အက်သလက်ကွင်းလယ်လူ ဆာအူးလ်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲနဲ့ ကမ်းလှမ်းဖို့ ယူနိုက်တက် ပြင်ဆင်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့အဓိကပစ်မှတ်အဖြစ် အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit

အသက် ၂၅ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ဆာအူးလ်ဟာ အက်သလက်တီကိုအကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက် လက်ရှိကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နည်းပြဆီမြွန်နီရဲ့အားထားရသူတစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။ ဆာအူးလ်ဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင်သန်း ၇၀ ဝန်းကျင်ရှိနိုင်ပါတယ်။

Photo Credit

Daily Star သတင်းစာရဲ့ဖော်ပြချက်အရ လိုက်ပ်ဇစ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကနေ အက်သလက်တီကိုအသင်း မထင်မှတ်ဘဲ ထွက်ခဲ့ရပြီးနောက် ဆာအူးလ်ကို ခေါ်ယူဖို့ ယူနိုက်တက်အတွက် အခွင့်အရေးပိုများလာပြီး ဒီအတွက်ကြောင့်ပဲ ယူနိုက်တက်လည်း ဆာအူးလ်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

အဲဒီသတင်းစာကပဲ ဆာအူးလ်ဟာ ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ တွဲကစားချင်နေတယ်လို့ သိရပြီး ပေါ့ဂ်ဘာနဲ့ဖာနန်ဒက်စ်အတွဲဟာ ကိုဗစ်အလွန်မှာ အထူးခြေစွမ်းပြနေပါတယ်။

Photo Credit

ပေါ့ဂ်ဘာဟာ ယခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဇန်နဝါရီလအတွင်း စပို့တင်းလစ္စဘွန်းကနေ ရောက်လာတဲ့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်က ပေါ့ဂ်ဘာကို အသင်းမပြောင်းရွှေ့ဖို့ စည်းရုံးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ယူနိုက်တက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

Photo Credit

ဆာအူးလ်ဟာ ၂၀၁၂ မှာ အက်သလက်တီကိုအသင်းကြီးစာရင်းထဲ ဝင်ရောက်လာပေမယ့် ဗယ်လက်ကာနိုအသင်းကို အငှားနဲ့ အပို့မခံရခင် အသင်းအတွက် ၂ပွဲပဲ ကစားခွင့်ရခဲ့ပြီး မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရလာသလို အသင်းအတွက် စုစုပေါင်း ၂၉၆ ပွဲကစားပေးထားပါတယ်။

Photo Credit

သူဟာ အက်သလက်တီကိုအသင်းနဲ့အတူ လာလီဂါဖလားတစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ စပိန်စူပါဖလားတစ်ကြိမ်စီရရှိခဲ့သလို ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ရီးရဲလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။

