အက်သလက်တီကိုရဲ့ခံစစ်ကစားပုံကို ဝေဖန်ပြစ်တင်လိုက်တဲ့ ဂျာဂင်ကလော့ပ်

photo-gettyimages

photo-gettyimages

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ သူတို့ကိုနောက်ကောက်ချသွားတဲ့ အက်သလက်တီကိုခံစစ်ကစားပုံကို ဝေဖန်ပြစ်တင်ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ လီဗာပူးဟာ သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း ပထမအကျော့ ၁-၀ အရှုံကိုပြန်ချေနိုင်ခဲ့ပေမယ့် အချိန်ပိုမိနစ် ၃၀ မှာတော့ ၁ ဂိုးသာသွင်းနိုင်ခဲ့ပြီး ၃ ဂိုးပြန်ပေးခဲ့ရလို့ ၃-၂ ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

photo-gettyimages

အဲဒီပွဲမှာ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းချက်မှာလည်း အက်သလက်တီကိုထက် ၃ ဆရှိခဲ့ပေမယ့် ပြိုင်ဘက်ခံစစ်ကို မကျော်နိုင်မှုနဲ့အတူ ချန်ပီယံဆုကာကွယ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီအတွက် ကလော့ပ်ဟာ အက်သလက်တီကိုရဲ့ချဉ်းကပ်ပုံကိုဝေဖန်လိုက်တာဖြစ်ပြီး သူတို့လူစာရင်းနဲ့ဆို အများကြီးပိုကောင်းအောင် ကစားနိုင်သင့်ပါတယ်လို့ ဆိုခဲ့တာပါ။

photo-gettyimages

”စွမ်းဆောင်မှုနဲ့ပတ်သက်လို့ ကျွန်တော် အပြည့်အဝကျေနပ်ပါတယ်။ ဒီလိုအသင်းမျိုးနဲ့ကစားရတာဖြစ်လု့ိ အရမ်းကို ခက်ခဲခဲ့တာပါ။ ကျွန်တော် နားမလည်တာက သူတို့မှာရှိတဲ့အရည်အသွေးနဲ့ သူတို့ရဲ့ကစားပုံပါပဲ။ သူတို့လူစာရင်းနဲ့ဆိုရင် ကောင်းကောင်းမွန်မွန်ကစားလို့ ရပါတယ်ဗျာ။ ဒါပေမဲ့ သူတို့က နောက်မှာ ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်ပဲ ဆင်နေတယ်။ အဲဒါကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ဒီနေ့ညမှာ အဆင်ပြေတယ်လို့ မခံစားရပါဘူး။ ကျွန်တော်ဟာ တကယ်ကိုဆိုးရွားတဲ့ရှုံးနိမ့်သူတစ်ယောက်ဆိုတာ နားလည်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့တစ်ဖက်အသင်းက ၄ ယောက်တန်း ၂ တန်းပိတ်ဆို့ထားတာကို ကျွန်တော့်ကောင်လေးတွေ ကြိုးပမ်းအားထုတ်ရတဲ့အချိန်မှာပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ကံကောင်းတဲ့အခိုက်အတန့်အချို့ရှိခဲ့တယဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အဆုံးအဖြတ်အချိန်တွေမှာ အရာအားလုံးဟာ ကျွန်တော်တို့ဘက် ရှိမနေခဲ့ပါဘူး”လို့ ပွဲအပြီးမှာ ကလော့ပ်က ပြောခဲ့တာပါ။

[Zawgyi]

အက္သလက္တီကိုရဲ႕ခံစစ္ကစားပုံကို ေ၀ဖန္ျပစ္တင္လိုက္တဲ့ ဂ်ာဂင္ကေလာ့ပ္

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ သူတို႔ကိုေနာက္ေကာက္ခ်သြားတဲ့ အက္သလက္တီကိုခံစစ္ကစားပုံကို ေ၀ဖန္ျပစ္တင္ေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲမွာ လီဗာပူးဟာ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ပထမအေက်ာ့ ၁-၀ အရႈံကုိျပန္ေခ်ႏိုင္ခဲ့ေပမယ့္ အခ်ိန္ပိုမိနစ္ ၃၀ မွာေတာ့ ၁ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး ၃ ဂိုးျပန္ေပးခဲ့ရလို႔ ၃-၂ ဂိုးနဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။

