အက်ဖ်အေပွဲလွဲခဲ့ရတဲ မက်ဂွိုင်းယား မန်ချက်စတာဒါဘီပွဲလည်း မသေချာ

photo-gettyimages

photo-gettyimages

နောက်ခံလူမက်ဂွိုင်းယားဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လာမယ့်တနင်္ဂနွေကစားမယ့် မန်ချက်စတာဒါဘီပွဲကိုလည်း  လွဲချော်နိုင်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအင်္ဂလန်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လက်စတာကနေ ရောက်ရှိလာပြီးနောက် မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ် ၃၉ ပွဲကစားထားပြီး လေ့ကျင့်ရေးကွင်းမှာ သူ့ကိုယ်သူဒဏ်ရာရမိစေပြီးနောက် ဒါဘီနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။

photo-gettyimages

”မနေ့က လေ့ကျင့်ခန်းမတိုင်ခင် သူနဲ့ကျွန်တော်စကားပြောခဲ့ပြီး သူ့ကို အနားပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့သေးတာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သူ့ခြေချင်းဝတ်ခေါက်သွားခဲ့တာကြောင့် သူအိမ်မှာပဲ နေခဲ့ရပါတယ်။ ဒါဘီပွဲအမီ သူပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သေချာ မပြောနိုင်ပါဘူး”လို့ ဒါဘီနဲ့ပွဲမှာ မက်ဂွိုင်းယား ဘာကြောင့်မပါသလဲဆိုတာနဲ့ပတ်သက်လို့ ဆိုးလ်ရှားက မန်ယူအသင်းရုပ်သံကို ပြောကြားခဲ့ပါတယ်။

photo-gettyimages

ဒါဘီနဲ့ပွဲနေ့မှာ ၂၇ နှစ်ပြည့်သွားခဲ့တဲ့မက်ဂွိုင်းယားကလည်း အဲဒီပွဲသူလွဲရတဲ့အတွက် စိတ်ပျက်ရကြောင်း ဆိုရှယ်မီဒီယာထက်မှာ ဖွင့်ဟခဲ့ပါတယ်။ မက်ဂွိုင်းယားမပါတဲ့အတွက် ဆိုးလ်ရှားဟာ အဲဒီပွဲရဲ့ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်နဲ့ဘိုင်လီတို့ကိုတွဲဖက်စေခဲ့ပြီး အသင်းလူစာရင်းကိုလည်း ၆ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာပါ။ မန်ချက်စတာဒါဘီပွဲကို ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့လည်း လွဲနိုင်တဲ့အနေအထားမှာ ရှိပါတယ်။

[Zawgyi]

အက္ဖ္ေအပြဲလြဲခဲ့ရတဲ မက္ဂြိဳင္းယား မန္ခ်က္စတာဒါဘီပြဲလည္း မေသခ်ာ

ေနာက္ခံလူမက္ဂြိဳင္းယားဟာ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ လာမယ့္တနဂၤေႏြကစားမယ့္ မန္ခ်က္စတာဒါဘီပြဲကိုလည္း  လြဲေခ်ာ္ႏိုင္ေၾကာင္း မန္ယူနည္းျပဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီအဂၤလန္ဗဟိုေနာက္ခံလူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ လက္စတာကေန ေရာက္ရွိလာၿပီးေနာက္ မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၃၉ ပြဲကစားထားၿပီး ေလ့က်င့္ေရးကြင္းမွာ သူ႔ကိုယ္သူဒဏ္ရာရမိေစၿပီးေနာက္ ဒါဘီနဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားပဥၥမအဆင့္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာပါ။

”မေန႔က ေလ့က်င့္ခန္းမတုိင္ခင္ သူနဲ႔ကၽြန္ေတာ္စကားေျပာခဲ့ၿပီး သူ႔ကို အနားေပးမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ေသးတာပါ။ ဒါေပမဲ့ ေလ့က်င့္ခန္းလုပ္ရင္းနဲ႔ သူ႔ေျခခ်င္း၀တ္ေခါက္သြားခဲ့တာေၾကာင့္ သူအိမ္မွာပဲ ေနခဲ့ရပါတယ္။ ဒါဘီပြဲအမီ သူျပန္ေကာင္းလာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ေသခ်ာ မေျပာႏိုင္ပါဘူး”လုိ႔ ဒါဘီနဲ႔ပြဲမွာ မက္ဂြိဳင္းယား ဘာေၾကာင့္မပါသလဲဆုိတာနဲ႔ပတ္သက္လို႔ ဆိုးလ္ရွားက မန္ယူအသင္းရုပ္သံကို ေျပာၾကားခဲ့ပါတယ္။

ဒါဘီနဲ႔ပြဲေန႔မွာ ၂၇ ႏွစ္ျပည့္သြားခဲ့တဲ့မက္ဂြိဳင္းယားကလည္း အဲဒီပြဲသူလြဲရတဲ့အတြက္ စိတ္ပ်က္ရေၾကာင္း ဆုိရွယ္မီဒီယာထက္မွာ ဖြင့္ဟခဲ့ပါတယ္။ မက္ဂြိဳင္းယားမပါတဲ့အတြက္ ဆိုးလ္ရွားဟာ အဲဒီပြဲရဲ႕ဗဟုိခံစစ္မွာ လင္ဒီေလာ့ဖ္နဲ႔ဘိုင္လီတို႔ကိုတြဲဖက္ေစခဲ့ၿပီး အသင္းလူစာရင္းကိုလည္း ၆ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တာပါ။ မန္ခ်က္စတာဒါဘီပြဲကို ဘစ္ဆာကာနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔လည္း လြဲႏိုင္တဲ့အေနအထားမွာ ရွိပါတယ္။