

ယူနိုက်တက်ကစားသမားအရေးကိစ္စမှာ ပရိသတ်တွေရဲ့ဒေါသထွက်ခံရတဲ့သူတွေထဲမှာ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝဒ်လည်းပါပါတယ်။ သူ့ရဲ့အိမ်အထိကိုပရိသတ်တွေက သွားရောက်ရန်ရှာခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ အက်ဝုဒ်ဝဒ်တစ်ယောက် သရဲနီကစားသမားအရေးကိစ္စ ကိုရှင်းလင်းပြောဆိုလာပါပြီ။ အက်ဝုဒ်ရည်ရွယ်ထားတဲ့(၂၀၂၀-၂၁)ဘောလုံးရာသီအတွက် ယူနိုက်တက်အသင်းရဲ့ပွဲထွက်(၁၁)ဦးလူစာရင်း ကတော့ ဂိုးသမားနေရာမှာဒီဂီယာဖြစ်ပြီး နောက်တန်းနေရာမှာတော့ ဝမ်ဘစ်ဆာခါ၊မက်ဂွားယား၊ ဘလီ၊ လုခ်ရှောတို့ဖြစ်ပြီး၊ ကွင်းလယ်ပိုင်းအတွက်ကတော့ ဖရက်ဒ်၊ မတ်ဒီဆင်၊ဖာနန်ဒက်စ်တို့ဖြစ်ကာ၊ ရှေ့တန်းတိုက်စစ်နေရာအတွက်ကတော့ ရက်ဖို့ဒ်၊ ဟာလန်း၊ ဆန်ချိုတို့ပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ကစားသမားစုဆောင်းရေးလုပ်ငန်းစဉ်အတွက် တစ်နှစ်ပြီးတစ်နှစ် ကစားသမားတွေကို စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်းမြင်တွေ့ခဲ့ကြမှာပါ။ဇန်နဝါရီအပြောင်းအရွှေ့ကိစ္စကလည်းအားလုံးသိပြီးသားပါ။အခုနောက်ထပ်လာမယ့် နွေရာသီအပြောင်းအရွှေ့မှာလည်း ပြန်လည်တည်ဆောက်မှု အစိတ်အပိုင်းတွေကို အားလုံးမြင်နိုင်ပါလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက အလုပ်မဖြစ်ခဲ့ပါဘူး။ နည်းပြဆိုးလ်ရှားရောက်လာပြီးကတည်းကဆိုရင် ပေါင် သန်း ၂၀၀ လောက်တော့သုံးပြီးပါပြီ။ ကစားသမားခေါ်ယူတဲ့နေရာမှာ အသင်း တည်ငြိမ်ဖို့ကိုပဲ ရည်ရွယ်ထားပါတယ်။”ဆိုပြီး အက်ဝုဒ်ကပြောပါတယ်။

လာမယ့်နွေရာသီမှာ ယူနိုက်တက်ကိုရောက်လာနိုင်ခြေရှိနေတဲ့ကစားသမားတွေကတော့ မတ်ဒီဆင်နဲ့ဆန်ချို တို့နှစ်ဦးသာရှိနေတာဖြစ်ပါတယ်။ ကူလီဘလီကိုခေါ်ယူဖို့ဆိုရင်လည်းစာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း(၁၀၀)ရာကျော်ရှိနေပါတယ်။ ဒါပေမဲ့ ကူလီဘလီရဲ့အသက်အရွယ်ကြောင့် ယူနိုက်တက်အသင်းအနေနဲ့ပေါင်သန်း(၁၀၀)ကျော်ပေးပြီးခေါ်ယူဖို့ဆိုတာကတော်တော်လေးဖြစ်နိုင်ချေနည်းပါတယ်။ ယူနိုက်တက်အသည်းအသန်ခေါ်ယူချင်ခဲ့တဲ့ ဟာလန်းကလည်း ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်ကမှ ဒေါ့မွန်ကိုပြောင်းရွှေ့သွားခဲ့တာဖြစ်တာကြောင့် လာမယ့်နွေရာသီမှာဒေါ့မွန်ကနေ ခေါ်ယူဖို့ဟာ မဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဟာလန်းဟာ ဒေ့ါမွန်ကိုရောက်ပြီးမှ အကောင်းဆုံးခြေစွမ်းတွေ ကိုထပ်ခါထပ်ခါပြသနေတာကြောင့် သူ့ကိုခေါ်ယူဖို့ကိစ္စဟာ အကုန်အကျအတော်များနိုင်ပါတယ်။