အဲဒီပြဲမွာ လီဗာပူးဟာ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခုိင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခ်က္မွာလည္း အက္သလက္တီကိုထက္ ၃ ဆရွိခဲ့ေပမယ့္ ၿပိဳင္ဘက္ခံစစ္ကို မေက်ာ္ႏိုင္မႈနဲ႔အတူ ခ်န္ပီယံဆုကာကြယ္ႏိုင္ျခင္းမရွိေတာ့ပါဘူး။ ဒီအတြက္ ကေလာ့ပ္ဟာ အက္သလက္တီကိုရဲ႕ခ်ဥ္းကပ္ပုံကိုေ၀ဖန္လိုက္တာျဖစ္ၿပီး သူတုိ႔လူစာရငး္နဲ႔ဆုိ အမ်ားႀကီးပိုေကာင္းေအာင္ ကစားႏုိင္သင့္ပါတယ္လို႔ ဆုိခဲ့တာပါ။

”စြမ္းေဆာင္မႈနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္ အျပည့္အ၀ေက်နပ္ပါတယ္။ ဒီလိုအသင္းမ်ိဳးနဲ႔ကစားရတာျဖစ္လု႔ိ အရမ္းကို ခက္ခဲခဲ့တာပါ။ ကၽြန္ေတာ္ နားမလည္တာက သူတို႔မွာရွိတဲ့အရည္အေသြးနဲ႔ သူတုိ႔ရဲ႕ကစားပုံပါပဲ။ သူတို႔လူစာရင္းနဲ႔ဆုိရင္ ေကာင္းေကာင္းမြန္မြန္ကစားလို႔ ရပါတယ္ဗ်ာ။ ဒါေပမဲ့ သူတို႔က ေနာက္မွာ ပိတ္ဆုိ႔ၿပီး တန္ျပန္တုိက္စစ္ပဲ ဆင္ေနတယ္။ အဲဒါကို ကၽြန္ေတာ္လက္ခံပါတယ္။ ဒါေပမဲ့ ဒီေန႔ညမွာ အဆင္ေျပတယ္လုိ႔ မခံစားရပါဘူး။ ကၽြန္ေတာ္ဟာ တကယ္ကိုဆိုးရြားတဲ့ရႈံးနိမ့္သူတစ္ေယာက္ဆုိတာ နားလည္ပါတယ္။ အထူးသျဖင့္ ကမာၻ႔အဆင့္ကစားသမားေတြနဲ႔တစ္ဖက္အသင္းက ၄ ေယာက္တန္း ၂ တန္းပိတ္ဆို႔ထားတာကို ကၽြန္ေတာ့္ေကာင္ေလးေတြ ႀကိဳးပမ္းအားထုတ္ရတဲ့အခ်ိန္မွာေပါ့။ လြန္ခဲ့တဲ့ ၂ ႏွစ္ခ်န္ပီယံလိဂ္မွာ ကၽြန္ေတာ္တုိ႔ကံေကာင္းတဲ့အခိုက္အတန္႔အခ်ိဳ႕ရွိခဲ့တယဆုိတာ သိပါတယ္။ ဒါေပမဲ့ ဒီေန႔မွာေတာ့ အဆုံးအျဖတ္အခ်ိန္ေတြမွာ အရာအားလုံးဟာ ကၽြန္ေတာ္တုိ႔ဘက္ ရွိမေနခဲ့ပါဘူး”လို႔ ပြဲအၿပီးမွာ ကေလာ့ပ္က ေျပာခဲ့တာပါ။