အက်ဖ်အေဖလားသူရဲကောင်းအပြင် ကွန်မြူနတီသူရဲကောင်းအဖြစ်ပါ ထပ်မံခံယူသွားတဲ့ အူဘာမီယန် (အာဆင်နယ် ၁-၁ လီဗာပူး၊ ပင် ၅-၄ ဂိုးနဲ့ အာဆင်နယ်အနိုင်ရ)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ၂ဂိုးစလုံးသွင်းယူကာ ချန်ပီယံဖြစ်စေခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်ဟာ ဒီပွဲမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို အနိုင်ယူကာ ရာသီအဖွင့်လှပစေရေးအတွက် ကိုယ်တိုင်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို အဆုံးအဖြတ်ပင်နယ်တီဂိုးလည်း သွင်းယူကာ အသင်းကို ကွန်မြူနတီဒိုင်းပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယမြောက် အောင်မြင်မှုအရှိဆုံးအသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်စေနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အသင်းသမိုင်းတစ်လျှောက် ၁၆ ကြိမ်မြောက် ကွန်မြူနတီဒိုင်းရရှိခဲ့တာဖြစ်ပြီး ဒီလထဲမှာလည်း ဖလား ၂လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ကစားသမားသစ်တွေမပါဝင်ခဲ့သလို လီဗာပူးကလည်း မနှစ်ကလူဟောင်းတွေကိုပဲ ထုတ်သုံးခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအတွက်တော့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ၂နှစ်ဆက် ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း စီးတီးကို အခုလိုပင်နယ်တီအဆုံးအဖြတ်နဲ့ပဲ အရေးနိမ့်ခဲ့ရတာပါ။


ပွဲချိန် ၁၂ မိနစ်မှာပဲ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး တိုက်စစ်မှူး အူဘာမီယန်က ဂိုးဧရိယာဘယ်ဘက်ထိပ်ကနေ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ ဝေ့ဝိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ လူငယ်ကစားသမား ဆာကာကတော့ ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့်ရခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားပြီး အဲဒီကာလအတွင်း သူ့ထက်ပိုများတဲ့အသင်းဖော်ဆိုလို့ တိုက်စစ်မှူး လာကာဇက်(၁၅ကြိမ်)တစ်ဦးတည်းရှိပါတယ်။


ပွဲချိန် ၅၁ မိနစ်မှာ အူဘာမီယန် သွင်းသွားသလိုမျိုး လီဗာပူးတိုက်စစ်မှူး ဖာမီနို အဝေးကကနေ ဝေ့ဝိုက်ကန်သွင်းပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားပါတယ်။ လီဗာပူးဟာ ပွဲကစားချိန် တစ်နာရီလောက်အထိ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိခဲ့ဘဲ တိုက်စစ်ပိုင်းက စိုးရိမ်စရာကောင်းလာပါတယ်။


ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ကစားသမား မီနာမီနို ပင်နယ်တီဧရိယာထဲ ထိုးဖောက်လာရင်း အာဆင်နယ်ညနောက်ခံလူ ဆီဒရစ်နဲ့ ထိပြီး ပြေးလမ်းထဲဝင်လာတဲ့ဘောလုံးကို အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ချေပဂိုးရခဲ့ပါတယ်။ ဒီဂိုးမှာ အသင်းဖော်ဆာလာ လက်ထိဘောဖြစ်၊ မဖြစ် VAR ပြန်ကြည့်ခဲ့ပေမယ့် သေချာရှင်းလင်းစွာမထိခဲ့လို့ လီဗာပူးကို ချေပဂိုးပေးခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀အတွင်း ၁-၁ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ အာဆင်နယ်ဘက်က နယ်လ်ဆင်၊ မစ်လန်းနိုင်းစ်၊ ဆီဒရစ်၊ လူးဝစ်ဇ်နဲ့ အူဘာမီယန်တို့ရဲ့ ကန်သွင်းချက်တွေအားလုံး ဂိုးဝင်ကာ လီဗာပူးဘက်က ဆာလာ၊ ဖာမီနို၊ မီနာမီနိုနဲ့ ကာတစ်ဂျုံးစ်တို့ရဲ့ကန်သွင်းမှုတွေ ဂိုးဝင်ပေမယ့် တတိယမြောက်အလုံးကန်တဲ့ တိုက်စစ်မှူး ဘရူးစတားရဲ့ကန်သွင်းချက် မဝင်လို့ အာဆင်နယ်အသင်း ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်သွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အက္ဖ္ေအဖလားသူရဲေကာင္းအျပင္ ကြန္ျမဴနတီသူရဲေကာင္းအျဖစ္ပါ ထပ္မံခံယူသြားတဲ့ အူဘာမီယန္ (အာဆင္နယ္ ၁-၁ လီဗာပူး၊ ပင္ ၅-၄ ဂိုးနဲ႔ အာဆင္နယ္အႏိုင္ရ)