ယူနိုက်တက်နောက်ထပ်ပြစ်မှတ်ထား ထားတဲ့ ကစားသမားကတော့ RBလိုက်ဇစ် ရဲ့ တီမိုဝါနာ ဖြစ်ပါတယ်။ ဝါနာ နဲ့ လိုက်ဇစ်ဟာ လာမယ့်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဝါနာကိုခေါ်ယူဖို့စဉ်းစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသားဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ကင်း ကိုလည်း ရည်ရွယ်ထားပါတယ်။ ကင်း က ယူနိက်တက် အကယ်ဒမီထွက် ကစားသမားဖြစ်သလို ယူနိက်တက်မှာကစားဖို့ဟာသူ့ရဲ့အိပ်မက်ဖြစ်တယ် လို့လည်း ပြောဆိုထားပါသေးတယ်။
“ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့သလို ဒဏ်ရာရကစားသမားတွေကလည်း မကြာမီဒဏ်ရာ ပြန်ကောင်းလာပါလိမ့်မယ်။ ဒါကြောင့် လက်ကျန်ရာသီအတွက်တော့ အားတက်စရာပါပဲ။ ကျွန်တော်တို့ ယူရိုပါလိဂ် ၊ FA နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ယှဉ်ပြိုင်ကစားရဦးမှာဖြစ်တာကြောင့် ကစားသမားတွေ အများကြီးရှိနေရပါမယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်က ချော့မွေ့မှာမဟုတ်ပေမယ့်လည်း အောင်မြင်မှုအတွက် ၊ ရည်မှန်းချက်တွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ကို အဓိက အာရုံစိုက်ထားပါတယ်။ ကစားသမားစုဆောင်းရေး အတွက်လည်း ရှင်းလင်းတဲ့အစီအစဉ်တွေ အတွေးအခေါ်တွေနဲ့ပဲ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့အဓိကရည်ရွယ်ထားတာကတော့ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းအတွက်တိုးတက်အောင်လုပ်ဆောင်ဖို့ပဲဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ အကယ်ဒမီကလည်း လူငယ်ခြေတက်ကစားသမားများစွာကို မွေးထုတ်ပေးနေပါတယ်။ ”ဆိုပြီး အက်ဝုဒ်ကပြော ပါတယ်။

(၂၀၁၃)ခုနှစ်ကစပြီး၊ ယူနိုက်တက်ရဲ့အမှုဆောင်ချုပ်အဖြစ် အက်ဝုဒ်တာဝန်ယူစဉ်ကတည်းက ယူနိုက်တက်အသင်း အနေနဲ့ ကစားသမားထောင်ပေါင်းများစွာကိုချိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာတုန်းကလည်းယူနိုက်တက်အသင်းဟာ ကစားသမား တစ်ရာကျော်ကို ချိတ်ဆက်ခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဒီရာသီ လိဂ်ပွဲ ၉ ပွဲသာ အနိုင်ရခဲ့ပါတယ်။

(Zawgyi Version)
အက္ဝုဒ္၀ဒ္ ယူႏိုက္တက္ပြဲထြက္ကစားသမားကိစၥရွင္းလင္းေျပာဆိုလာၿပီ
