အက်ဖ်အေပဉ္စမအဆင့်မှာ ရွန်နီရဲ့ဒါဘီနဲ့ ဆုံတွေ့နိုင်တဲ့ မန်ယူ

photo-gettyimages

photo-gettyimages

မန်ယူဟာ အက်ဖ်အေဖလားပဉ္စမအဆင့်မှာ နော့သမ်တန်နဲ့ ဒါဘီတို့ရဲ့ပြန်ကန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ အဝေးကွင်းသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ကလပ်ရဲ့အသင်းခေါင်းဆောင်ဟောင်းရွန်နီနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖွယ်ရှိနေပါတယ်။ ရွန်နီဟာ လက်ရှိမှာ ချန်ပီယံရှစ်ကလပ်ဒါဘီရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး အဲဒီမှာ လက်ထောက်နည်းပြအဖြစ်လည်း ပူးတွဲတာဝန်ယူနေတာပါ။ဒါပေမဲ့ မန်ယူနဲ့တွေ့ဆုံဖို့ဆိုရင် ဒါဘီဟာ လာမယ့်အပတ်ပြန်ကန်ပွဲမှာ နော့သမ်တန်ကို မဖြစ်မနေဖြတ်ကျော်နိုင်ဖို့ လိုပါတယ်။

photo-gettyimages

ရွန်နီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၃ နှစ်ကြာကုန်ဆုံးခဲ့သူဖြစ်ပြီး အဲဒီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ်စီ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရွန်နီဟာ မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ်လည်း စံချိန်တင်ထားပါတယ်။ ၁၆ သင်းအဆင့်လို့ ဆိုနိုင်တဲ့ အက်ဖ်အေဖလားရဲ့နောက်တစ်ဆင့်မှာ လီဗာပူးနဲ့ ချဲလ်ဆီးတို့လည်း တွေ့ဆုံနိုင်ပါတယ်။ လမ်းပတ်ရဲ့အသင်းဟာ လီဗာပူးနဲ့ရှရူးဘူရီတို့ရဲ့ပြန်ကန်ပွဲကအနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

photo-BT Sport

အက်ဖ်အေဖလား ပဉ္စမအဆင့်

ရှက်ဖီးဝမ်းစ်ဒေး – မန်စီးတီး

ပို့စ်မောက် – အာဆင်နယ်

ရီးဒင်း/ကာဒစ်ဖ် – ရှက်ဖီးယူနိုက်တက်

ချဲလ်ဆီး – လီဗာပူး/ရှရူူးဘူရီ

ဝက်စ်ဘရွန်း – နယူးကာဆယ်/အောက်စဖို့ဒ်

လက်စတာ – ကိုဗင်ထရီ/ဘာမင်ဂမ်

နော့သမ်တန်/ဒါဘီ – မန်ယူ

ဆောက်သမ်တန်/စပါး – နော်ဝစ်ချ်

[Zawgyi]

အက္ဖ္ေအပဥၥမအဆင့္မွာ ရြန္နီရဲ႕ဒါဘီနဲ႔ ဆုံေတြ႕ႏိုင္တဲ့ မန္ယူ

မန္ယူဟာ အက္ဖ္ေအဖလားပဥၥမအဆင့္မွာ ေနာ႔သမ္တန္နဲ႔ ဒါဘီတုိ႔ရဲ႕ျပန္ကန္ပြဲက အႏိုင္ရတဲ့အသင္းနဲ႔ အေ၀းကြင္းသြားေရာက္ရင္ဆိုင္ရမွာျဖစ္လုိ႔ ကလပ္ရဲ႕အသင္းေခါင္းေဆာင္ေဟာင္းရြန္နီနဲ႔ ျပန္လည္ဆုံေတြ႕ႏိုင္ဖြယ္ရွိေနပါတယ္။ ရြန္နီဟာ လက္ရွိမွာ ခ်န္ပီယံရွစ္ကလပ္ဒါဘီရဲ႕အသင္းေခါင္းေဆာင္ျဖစ္ၿပီး အဲဒီမွာ လက္ေထာက္နည္းျပအျဖစ္လည္း ပူးတြဲတာ၀န္ယူေနတာပါ။ဒါေပမဲ့ မန္ယူနဲ႔ေတြ႕ဆုံဖို႔ဆိုရင္ ဒါဘီဟာ လာမယ့္အပတ္ျပန္ကန္ပြဲမွာ ေနာ႔သမ္တန္ကို မျဖစ္မေနျဖတ္ေက်ာ္ႏိုင္ဖို႔ လိုပါတယ္။

ရြန္နီဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ ၁၃ ႏွစ္ၾကာကုန္ဆုံးခဲ့သူျဖစ္ၿပီး အဲဒီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလား ၁ ႀကိမ္စီ ဆုဖလားေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ရြန္နီဟာ မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္လည္း စံခ်ိန္တင္ထားပါတယ္။ ၁၆ သင္းအဆင့္လုိ႔ ဆိုႏိုင္တဲ့ အက္ဖ္ေအဖလားရဲ႕ေနာက္တစ္ဆင့္မွာ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔လည္း ေတြ႕ဆုံႏိုင္ပါတယ္။ လမ္းပတ္ရဲ႕အသင္းဟာ လီဗာပူးနဲ႔ရွရူးဘူရီတို႔ရဲ႕ျပန္ကန္ပြဲကအႏိုင္ရတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာပါ။

အက္ဖ္ေအဖလား ပဥၥမအဆင့္

ရွက္ဖီး၀မ္းစ္ေဒး – မန္စီးတီး

ပို႔စ္ေမာက္ – အာဆင္နယ္

ရီးဒင္း/ကာဒစ္ဖ္ – ရွက္ဖီးယူႏိုက္တက္

ခ်ဲလ္ဆီး – လီဗာပူး/ရွရူူးဘူရီ

၀က္စ္ဘရြန္း – နယူးကာဆယ္/ေအာက္စဖုိ႔ဒ္

လက္စတာ – ကိုဗင္ထရီ/ဘာမင္ဂမ္

ေနာ႔သမ္တန္/ဒါဘီ – မန္ယူ

ေဆာက္သမ္တန္/စပါး – ေနာ္၀စ္ခ်္