အက်ပီလီကူတာကို ရည်ရွယ်လုပ်ခဲ့တာဖြစ်သလို အဲဒီလိုထပ်လုပ်ဦးမှာလို့ ဆိုလိုက်တဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့အပတ်ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက စပိန်နောက်ခံလူအက်ပီလီကူတာကို ရည်ရွယ်ချက်ရှိရှိနဲ့ လဲကျသွားအာင် လုပ်ခဲ့တာဖြစ်သလို

နောက်လည်း အဲဒီလိုထပ်လုပ်ဦးမှာလို့ ဆွီဒင်ဝါရင့်တိုက်စစ်မှုးအီဘရာဟီမိုဗစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

စပိန်နဲ့ဆွီဒင်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီးခါနီးမှာ အသက် ၄၀ အရွယ် မိုဗစ်က ချဲလ်ဆီးအသင်းခေါင်းဆောင်ရဲ့ကျောကုန်းကို လက်မောင်းနဲ့ဆောင့်တိုက်ခဲ့တာပါ။

ထောင့်ကန်ဘောကန်တင်လိုက်တဲ့အချိန် အဲဒီစပိန်ညာနောက်ခံလူဟာ မိုဗစ်ရဲ့လုပ်ရပ်ကြောင့် မြက်ခင်းပေါ် ချက်ချင်းလဲကျသွားခဲ့ပါတယ်။

အင်္ဂလန်က Guardian သတင်းစာနဲ့အင်တာဗျူးမှာ မိုဗစ်က အက်ပီလီကူတာအပေါ် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ပြီး

ပွဲချိန်အစောပိုင်းမှာ အဲဒီချဲလ်ဆီးနောက်ခံလူက ဆွီဒင်ကစားသမားတစ်ယောက်ကို ပြင်းပြင်းထန်ထန်ကျူးလွန်ခဲ့လို့ ပြန်လုပ်ခဲ့တာလု့ိ ဆိုပါတယ်။

”လက်ရွေးစင်းအသင်းအတွက် ကစားစဉ် အက်ပီလီကူတာကို လုပ်ခဲ့တာက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာပါ။

အဲဒီလိုပြောလို့ ကျွန်တော်မရှက်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်အသင်းဖော်တစ်ယောက်ကို လွန်လွန်ကျူးကျူးလုပ်ခဲ့တာပါ။

ကျွန်တော်က လက်စားချေပေးတာပေါ့။

မိုက်မဲတဲ့အရာတစ်ခုဖြစ်ပေမယ့် သူတို့နားလည်သွားအောင် ကျွန်တော်ဆက်လုပ်ရမှာပါပဲ” အီဘရာဟီမိုဗစ်က ဆိုခဲ့တာပါ။

ပွဲအပြီးမှာ အက်ပီလီကူတာက သူ့ဆီချဉ်းကပ်လာသလားလို့ မေးမြန်းတော့ မိုဗစ်က”သူက ကျွန်တော့်ကို ပြောမှာ မဟုတ်ဘဲ သူလုပ်ခဲ့တဲ့ ကျွန်တော့်အသင်းဖော်ကိုပဲ ပြောမှာပါ။

ဒါက ကျွန်တော့်ဆီက ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်ဆက်လုပ်ဦးမှာပါ၊ အဲဒါက ကျွန်တော်ပါပဲ။

ဒီလိုပြောလို့လည်း မရှက်ပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် မိုဗစ်ဟာ အနီကတ်ရှောင်လွှဲနိုင်ခဲ့ပေမယ့် အဝါကတ်ပြခံခဲ့ရလို့ လာမယ့်မတ်လကစားမယ့် ဆွီဒင်ရဲ့ paly-off ဆီမီးပွဲကို လွဲမှာပါ။

ဒါပေမဲ့လည်း အဲဒီမန်ယူတိုက်စစ်မှုးဟောင်းက play-off ပွဲလွဲမှာဟာ သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။

”play-off ပွဲလွဲလည်း ပြသနာမရှိပါဘူး။ နားလည်သွားအောင် သင်ခန်းစာပေးဖို့က အဓိကပါ။

စကားမပြောတဲ့ခွေးတစ်ကောင်ကို မတိုက်ခိုက်ပါဘူး။ တစ်ခုခုလုပ်နိုင်တဲ့တစ်စုံတစ်ယောက်ကိုပဲ တိုက်ခိုက်တာပါ။

ငယ်ငယ်ပဲရှိသေးတဲ့ ကျွန်တော့်အသင်းဖော်ကို ရွေးလုပ်တာက အရမ်းလွယ်တာပေါ့။ အခု သူနားလည်ပြီလို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ မိုဗစ်က ဆက်ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္ပီလီကူတာကို ရည္႐ြယ္လုပ္ခဲ့တာျဖစ္သလို အဲဒီလိုထပ္လုပ္ဦးမွာလို႔ ဆိုလိုက္တဲ့ မိုဗစ္