ယူႏိုက္တက္ကစားသမားအေရးကိစၥမွာ ပရိသတ္ေတြရဲ႕ေဒါသထြက္ခံရတဲ့သူေတြထဲမွာ အမႈေဆာင္အရာရွိခ်ဳပ္ အက္ဝုဒ္၀ဒ္လည္းပါပါတယ္။ သူ႔ရဲ႕အိ္မ္အထိကိုပရိသတ္ေတြက သြားေရာက္ရန္ရွာခဲ့ၾကတာျဖစ္ပါတယ္။ အခုေတာ့ အက္၀ုဒ္၀ဒ္တစ္ေယာက္ သရဲနီကစားသမားအေရးကိစၥကိုရွင္းလင္းေျပာဆိုလာပါၿပီ။ အက္၀ုဒ္ရည္ရြယ္ထားတ့ဲ(၂၀၂၀-၂၁)ေဘာလံုးရာသီအတြက္ ယူႏိုက္တက္အသင္းရဲ႕ပြဲထြက္(၁၁)ဦးလူစာရင္း ကေတာ့ ဂိုးသမားေနရာမွာဒီဂီယာျဖစ္ၿပီး ေနာက္တန္းေနရာမွာေတာ့ ၀မ္ဘစ္ဆာခါ၊မက္ဂြားယား၊ ဘလီ၊ လုခ္ေရွာတို႔ျဖစ္ၿပီး၊ ကြင္းလယ္ပိုင္းအတြက္ကေတာ့ ဖရက္ဒ္၊ မတ္ဒီဆင္၊ဖာနန္ဒက္စ္တုိ႔ျဖစ္ကာ၊ ေရွ႕တန္းတိုက္စစ္ေနရာအတြက္ကေတာ့ ရက္ဖို႔ဒ္၊ ဟာလန္း၊ ဆန္ခ်ိဳတို႔ပဲျဖစ္ပါတယ္။
“ကၽြန္ေတာ္တို႔ရဲ႕ကစားသမားစုေဆာင္းေရးလုပ္ငန္းစဥ္အတြက္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကစားသမားေတြကို စိစစ္ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕အေျပာင္းအေရႊ႕လုပ္ငန္းစဥ္ေတြကို ၿပီးခဲ့တဲ့ ေႏြရာသီတုန္းကလည္းျမင္ေတြ႕ခဲ့ၾကမွာပါ။ဇန္န၀ါရီအေျပာင္းအေရႊ႕ကိစၥကလည္းအားလုံးသိၿပီးသားပါ။အခုေနာက္ထပ္လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာလည္း ျပန္လည္တည္ေဆာက္မႈ အစိတ္အပိုင္းေတြကို အားလုံးျမင္ႏိုင္ပါလိမ့္မယ္။ လြန္ခဲ့တဲ့ႏွစ္ေတြကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈေတြက အလုပ္မျဖစ္ခဲ့ပါဘူး။ နည္းျပဆိုးလ္ရွားေရာက္လာၿပီးကတည္းကဆိုရင္ ေပါင္ သန္း ၂၀၀ ေလာက္ေတာ့သုံးၿပီးပါၿပီ။ ကစားသမားေခၚယူတဲ့ေနရာမွာ အသင္း တည္ၿငိမ္ဖို႔ကိုပဲ ရည္ရြယ္ထားပါတယ္။”ဆုိၿပီး အက္၀ုဒ္ကေျပာပါတယ္။
လာမယ့္ေႏြရာသီမွာ ယူႏိုက္တက္ကိုေရာက္လာႏိုင္ေျခရွိေနတ့ဲကစားသမားေတြကေတာ့ မတ္ဒီဆင္နဲ႔ဆန္ခ်ိဳ တို႔ႏွစ္ဦးသာရွိေနတာျဖစ္ပါတယ္။ ကူလီဘလီကိုေခၚယူဖို႔ဆိုရင္လည္းစာခ်ဳပ္ဖ်က္သိ္မ္းေၾကးက ေပါင္သန္း(၁၀၀)ရာေက်ာ္ရွိေနပါတယ္။ ဒါေပမ့ဲ ကူလီဘလီရဲ႕အသက္အရြယ္ေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ေပါင္သန္း(၁၀၀)ေက်ာ္ေပးျပီးေခၚယူဖို႔ဆိုတာကေတာ္ေတာ္ေလးျဖစ္ႏိုင္ေခ်နည္းပါတယ္။ ယူႏုိက္တက္အသည္းအသန္ေခၚယူခ်င္ခဲ့တဲ့ ဟာလန္းကလည္း ျပီးခ့ဲတ့ဲဇန္န၀ါရီေစ်းကြက္ကမွ ေဒါ့မြန္ကိုေျပာင္းေရႊ႕သြားခ့ဲတာျဖစ္တာေၾကာင့္ လာမယ့္ေႏြရာသီမွာေဒါ့မြန္ကေန ေခၚယူဖို႔ဟာ မျဖစ္ႏိုင္တဲ့အေျခအေနရိွပါတယ္။ ဟာလန္းဟာ ေဒ့ါမြန္ကိုေရာက္ၿပီးမွ အေကာင္းဆုံးေျခစြမ္းေတြ ကိုထပ္ခါထပ္ခါျပသေနတာေၾကာင့္ သူ႔ကိုေခၚယူဖို႔ကိစၥဟာ အကုန္အက်အေတာ္မ်ားႏိုင္ပါတယ္။
