အက်သလက်တီကိုပရိသတ်တွေအတွက် ဂုဏ်ယူစရာဖြစ်အောင်ကြိုးစားပေးဆပ်သွားမယ်လို့ ဂရစ်ဇ်မန်းကတိပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်မှာ ဘာစီလိုနာအသင်းကနေ အသင်းဟောင်းအက်သလက်တီကိုဆီ ပြန်ရောက်လာတဲ့ ဂရစ်ဇ်မန်းဟာ အခုတစ်ပတ်ကစားမယ့် အက်စ်ပန်ညိုနဲ့လာလီဂါပွဲမှာ အသင်းအတွက် ဒုတိယအကြိမ်မြောက်ပွဲဦးထွက်အဖြစ်ပါဝင်ကစားဖို့ရှိနေပါပြီ။

၂၀၁၉ ခုနှစ်တုန်းက အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းဆီ ပေါင်(၁၀၃)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကို အငှားနဲ့ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက သူတို့ရဲ့ဘဏ္ဍာရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဂရစ်ဇ်မန်းကို လက်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီရာသီအစတုန်းက ဆိုစီဒက်ကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘဝပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းရဲ့ တစ်ပတ်လစာပေါင်(၂၉၄,၀၀၀)ကို ဆက်လက်ပေးချေနိုင်ဖို့အင်အားမရှိတော့တဲ့အတွက် အက်သလက်တီကိုအသင်းဆီ အငှားချခဲ့တာပါ။

အက်သလက်တီကိုအသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ(၅)နှစ်ကြာကစားခဲ့သူ ဂရစ်ဇ်မန်းဟာ ပရိသတ်တွေရဲ့အားပေးမှုကို ပြန်လည်ရရှိအောင်ကြိုးစားရမယ်ဆိုတာကို နားလည်ထားသလို အက်သလက်တီကိုအသင်းတစ်ကျော့ပြန်ခရီးမှာ သူ့ရဲ့တန်ဖိုးကို ပြသသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ဂရစ်ဇ်မန်းက “ပရိသတ်တွေအတွက် ကျွန်တော် ဘာမဆိုပေးဆပ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်ဟာ ပရိသတ်တွေဂုဏ်ယူစရာဖြစ်အောင် ကြိုးပမ်းသွားမယ်ဆိုတာ သူတို့ကိုအသိပေးလိုက်ပါတယ်။

တစ်ချိန်တုန်းက အက်သလက်တီကိုပရိသတ်တွေနဲ့ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိခဲ့ဖူးပြီး အဲဒီလိုအနေအထားမျိုး ပြန်ဖြစ်အောင် ကျွန်တော်တည်ဆောက်သွားမှာပါ။

အဲဒါက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ မူတည်ပြီး အမှန်တကယ်ဖြစ်လာအောင် ကြိုးပမ်းသွားမယ်ဆိုတာ အပြောသက်သက်မဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ဂရစ်ဇ်မန်းကို တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့တယ်ဆိုပေမယ့် ခြေစွမ်းပြနိုင်ခဲ့ရင် ရာသီကုန်မှာ ပေါင်(၃၄)သန်းနဲ့အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်လည်းပါဝင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ဂရစ်ဇ်မန်းဟာ စပိန်စူပါဖလား၊ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလားတွေရယူနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ခဲ့သလို ပရိသတ်အချစ်တော်ကစားသမားတစ်ဦးလည်းဖြစ်ခဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္သလက္တီကိုပရိသတ္ေတြအတြက္ ဂုဏ္ယူစရာျဖစ္ေအာင္ႀကိဳးစားေပးဆပ္သြားမယ္လို႔ ဂရစ္ဇ္မန္းကတိျပဳ

