
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်ဖ်အေဖလား ဗိုလ်လုပွဲ မကျေပွဲအဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့ပွဲမှာ ချဲလ်ဆီးက ၂-၁ နဲ့ အနိုင်ယူကာ ရှုံးကြွေးကို ပြန်ဆပ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာရဖို့ ပိုပြီးသေချာလာခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အိမ်ကွင်းမှာ လူစုံထုတ်ကစားလာခဲ့ပြီးတော့ လက်စတာကလည်း သူတို့ရဲ့ပုံမှန်လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အဝေးကွင်းမှာ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ပါတယ်။
ရက်ပိုင်းအတွင်း ရင်ဆိုင်ထားခဲ့ရတဲ့ အသင်းတွေဖြစ်တာကြောင့် တစ်သင်းအထာတစ်သင်းကို သိနေခဲ့ပြီး ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ရူဒီဂါက ချယ်လ်ဆီးအတွက် အဖွင့်ဂိုး ၆၆ မိနစ်မှာ ဂျော်ဂျင်ဟိုက ပယ်နယ်တီကနေ နောက်တစ်ဂိုးသွင်းးပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
၇၆ မိနစ်မှ လူစားဝင်လာတဲ့ အီဟီယာနာချိုက ချေပဂိုးပြန်သွင်းခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပေမယ့် ချဲလ်ဆီးက အနိုင်ဂိုးကိုထိန်းကာ အဆင့် ၃ နေရာကိုပါ သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ချဲလ်ဆီး အသင်းသား တွေဟာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပြီး၊ နည်းပြတူချယ်လည်း အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။
ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲမှာ တူချယ်က “အခုအချိန်ဟာ ဘယ်သူ့အတွက်မှ ထူးထူးခြားခြား အပိုချီးကျူးဖို့ အချိန်မဟုတ်ပါဘူး။
ပါးစပ်ပိတ်ပြီး နိုင်ပွဲနဲ့ အားလပ်ရက် တရက်ကို ပျော်ပျော်ရွှင်ရွှင် ခံစားပါ။ ပြီးရင်တော့ တနင်္ဂနွေနေ့ ပွဲအတွက် အသင့်ဖြစ်နေရပါမယ်။
အခု ကျွန်တော် ပြောနေတာတွေက လိုအပ်တယ်လို့ ခံစားရတဲ့ အရာတွေ ဖြစ်ပါတယ်” လို့ ကစားသမားတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။
အသင်းအတွက် တခဲနက် အားပေးခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေကိုလည်း တူချယ်က ချီးကျူးခဲ့ပြီး ”ပရိသတ် မပါတဲ့ ဘောလုံးပွဲတပွဲနဲ့ ပရိသတ်ပါတဲ့ ဘောလုံးပွဲတပွဲကို ခင်ဗျား အနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ ရမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ ကွင်းထဲကို လာရောက် အားပေးတဲ့ ပရိသတ်တိုင်းကို ပျော်ရွှင်စေချင်ပြီး ဒီအသင်းရဲ့ ခွန်အားတွေကို ခံစားစေချင်ပါတယ်။
