အက်ဖ်အေပွဲက ဘောလုံးဟာပေါ့လွန်းပြီး သဲသောင်ပြင်မှာကစားရတဲ့ ဘောလုံးမျိုးဖြစ်နေတယ်လို့ မော်ရင်ဟိုဝေဖန်

Photo- Internet
Photo- Internet

စပါးအသင်းနည်းပြ မော်ရင်ဟိုက မစ်ဒယ်ဘရော့နဲ့အက်ဖ်အေဖလားပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ဘောလုံးဟာ ပေါ့ပါးလွန်းလို့သဲသောင်ပြင်မှာကစားရတဲ့ ဘောလုံးမျိုးဖြစ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါပေမယ့် ဒီပွဲသရေကျခဲ့တာဟာ ဘောလုံးကြောင့်တော့မဟုတ်ဘူးလို့ သူကဆိုပါတယ်။

အဝေးကွင်းကစားခဲ့တဲ့ အဲဒီပွဲမှာ မစ်ဒယ်ဘရော့ကဦးဆောင်ဂိုးသွင်းခဲ့တာဖြစ်ပြီး စပါးက မိုရာရဲ့ဂိုးနဲ့ချေပဂိုးရရှိခဲ့တာဖြစ်လို့ အိမ်ကွင်းမှာပြန်ကန်ပွဲစဉ် ကစားရတော့မှာဖြစ်ပါတယ်။ စပါးဟာဘောလုံးပိုင်ဆိုင်မှုရရှိဖို့ရုန်းကန်ခဲ့ရတဲ့အပြင် ပြိုင်ဘက်ကိုလွှမ်းမိုးတဲ့အချိန်တိုင်းမှာလည်းအခက်ကြုံခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

ဒီဘောလုံးဟာ အက်ဖ်အေရဲ့တရားဝင်ဘောလုံးထောက်ပံ့ပေးသူဖြစ်တဲ့ Metre ကထုတ်လုပ်ပေးထားတာဖြစ်ပြီး Delta Max လို့အမည်ပေးထားပါတယ်။ ဘောလုံးဟာပေါ့ပါးပေမယ့် ကန်ချက်တွေတိကျအောင်စီမံထားတာဖြစ်ပြီး ရေစိမ့်ဝင်မှုလည်းလုံးဝမရှိပါဘူး။ ဘောလုံးရဲ့တန်ကြေးကတော့ ၁၁၅ ပေါင်ဖြစ်ပါတယ်။

Photo- Internet

မော်ရင်ဟိုက”ဘောလုံးကတော့ပေါ့ပါးလွန်းလို့ ကျွန်တော့်အထင်ပြောရရင် သဲသောင်ပြင်မှာကစားရတဲ့ ဘောလုံးလိုပါဘဲ။ ကစားသမားတွေကို အကူအညီဖြစ်စေတဲ့ ဘောလုံးမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုပွဲသရေကျမှုအတွက် ဘောလုံးကိုအကြောင်းပြချက်ပေးလို့တော့ မရပါဘူး” လို့ပြောပါတယ်။

Photo- Internet

ဒီပွဲမှာ မစ်ဒယ်ဘရော့ရသွားတဲ့ဂိုးဟာ လူကျွံမှုကနေတစ်ဆင့်ရတယ်လို့ မော်ရင်ဟိုက ယူဆပြီး VAR စနစ်ကလူကျွံဘောအဖြစ်အချက်မပြခဲ့တာကိုလည်း  ဝေဖန်လိုက်ပါတယ်။ သူက”VAR ကလူကျွံဘောလို့အချက်ပြရမှာပါ။ ဒီကနေမိုင် ၂၀၀ ဝေးတဲ့ရုံးခန်းထဲမှာ ဒိုင်လူကြီးရဲ့လူတွေမရှိဘူးနဲ့တူပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

အက္ဖ္ေအပြဲက ေဘာလုံးဟာေပါ့လြန္းၿပီး သဲေသာင္ျပင္မွာကစားရတဲ႔ ေဘာလုံးမ်ဳိးျဖစ္ေနတယ္လို႔ ေမာ္ရင္ဟိုေ၀ဖန္