ၿပီးခဲ့တဲ့ရာသီ အက္ဖ္ေအဖလားဗုိလ္လုပဲြမွာ အသင္းအတြက္ ၂ဂိုးစလုံးသြင္းယူကာ ခ်န္ပီယံျဖစ္ေစခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္ဟာ ဒီပြဲမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးကို အႏိုင္ယူကာ ရာသီအဖြင့္လွပေစေရးအတြက္ ကိုယ္တုိင္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့သလုိ အဆုံးအျဖတ္ပင္နယ္တီဂုိးလည္း သြင္းယူကာ အသင္းကို ကြန္ျမဴနတီဒိုင္းၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ ေအာင္ျမင္မႈအရွိဆုံးအသင္းအျဖစ္ လြတ္လြတ္ကၽြတ္ကၽြတ္ ရပ္တည္ေစႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ၁၆ ႀကိမ္ေျမာက္ ကြန္ျမဴနတီဒို္င္းရရွိခဲ့တာျဖစ္ၿပီး ဒီလထဲမွာလည္း ဖလား ၂လုံးရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွာ ကစားသမားသစ္ေတြမပါ၀င္ခဲ့သလုိ လီဗာပူးကလည္း မႏွစ္ကလူေဟာင္းေတြကိုပဲ ထုတ္သုံးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးအတြက္ေတာ့ ကြန္ျမဴနတီဒိုင္းၿပိဳင္ပဲြမွာ ၂ႏွစ္ဆက္ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း စီးတီးကို အခုလိုပင္နယ္တီအဆုံးအျဖတ္နဲ႔ပဲ အေရးနိမ့္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာပဲ အာဆင္နယ္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး တုိက္စစ္မွဴး အူဘာမီယန္က ဂိုးဧရိယာဘယ္ဘက္ထိပ္ကေန ဂုိးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ ေ၀့၀ုိက္ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဂိုးကို ဖန္တီးေပးခဲ့တဲ့ လူငယ္ကစားသမား ဆာကာကေတာ့ ၿပီးခဲ့တဲ့ရာသီက ပဲြထြက္ခြင့္ရခဲ့ၿပီးေနာက္ပိုင္း အသင္းအတြက္ ဂုိးဖန္တီးမႈ ၁၃ ႀကိမ္ျပဳလုပ္ေပးထားၿပီး အဲဒီကာလအတြင္း သူ႕ထက္ပိုမ်ားတဲ့အသင္းေဖာ္ဆုိလုိ႔ တုိက္စစ္မွဴး လာကာဇက္(၁၅ႀကိမ္)တစ္ဦးတည္းရွိပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာ အူဘာမီယန္ သြင္းသြားသလုိမ်ိဳး လီဗာပူးတုိက္စစ္မွဴး ဖာမီႏို အေ၀းကကေန ေ၀့၀ုိက္ကန္သြင္းေပမယ့္ ဂိုးတုိင္ေဘးကေန ကပ္ထြက္သြားပါတယ္။ လီဗာပူးဟာ ပြဲကစားခ်ိန္ တစ္နာရီေလာက္အထိ ဂုိးေပါက္တည့္မႈတစ္ႀကိမ္မွမရွိခဲ့ဘဲ တုိက္စစ္ပိုင္းက စုိးရိမ္စရာေကာင္းလာပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ လူစား၀င္ကစားသမား မီနာမီႏို ပင္နယ္တီဧရိယာထဲ ထိုးေဖာက္လာရင္း အာဆင္နယ္ညေနာက္ခံလူ ဆီဒရစ္နဲ႔ ထိၿပီး ေျပးလမ္းထဲ၀င္လာတဲ့ေဘာလုံးကို အပိုင္ကန္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း ေခ်ပဂိုးရခဲ့ပါတယ္။ ဒီဂိုးမွာ အသင္းေဖာ္ဆာလာ လက္ထိေဘာျဖစ္၊ မျဖစ္ VAR ျပန္ၾကည့္ခဲ့ေပမယ့္ ေသခ်ာရွင္းလင္းစြာမထိခဲ့လုိ႔ လီဗာပူးကုိ ေခ်ပဂိုးေပးခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၉၀အတြင္း ၁-၁ သေရက်ေနလုိ႔ ပင္နယ္တီအဆုံးအျဖတ္ ခံယူရာမွာေတာ့ အာဆင္နယ္ဘက္က နယ္လ္ဆင္၊ မစ္လန္းႏိုင္းစ္၊ ဆီဒရစ္၊ လူး၀စ္ဇ္နဲ႔ အူဘာမီယန္တုိ႔ရဲ႕ ကန္သြင္းခ်က္ေတြအားလုံး ဂိုး၀င္ကာ လီဗာပူးဘက္က ဆာလာ၊ ဖာမီႏို၊ မီနာမီႏိုနဲ႔ ကာတစ္ဂ်ံဳးစ္တုိ႔ရဲ႕ကန္သြင္းမႈေတြ ဂိုး၀င္ေပမယ့္ တတိယေျမာက္အလုံးကန္တဲ့ တုိက္စစ္မွဴး ဘ႐ူးစတားရဲ႕ကန္သြင္းခ်က္ မ၀င္လုိ႔ အာဆင္နယ္အသင္း ကြန္ျမဴနတီဒိုင္းခ်န္ပီယံျဖစ္သြားပါတယ္။