ဒီလို ခွန်အားမျိုးကို ခံစားရမယ်ဆိုရင် ခင်ဗျား အတွက် ပွဲအားပေးဖို့ လွယ်သွားပါပြီ။
ခင်ဗျားဟာ ပရိသတ်တွေကို ရှေ့တန်းတင်ချင်သလို ၊ သူတို့ကို စိတ်လှုပ်ရှားစေချင်ပါတယ်။ ဒီနေ့ အသင်းဟာ ဒါမျိုး လုပ်ပြနေခဲ့တာပါ။
ပရိသတ်တွေကလည်း ကျွန်တော်တို့ကို တွန်းအားပေးခဲ့တာကြောင့် ဒီနေ့ နိုင်ပွဲမှာ သူတို့တွေဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိတ်ဓာတ် မြှင့်တင်မှုကြီးတခု ဖြစ်စေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ် ။
လက်ရှိမှာတော့ ချယ်လ်ဆီးက ၃၇ ပွဲမှာ ၆၇ မှတ်နဲ့ အဆင့် ၃၊ လက်စတာက ၃၇ ပွဲမှာ ၆၆ မှတ်၊ လီဗာပူးလ်က ၃၆ ပွဲမှာ ၆၃ မှတ်ရရှိထားပါတယ်။
ချယ်လ်ဆီးက နောက်ဆုံးတစ်ပွဲကို အနိုင်ရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်သေချာမှာဖြစ်ပြီး လက်စတာကတော့ နောက်ဆုံးပွဲအနိုင်ရခဲ့ရင်တောင် လီဗာပူးလ်ရဲ့ ရလဒ်တွေကို ကြည့်ရဦးမှာဖြစ်ပြီး
တစ်ရာသီလုံးမှာ အဆင့် ၁-၄ မှာ တောက်လျှောက်ရှိနေခဲ့တဲ့ လက်စတာတို့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်သွားရဖွယ်လည်းရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အက္ဖ္ေအဖလား ရႈံေႂကြး ျပန္ဆပ္တဲ့ ခ်ဲလ္ဆီး၊ ပါးစပ္ပိတ္ၿပီး လုပ္စရာရွိတာလုပ္ဖို႔ အသင္းသားေတြကို တူခ်ယ္ သတိေပး
အက္ဖ္ေအဖလား ဗိုလ္လုပြဲ မေက်ပြဲအျဖစ္ ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ရဲ႕ပြဲမွာ ခ်ဲလ္ဆီးက ၂-၁ နဲ႔ အႏိုင္ယူကာ ရႈံးေႂကြးကို ျပန္ဆပ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာရဖို႔ ပိုၿပီးေသခ်ာလာခဲ့ၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အိမ္ကြင္းမွာ လူစုံထုတ္ကစားလာခဲ့ၿပီးေတာ့ လက္စတာကလည္း သူတို႔ရဲ႕ပုံမွန္လူစာရင္းနဲ႔ ပြဲထြက္လာခဲ့ၿပီး အေဝးကြင္းမွာ ခ်ဲလ္ဆီးကို ရင္ဆိုင္ခဲ့ပါတယ္။
ရက္ပိုင္းအတြင္း ရင္ဆိုင္ထားခဲ့ရတဲ့ အသင္းေတြျဖစ္တာေၾကာင့္ တစ္သင္းအထာတစ္သင္းကို သိေနခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ဘဲ သေရက်ခဲ့ပါတယ္။ ဒုတိယပိုင္းစၿပီး မၾကာခင္မွာပဲ ႐ူဒီဂါက ခ်ယ္လ္ဆီးအတြက္ အဖြင့္ဂိုး ၆၆ မိနစ္မွာ ေဂ်ာ္ဂ်င္ဟိုက ပယ္နယ္တီကေန ေနာက္တစ္ဂိုးသြင္းးၿပီး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ၇၆ မိနစ္မွ လူစားဝင္လာတဲ့ အီဟီယာနာခ်ိဳက ေခ်ပဂိုးျပန္သြင္းခဲ့လို႔ ပြဲကအႀကိတ္အနယ္ရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးက အႏိုင္ဂိုးကိုထိန္းကာ အဆင့္ ၃ ေနရာကိုပါ သိမ္းပိုက္သြားခဲ့တာျဖစ္ပါတယ္။