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက မစ္ဒယ္ဘေရာ႔နဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ အသုံးျပဳခဲ့တဲ႔ေဘာလုံးဟာ ေပါ့ပါးလြန္းလို႔သဲေသာင္ျပင္မွာကစားရတဲ႔ ေဘာလုံးမ်ဳိးျဖစ္ေနတယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ ဒါေပမယ္႔ ဒီပြဲသေရက်ခဲ့တာဟာ ေဘာလုံးေၾကာင့္ေတာ႔မဟုတ္ဘူးလို႔ သူကဆိုပါတယ္။

အေ၀းကြင္းကစားခဲ့တဲ႔ အဲဒီပြဲမွာ မစ္ဒယ္ဘေရာ႔ကဦးေဆာင္ဂိုးသြင္းခဲ့တာျဖစ္ၿပီး စပါးက မိုရာရဲ႕ဂိုးနဲ႔ေခ်ပဂိုးရရွိခဲ့တာျဖစ္လို႔ အိမ္ကြင္းမွာျပန္ကန္ပြဲစဥ္ ကစားရေတာ႔မွာျဖစ္ပါတယ္။ စပါးဟာေဘာလုံးပိုင္ဆိုင္မႈရရွိဖို႔ရုန္းကန္ခဲ့ရတဲ႔အျပင္ ၿပိဳင္ဘက္ကိုလႊမ္းမိုးတဲ႔အခ်ိန္တိုင္းမွာလည္းအခက္ႀကံဳခဲ့ရတာျဖစ္ပါတယ္။

ဒီေဘာလုံးဟာ အက္ဖ္ေအရဲ႕တရား၀င္ေဘာလုံးေထာက္ပ႔ံေပးသူျဖစ္တဲ႔ Metre ကထုတ္လုပ္ေပးထားတာျဖစ္ၿပီး Delta Max လို႔အမည္ေပးထားပါတယ္။ ေဘာလုံးဟာေပါ့ပါးေပမယ္႔ ကန္ခ်က္ေတြတိက်ေအာင္စီမံထားတာျဖစ္ၿပီး ေရစိမ့္၀င္မႈလည္းလုံး၀မရွိပါဘူး။ ေဘာလုံးရဲ႕တန္ေၾကးကေတာ႔ ၁၁၅ ေပါင္ျဖစ္ပါတယ္။

ေမာ္ရင္ဟိုက”ေဘာလုံးကေတာ႔ေပါ့ပါးလြန္းလို႔ က်ြန္ေတာ္႔အထင္ေျပာရရင္ သဲေသာင္ျပင္မွာကစားရတဲ႔ ေဘာလုံးလိုပါဘဲ။ ကစားသမားေတြကုိ အကူအညီျဖစ္ေစတဲ႔ ေဘာလုံးမ်ဳိးေတာ႔မဟုတ္ပါဘူး။ ဒါေပမယ္႔ အခုပြဲသေရက်မႈအတြက္ ေဘာလုံးကိုအေၾကာင္းျပခ်က္ေပးလို႔ေတာ႔ မရပါဘူး” လို႔ေျပာပါတယ္။

ဒီပြဲမွာ မစ္ဒယ္ဘေရာ႔ရသြားတဲ႔ဂိုးဟာ လူက်ြံမႈကေနတစ္ဆင့္ရတယ္လို႔ ေမာ္ရင္ဟိုက ယူဆၿပီး VAR စနစ္ကလူက်ြံေဘာအျဖစ္အခ်က္မျပခဲ့တာကိုလည္း  ေ၀ဖန္လိုက္ပါတယ္။ သူက”VAR ကလူက်ြံေဘာလုိ႔အခ်က္ျပရမွာပါ။ ဒီကေနမိုင္ ၂၀၀ ေ၀းတဲ႔ရုံးခန္းထဲမွာ ဒိုင္လူႀကီးရဲ႕လူေတြမရွိဘူးနဲ႔တူပါတယ္” လို႔ေျပာသြားပါတယ္။