Photo Credit

စပိန်အသင်းအတွက် ၁၉ပွဲကစားပေးထားတဲ့ ဆာအူးလ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ရင် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲရဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ရာသီသစ်က စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပေမယ့် ယခုနွေရာသီဈေးကွက်ကတော့ အောက်တိုဘာလ ၅ ရက်နေ့ရောက်မှ ပိတ်သိမ်းမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အက္သလက္ကြင္းလယ္လူ ဆာအူးလ္ကို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းခြဲနဲ႔ ကမ္းလွမ္းဖို႔ ယူႏုိက္တက္ ျပင္ဆင္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း အသင္းရဲ႕အဓိကပစ္မွတ္အျဖစ္ အက္သလက္တီကိုကြင္းလယ္လူ ဆာအူးလ္နီဂြက္ဇ္ကို ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိ စပိန္လက္ေရြးစင္ ဆာအူးလ္ဟာ အက္သလက္တီကိုအကယ္ဒမီကေန ထြက္ေပၚလာၿပီးေနာက္ လက္ရွိကမၻာ့အေကာင္းဆုံးကြင္းလယ္လူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး နည္းျပဆီျမြန္နီရဲ႕အားထားရသူတစ္ဦးအျဖစ္ ေျခစြမ္းျပေနပါတယ္။ ဆာအူးလ္ဟာ ပရီးမီးယားလိဂ္ကို ေရာက္ရွိဖို႔ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက သတင္းေတြထြက္ေပၚခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးက ေပါင္သန္း ၇၀ ၀န္းက်င္ရွိႏိုင္ပါတယ္။
Daily Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရ လုိက္ပ္ဇစ္ကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကေန အက္သလက္တီကိုအသင္း မထင္မွတ္ဘဲ ထြက္ခဲ့ရၿပီးေနာက္ ဆာအူးလ္ကို ေခၚယူဖုိ႔ ယူႏုိက္တက္အတြက္ အခြင့္အေရးပိုမ်ားလာၿပီး ဒီအတြက္ေၾကာင့္ပဲ ယူႏုိက္တက္လည္း ဆာအူးလ္ကို ေခၚယူဖုိ႔ ျပန္လည္စိတ္၀င္စားလာတာျဖစ္ေၾကာင္း သိရပါတယ္။
အဲဒီသတင္းစာကပဲ ဆာအူးလ္ဟာ ယူႏုိက္တက္ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ ဘ႐ူႏိုဖာနန္ဒက္စ္တုိ႔နဲ႔ တြဲကစားခ်င္ေနတယ္လုိ႔ သိရၿပီး ေပါ့ဂ္ဘာနဲ႔ဖာနန္ဒက္စ္အတြဲဟာ ကိုဗစ္အလြန္မွာ အထူးေျခစြမ္းျပေနပါတယ္။
ေပါ့ဂ္ဘာဟာ ယခုေႏြရာသီအတြင္း အသင္းကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ဇန္န၀ါရီလအတြင္း စပို႔တင္းလစၥဘြန္းကေန ေရာက္လာတဲ့ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္က ေပါ့ဂ္ဘာကို အသင္းမေျပာင္းေရႊ႕ဖုိ႔ စည္း႐ုံးႏိုင္ခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ယူႏုိက္တက္လည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ပါတယ္။
ဆာအူးလ္ဟာ ၂၀၁၂ မွာ အက္သလက္တီကိုအသင္းႀကီးစာရင္းထဲ ၀င္ေရာက္လာေပမယ့္ ဗယ္လက္ကာႏိုအသင္းကို အငွားနဲ႔ အပို႔မခံရခင္ အသင္းအတြက္ ၂ပြဲပဲ ကစားခြင့္ရခဲ့ၿပီး မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းခ်ိန္မွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ရလာသလုိ အသင္းအတြက္ စုစုေပါင္း ၂၉၆ ပြဲကစားေပးထားပါတယ္။
သူဟာ အက္သလက္တီကိုအသင္းနဲ႔အတူ လာလီဂါဖလားတစ္ႀကိမ္၊ ယူ႐ိုပါလိဂ္ဖလား ၂ႀကိမ္၊ ယူအီးအက္ဖ္ေအစူပါဖလားနဲ႔ စပိန္စူပါဖလားတစ္ႀကိမ္စီရရွိခဲ့သလုိ ၂၀၁၆ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲလ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာလည္း ပါ၀င္ကစားခဲ့ပါတယ္။
စပိန္အသင္းအတြက္ ၁၉ပြဲကစားေပးထားတဲ့ ဆာအူးလ္ဟာ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ျဖစ္ရင္ အုိးထရက္ဖို႔ဒ္အေျခစိုက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းခြဲရဖြယ္ရွိေနၿပီး ပရီးမီးယားလိဂ္ရာသီသစ္က စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္မွာျဖစ္ေပမယ့္ ယခုေႏြရာသီေစ်းကြက္ကေတာ့ ေအာက္တုိဘာလ ၅ ရက္ေန႔ေရာက္မွ ပိတ္သိမ္းမွာျဖစ္ပါတယ္။