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးရက္မွာ ဘာစီလိုနာအသင္းကေန အသင္းေဟာင္းအက္သလက္တီကိုဆီ ျပန္ေရာက္လာတဲ့ ဂရစ္ဇ္မန္းဟာ အခုတစ္ပတ္ကစားမယ့္ အက္စ္ပန္ညိဳနဲ႔လာလီဂါပြဲမွာ အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ပြဲဦးထြက္အျဖစ္ပါဝင္ကစားဖို႔ရွိေနပါၿပီ။ ၂၀၁၉ ခုႏွစ္တုန္းက အက္သလက္တီကိုအသင္းကေန ဘာစီလိုနာအသင္းဆီ ေပါင္(၁၀၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူဂရစ္ဇ္မန္းဟာ အက္သလက္တီကိုအသင္းကို အငွားနဲ႔ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းက သူတို႔ရဲ႕ဘ႑ာေရးျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔ ဂရစ္ဇ္မန္းကို လက္လႊတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ဒီရာသီအစတုန္းက ဆိုစီဒက္ကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘာစီလိုနာကစားသမားဘဝပြဲ(၁၀၀)ျပည့္ေျမာက္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းရဲ႕ တစ္ပတ္လစာေပါင္(၂၉၄,၀၀၀)ကို ဆက္လက္ေပးေခ်ႏိုင္ဖို႔အင္အားမရွိေတာ့တဲ့အတြက္ အက္သလက္တီကိုအသင္းဆီ အငွားခ်ခဲ့တာပါ။ အက္သလက္တီကိုအသင္းမွာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ(၅)ႏွစ္ၾကာကစားခဲ့သူ ဂရစ္ဇ္မန္းဟာ ပရိသတ္ေတြရဲ႕အားေပးမႈကို ျပန္လည္ရရွိေအာင္ႀကိဳးစားရမယ္ဆိုတာကို နားလည္ထားသလို အက္သလက္တီကိုအသင္းတစ္ေက်ာ့ျပန္ခရီးမွာ သူ႔ရဲ႕တန္ဖိုးကို ျပသသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။

ဂရစ္ဇ္မန္းက “ပရိသတ္ေတြအတြက္ ကြၽန္ေတာ္ ဘာမဆိုေပးဆပ္သြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ ပရိသတ္ေတြဂုဏ္ယူစရာျဖစ္ေအာင္ ႀကိဳးပမ္းသြားမယ္ဆိုတာ သူတို႔ကိုအသိေပးလိုက္ပါတယ္။ တစ္ခ်ိန္တုန္းက အက္သလက္တီကိုပရိသတ္ေတြနဲ႔ကြၽန္ေတာ္တို႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြရွိခဲ့ဖူးၿပီး အဲဒီလိုအေနအထားမ်ိဳး ျပန္ျဖစ္ေအာင္ ကြၽန္ေတာ္တည္ေဆာက္သြားမွာပါ။ အဲဒါက ကြၽန္ေတာ့္ရဲ႕စြမ္းေဆာင္ရည္အေပၚမွာ မူတည္ၿပီး အမွန္တကယ္ျဖစ္လာေအာင္ ႀကိဳးပမ္းသြားမယ္ဆိုတာ အေျပာသက္သက္မဟုတ္ဘဲ အလုပ္နဲ႔သက္ေသျပသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အက္သလက္တီကိုအသင္းဟာ ဂရစ္ဇ္မန္းကို တစ္ရာသီအငွားနဲ႔ေခၚယူခဲ့တယ္ဆိုေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့ရင္ ရာသီကုန္မွာ ေပါင္(၃၄)သန္းနဲ႔အၿပီးသတ္ေခၚယူခြင့္ရွိတယ္ဆိုတဲ့ သေဘာတူညီခ်က္လည္းပါဝင္ခဲ့ပါတယ္။ အက္သလက္တီကိုအသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ဂရစ္ဇ္မန္းဟာ စပိန္စူပါဖလား၊ ယူ႐ိုပါလိဂ္ဖလား၊ ဥေရာပစူပါဖလားေတြရယူႏိုင္ခဲ့ၿပီး ၂၀၁၅-၁၆ ရာသီမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ခဲ့သလို ပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးလည္းျဖစ္ခဲ့သူပါ။