ၿပီးခဲ့တဲ့အပတ္ကမာၻ႔ဖလားေျခစစ္ပြဲတုန္းက စပိန္ေနာက္ခံလူအက္ပီလီကူတာကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လဲက်သြားအာင္ လုပ္ခဲ့တာျဖစ္သလို ေနာက္လည္း အဲဒီလိုထပ္လုပ္ဦးမွာလို႔ ဆြီဒင္ဝါရင့္တိုက္စစ္မႈးအီဘရာဟီမိုဗစ္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။

စပိန္နဲ႔ဆြီဒင္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲ ၿပီးခါနီးမွာ အသက္ ၄၀ အ႐ြယ္ မိုဗစ္က ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ရဲ႕ေက်ာကုန္းကို လက္ေမာင္းနဲ႔ေဆာင့္တိုက္ခဲ့တာပါ။

ေထာင့္ကန္ေဘာကန္တင္လိုက္တဲ့အခ်ိန္ အဲဒီစပိန္ညာေနာက္ခံလူဟာ မိုဗစ္ရဲ႕လုပ္ရပ္ေၾကာင့္ ျမက္ခင္းေပၚ ခ်က္ခ်င္းလဲက်သြားခဲ့ပါတယ္။

အဂၤလန္က Guardian သတင္းစာနဲ႔အင္တာဗ်ဴးမွာ မိုဗစ္က အက္ပီလီကူတာအေပၚ ရည္႐ြယ္ခ်က္ရွိရွိလုပ္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္အေစာပိုင္းမွာ အဲဒီခ်ဲလ္ဆီးေနာက္ခံလူက ဆြီဒင္ကစားသမားတစ္ေယာက္ကို ျပင္းျပင္းထန္ထန္က်ဴးလြန္ခဲ့လို႔ ျပန္လုပ္ခဲ့တာလု႔ိ ဆိုပါတယ္။

”လက္ေ႐ြးစင္းအသင္းအတြက္ ကစားစဥ္ အက္ပီလီကူတာကို လုပ္ခဲ့တာက ရည္႐ြယ္ခ်က္ရွိရွိနဲ႔လုပ္ခဲ့တာပါ။ အဲဒီလိုေျပာလို႔ ကြၽန္ေတာ္မရွက္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ သူက ကြၽန္ေတာ့္အသင္းေဖာ္တစ္ေယာက္ကို လြန္လြန္က်ဴးက်ဴးလုပ္ခဲ့တာပါ။ ကြၽန္ေတာ္က လက္စားေခ်ေပးတာေပါ့။ မိုက္မဲတဲ့အရာတစ္ခုျဖစ္ေပမယ့္ သူတို႔နားလည္သြားေအာင္ ကြၽန္ေတာ္ဆက္လုပ္ရမွာပါပဲ” အီဘရာဟီမိုဗစ္က ဆိုခဲ့တာပါ။

ပြဲအၿပီးမွာ အက္ပီလီကူတာက သူ႔ဆီခ်ဥ္းကပ္လာသလားလို႔ ေမးျမန္းေတာ့ မိုဗစ္က”သူက ကြၽန္ေတာ့္ကို ေျပာမွာ မဟုတ္ဘဲ သူလုပ္ခဲ့တဲ့ ကြၽန္ေတာ့္အသင္းေဖာ္ကိုပဲ ေျပာမွာပါ။ ဒါက ကြၽန္ေတာ့္ဆီက ေကာင္းတဲ့အရာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ဆက္လုပ္ဦးမွာပါ၊ အဲဒါက ကြၽန္ေတာ္ပါပဲ။ ဒီလိုေျပာလို႔လည္း မရွက္ပါဘူး”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဲဒီျဖစ္ရပ္ေၾကာင့္ မိုဗစ္ဟာ အနီကတ္ေရွာင္လႊဲႏိုင္ခဲ့ေပမယ့္ အဝါကတ္ျပခံခဲ့ရလို႔ လာမယ့္မတ္လကစားမယ့္ ဆြီဒင္ရဲ႕ paly-off ဆီမီးပြဲကို လြဲမွာပါ။

ဒါေပမဲ့လည္း အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းက play-off ပြဲလြဲမွာဟာ သူ႔ကို စိတ္အေႏွာင့္အယွက္မျဖစ္ေစေၾကာင္း အခိုင္အမာဆိုခဲ့ပါတယ္။

”play-off ပြဲလြဲလည္း ျပသနာမရွိပါဘူး။ နားလည္သြားေအာင္ သင္ခန္းစာေပးဖို႔က အဓိကပါ။ စကားမေျပာတဲ့ေခြးတစ္ေကာင္ကို မတိုက္ခိုက္ပါဘူး။ တစ္ခုခုလုပ္ႏိုင္တဲ့တစ္စုံတစ္ေယာက္ကိုပဲ တိုက္ခိုက္တာပါ။

ငယ္ငယ္ပဲရွိေသးတဲ့ ကြၽန္ေတာ့္အသင္းေဖာ္ကို ေ႐ြးလုပ္တာက အရမ္းလြယ္တာေပါ့။ အခု သူနားလည္ၿပီလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ မိုဗစ္က ဆက္ေျပာခဲ့ပါတယ္။