ိုပြဲအၿပီးမွာ ခ်ဲလ္ဆီး အသင္းသား ေတြဟာ ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ၾကၿပီး၊ နည္းျပတူခ်ယ္လည္း အိမ္ကြင္းေနာက္ဆုံးပြဲမွာ ပရိသတ္ေတြကို လိုက္လံႏႈတ္ဆက္ခဲ့ပါတယ္။ ပြဲအၿပီးမွာ သတင္းစာရွင္းလင္းပြဲမွာ တူခ်ယ္က “အခုအခ်ိန္ဟာ ဘယ္သူ႔အတြက္မွ ထူးထူးျခားျခား အပိုခ်ီးက်ဴးဖို႔ အခ်ိန္မဟုတ္ပါဘူး။
ပါးစပ္ပိတ္ၿပီး ႏိုင္ပြဲနဲ႔ အားလပ္ရက္ တရက္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခံစားပါ။ ၿပီးရင္ေတာ့ တနဂၤေႏြေန႔ ပြဲအတြက္ အသင့္ျဖစ္ေနရပါမယ္။ အခု ကြၽန္ေတာ္ ေျပာေနတာေတြက လိုအပ္တယ္လို႔ ခံစားရတဲ့ အရာေတြ ျဖစ္ပါတယ္” လို႔ ကစားသမားေတြကို သတိေပး ေျပာဆိုခဲ့ပါတယ္။
အသင္းအတြက္ တခဲနက္ အားေပးခဲ့ၾကတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြကိုလည္း တူခ်ယ္က ခ်ီးက်ဴးခဲ့ၿပီး ”ပရိသတ္ မပါတဲ့ ေဘာလုံးပြဲတပြဲနဲ႔ ပရိသတ္ပါတဲ့ ေဘာလုံးပြဲတပြဲကို ခင္ဗ်ား အေနနဲ႔ ဘယ္လိုမွ ႏႈိင္းယွဥ္လို႔ ရမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ ကြင္းထဲကို လာေရာက္ အားေပးတဲ့ ပရိသတ္တိုင္းကို ေပ်ာ္႐ႊင္ေစခ်င္ၿပီး ဒီအသင္းရဲ႕ ခြန္အားေတြကို ခံစားေစခ်င္ပါတယ္။
ဒီလို ခြန္အားမ်ိဳးကို ခံစားရမယ္ဆိုရင္ ခင္ဗ်ား အတြက္ ပြဲအားေပးဖို႔ လြယ္သြားပါၿပီ။ ခင္ဗ်ားဟာ ပရိသတ္ေတြကို ေရွ႕တန္းတင္ခ်င္သလို ၊ သူတို႔ကို စိတ္လႈပ္ရွားေစခ်င္ပါတယ္။ ဒီေန႔ အသင္းဟာ ဒါမ်ိဳး လုပ္ျပေနခဲ့တာပါ။ ပရိသတ္ေတြကလည္း ကြၽန္ေတာ္တို႔ကို တြန္းအားေပးခဲ့တာေၾကာင့္ ဒီေန႔ ႏိုင္ပြဲမွာ သူတို႔ေတြဟာ ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ စိတ္ဓာတ္ ျမႇင့္တင္မႈႀကီးတခု ျဖစ္ေစခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္ ။
လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးက ၃၇ ပြဲမွာ ၆၇ မွတ္နဲ႔ အဆင့္ ၃၊ လက္စတာက ၃၇ ပြဲမွာ ၆၆ မွတ္၊ လီဗာပူးလ္က ၃၆ ပြဲမွာ ၆၃ မွတ္ရရွိထားပါတယ္။ ခ်ယ္လ္ဆီးက ေနာက္ဆုံးတစ္ပြဲကို အႏိုင္ရတာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ေသခ်ာမွာျဖစ္ၿပီး လက္စတာကေတာ့ ေနာက္ဆုံးပြဲအႏိုင္ရခဲ့ရင္ေတာင္ လီဗာပူးလ္ရဲ႕ ရလဒ္ေတြကို ၾကည့္ရဦးမွာျဖစ္ၿပီး တစ္ရာသီလုံးမွာ အဆင့္ ၁-၄ မွာ ေတာက္ေလွ်ာက္ရွိေနခဲ့တဲ့ လက္စတာတို႔ ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔သာ ေက်နပ္သြားရဖြယ္လည္းရွိေနပါတယ္။