အက်သလက်တီကို ကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှ အသင်းရဲ့ နည်းစနစ်ကို မျှဝေခဲ့တဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ တရားဝင် တွယ်တာအကောင့်ကနေ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှ အသင်းရဲ့ နည်းစနစ်ကို ဝေမျှခဲ့ပြီး football analysis လောကကို တစ်ခေတ်ဆန်းသစ်စေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပထမအကျော့ပွဲစဥ်မှာ အိုလီဗီယာ ဂျီရူးရဲ့ နောက်ပြန်ကန်ချက်နဲ့ ( ၁ – ၀ ) အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းက ဂိုးရလာဒ်ထက် ပိုပြီး သက်ရောက်မှုကြီးမားခဲ့ပါတယ်။ သောမတ် တူချယ်ရဲ့ အသင်းက အက်သလက်တီကိုအသင်းကို ဂိုးပေါက်တည့်မှု ( ၁ ) ကြိမ်မျှ မရှိအောင် တားဆီးနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပွဲစဥ်တစ်ပွဲရဲ့ အသေးစိတ်ကို ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေကသာ ဆွေးနွေးလေ့ရှိပေမယ့် ချဲလ်ဆီးအသင်းရဲ့ အက်ဒမင်ကတော့ အဆိုပါ နိုင်ပွဲကို သုံးသပ်တင်ပြခဲ့ပါတယ်။

အသင်းခေါင်းဆောင် အက်စပီလီကျူတာ နှင့် မေဆန်မောင့်တို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကိုပါ အသေးစိတ် heat-maps တွေနဲ့ အတူ ဖော်ပြထားတာ တွေ့ရပါတယ်။ အက်သလက်တီကိုရဲ့ ( ၆ – ၃ – ၁ ) ကစားကွက်က အဓိက ပြောစရာအချက်ဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်က ဘယ်လိုထိုးဖောက်ခဲ့တယ်ဆိုတာ ဆွေးနွေးထားပါတယ်။

ပရိသတ်အများစုက ဒါဟာ အနာဂတ် ဘောလုံးဆွေးနွေးမှုတွေရဲ့ ရှေ့ပြေးဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒုတိယအကျော့ ကစားဖို့ရှိနေသေးတဲ့အတွက် ယခုလို သုံးသပ်တင်ပြခဲ့တဲ့အပေါ် စိုးရိမ်လျက်ရှိကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္သလက္တီကို ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွ အသင္းရဲ႕ နည္းစနစ္ကို မွ်ေဝခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ တရားဝင္ တြယ္တာအေကာင့္ကေန အက္သလက္တီကို မက္ဒရစ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွ အသင္းရဲ႕ နည္းစနစ္ကို ေဝမွ်ခဲ့ၿပီး football analysis ေလာကကို တစ္ေခတ္ဆန္းသစ္ေစခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ အိုလီဗီယာ ဂ်ီ႐ူးရဲ႕ ေနာက္ျပန္ကန္ခ်က္နဲ႔ ( ၁ – ၀ ) အႏိုင္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ပိုင္းက ဂိုးရလာဒ္ထက္ ပိုၿပီး သက္ေရာက္မႈႀကီးမားခဲ့ပါတယ္။ ေသာမတ္ တူခ်ယ္ရဲ႕ အသင္းက အက္သလက္တီကိုအသင္းကို ဂိုးေပါက္တည့္မႈ ( ၁ ) ႀကိမ္မွ် မရွိေအာင္ တားဆီးႏိုင္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ ပြဲစဥ္တစ္ပြဲရဲ႕ အေသးစိတ္ကို ေဘာလုံးပြဲေဝဖန္သုံးသပ္သူေတြကသာ ေဆြးေႏြးေလ့ရွိေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ အက္ဒမင္ကေတာ့ အဆိုပါ ႏိုင္ပြဲကို သုံးသပ္တင္ျပခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ အက္စပီလီက်ဴတာ ႏွင့္ ေမဆန္ေမာင့္တို႔ရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြကိုပါ အေသးစိတ္ heat-maps ေတြနဲ႔ အတူ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

အက္သလက္တီကိုရဲ႕ ( ၆ – ၃ – ၁ ) ကစားကြက္က အဓိက ေျပာစရာအခ်က္ျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္က ဘယ္လိုထိုးေဖာက္ခဲ့တယ္ဆိုတာ ေဆြးေႏြးထားပါတယ္။ ပရိသတ္အမ်ားစုက ဒါဟာ အနာဂတ္ ေဘာလုံးေဆြးေႏြးမႈေတြရဲ႕ ေရွ႕ေျပးျဖစ္တယ္လို႔ မွတ္ခ်က္ျပဳေျပာဆိုၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ကေတာ့ ဒုတိယအေက်ာ့ ကစားဖို႔ရွိေနေသးတဲ့အတြက္ ယခုလို သုံးသပ္တင္ျပခဲ့တဲ့အေပၚ စိုးရိမ္လ်က္ရွိၾကပါတယ္။