ယူႏိုက္တက္ေနာက္ထပ္ျပစ္မွတ္ထား ထားတဲ့ ကစားသမားကေတာ့ RBလိုက္ဇစ္ ရဲ႕ တီမိုဝါနာ ျဖစ္ပါတယ္။ ဝါနာ နဲ႔ လိုက္ဇစ္ဟာ လာမယ့္ရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ဝါနာကိုေခၚယူဖို႔စဥ္းစားထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္နဲ႔ အသားက်ၿပီးသားျဖစ္တဲ့ ဘုန္းေမာက္အသင္းရဲ႕ တိုက္စစ္မွဴး ကင္း ကိုလည္း ရည္႐ြယ္ထားပါတယ္။ ကင္း က ယူနိက္တက္ အကယ္ဒမီထြက္ ကစားသမားျဖစ္သလို ယူနိက္တက္မွာကစားဖို႔ဟာသူ႔ရဲ႕အိပ္မက္ျဖစ္တယ္ လို႔လည္း ေျပာဆိုထားပါေသးတယ္။
“ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕မွာဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူႏိုင္ခဲ့သလို ဒဏ္ရာရကစားသမားေတြကလည္း မၾကာမီဒဏ္ရာ ျပန္ေကာင္းလာပါလိမ့္မယ္။ ဒါေၾကာင့္ လက္က်န္ရာသီအတြက္ေတာ့ အားတက္စရာပါပဲ။ ကၽြန္ေတာ္တို႔ ယူ႐ိုပါလိဂ္ ၊ FA နဲ႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ယွဥ္ၿပိဳင္ကစားရဦးမွာျဖစ္တာေၾကာင့္ ကစားသမားေတြ အမ်ားႀကီးရွိေနရပါမယ္။ ကၽြန္ေတာ္တို႔ရဲ႕ခရီးစဥ္က ေခ်ာ့ေမြ႕မွာမဟုတ္ေပမယ့္လည္း ေအာင္ျမင္မႈအတြက္ ၊ ရည္မွန္းခ်က္ေတြအတြက္ ေထာက္ပံ့ေပးႏိုင္ဖို႔ကို အဓိက အာ႐ုံစိုက္ထားပါတယ္။ ကစားသမားစုေဆာင္းေရး အတြက္လည္း ရွင္းလင္းတဲ့အစီအစဥ္ေတြ အေတြးအေခၚေတြနဲ႔ပဲ အလုပ္လုပ္ေနပါတယ္။ ကၽြန္ေတာ္တို႔အဓိကရည္ရြယ္ထားတာကေတာ့ လူငယ္ကစားသမားေတြနဲ႔ အေတြ႕အၾကဳံရွိတဲ့ ကစားသမားေတြကို ေပါင္းစပ္ၿပီး အသင္းအတြက္တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ပဲျဖစ္ပါ တယ္။ ကၽြန္ေတာ္တို႔ရဲ႕ အကယ္ဒမီကလည္း လူငယ္ေျခတက္ကစားသမားမ်ားစြာကို ေမြးထုတ္ေပးေနပါတယ္။ ”ဆိုၿပီး အက္၀ုဒ္ကေျပာ ပါတယ္။
(၂၀၁၃)ခုႏွစ္ကစျပီး၊ ယူႏိုက္တက္ရဲ႕အမႈေဆာင္ခ်ဳပ္အျဖစ္ အက္၀ုဒ္တာ၀န္ယူစဥ္ကတည္းက ယူႏုိက္တက္အသင္း အေနနဲ႔ ကစားသမားေထာင္ေပါင္းမ်ားစြာကိုခ်ိတ္ဆက္ခ့ဲပါတယ္။ ၿပီးခဲ့တဲ့ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေစ်းကြက္မွာတုန္းကလည္းယူႏိုက္တက္အသင္းဟာ ကစားသမား တစ္ရာေက်ာ္ကို ခ်ိတ္ဆက္ခဲ့တယ္လို႔႔သိရပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အဆင့္ ၈ ေနရာမွာ ရပ္တည္ေနၿပီး ဒီရာသီ လိဂ္ပြဲ ၉ ပြဲသာ အႏိုင္ရခဲ့ပါတယ္။