျပင္ဆင္

လီဗာပူးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္းျဖစ္တဲ့ ဖာနန္ဒိုေတာရက္စ္ဟာ အက္သလက္တီကို B အသင္းရဲ႕နည္းျပ အဖြဲ႕ဝင္ျဖစ္လာၿပီးေနာက္ နည္းျပလိုင္းကိုကူးဖို႔ သူ႔ရဲ႕ပထမဆုံးေျခလွမ္းကို စတင္လွမ္းလိုက္ၿပီလို႔ သိရပါတယ္။ စပိန္လက္ေ႐ြးစင္ေဟာင္းျဖစ္တဲ့ ေတာရက္စ္ဟာ အက္သလက္တီကိုအသင္းကေပၚထြက္လာတဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာလည္း ကစားသြားခဲ့ေသးသူျဖစ္ပါတယ္။ သူဟာ ၂၀၁၆မွာ အက္သလက္တီကိုဆီျပန္သြားခဲ့ ေပမယ့္ သိပ္အဆင္မေျပေတာ့ဘဲ ၂၀၁၈ မွာ ဂ်ပန္ကလပ္ ဆာဂန္တိုဆုအသင္းဆီေျပာင္းခဲ့ပါတယ္။ သူဟာအဲဒီ အသင္းနဲ႔ ကစားသမားဘဝကို အဆုံးသတ္ခဲ့ၿပီး နည္းျပလိုင္းကို ကူးဖို႔အတြက္ ၂၀၂၀ စက္တင္ဘာလမွာ စပိန္ကိုျပန္လာခဲ့ၿပီး နည္းျပအလုပ္ကိုစတင္သင္ယူခဲ့ပါတယ္။

သူဟာအက္သလက္တီကို အကယ္ဒမီနဲ႔လက္ တြဲၿပီး နည္းျပအလုပ္ကို ေျဖးေျဖးမွန္မွန္စတင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာေတာ့ အက္သလက္တီကို B အသင္းနည္းျပ ရစ္ကီအလြန္ဆိုရဲ႕နည္းျပ အဖြဲ႕ထဲမွာစတင္ပါဝင္လာခဲ့တာလို႔ မာကာ သတင္းစာႀကီးကေဖာ္ျပ ပါတယ္။ အက္သလက္တီကို B အသင္းဟာ ဆီဂန္ဒါ(စပိန္ပထမတန္း) မွာပါဝင္ယွဥ္ၿပိဳင္ေနၿပီး ေလာေလာဆယ္မွာ ေျခ စြမ္းမျပႏိုင္ေသးဘဲ ေနာက္ဆုံး ၈ ပြဲမွာ ၅ မွတ္သာရၿပီးအဆင့္ ၁၀ ကိုေရာက္ေနပါတယ္။ သူတို႔ဟာ ဒီကေန႔မွာ ပိုဘလန္ဆီအသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။

ေတာရက္စ္ဟာ အသင္းရဲ႕နည္းျပအဖြဲ႕ဝင္သာျဖစ္ေသးေပမယ့္ သူ႔ရဲ႕ေလ့က်င့္ေရးနည္းစနစ္ေတြကို ကစားသမားေတြက အံအား သင့္ေနၾကရတယ္လို႔ ဆိုပါတယ္။ ေတာရက္စ္ဟာ ေလ့က်င့္ခန္းေတြျပဳလုပ္ရာမွာ သူကိုယ္တိုင္ပါဝင္ၿပီး လူငယ္ ေတြကို သင္ၾကားျပသေပးေနတာပါ။ အက္သလက္တီကိုအသင္းဟာ စပိန္မွာကစားသမားေမြး ထုတ္ရာမွာ နာမည္ေက်ာ္ၾကားတဲ့အသင္းျဖစ္ၿပီး ေတာရက္စ္အျပင္ မန္ယူကိုေရာက္ေနတဲ့ေဒးဗစ္ဒီဂီယာ၊ ကိုကီ တို႔ဟာကလပ္လူယ္စီမံကိန္းကေနေပၚထြက္ လာၾကသူေတြျဖစ္ပါတယ္။ ေတာရက္စ္ဟာ နာမည္ေက်ာ္ နည္းျပေတြျဖစ္တဲ့ ဒဲလ္ေဘာ့စ္၊ ဘင္နီတက္ဇ္၊ ေမာ္ရင္ဟို တို႔လက္ေအာက္မွာ ကစားခဲ့သူျဖစ္လို႔ ဒီအေတြ႕အ ႀကဳံေတြကို အေကာင္းဆုံးအသုံးခ်ႏိုင္ဖို႔ အက္သလက္တီကိုဘက္က ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။