
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တိုက်စစ်နေရာမှာကစားတာနဲ့ပတ်သက်လို့ လူတော်တော်များများ နားမလည်တဲ့ကိစ္စတစ်ခုရှိတယ်။
မင်း တိုက်စစ်မှူးအဖြစ်ကစားရရင် ဒါက ပြိုင်ပွဲတစ်ခုလို သဘောမထားသင့်ဘူး။
ငါဆိုလိုချင်တာက မင်းခြေထောက်ထဲမှာ ဘောလုံးရှိနေမယ်ဆိုရင် ပြိုင်ဘက်နောက်ခံလူတွေက မင်းကို ဝိုင်းကြုံးကြမှာပဲ။
ဒါဆိုရင် ပြိုင်ပွဲမဟုတ်တော့ဘူးလေ။ ဒါက ရန်ပွဲ . .လမ်းမပေါ်မှာ ချကြတဲ့ရန်ပွဲဖြစ်သွားပြီ။
အဲဒီတော့ ငါ ဘာလုပ်လဲ မင်းသိလား .. င့ါရှေ့မှာရှိနေတဲ့သူတွေကို လက်သီးနဲ့ပိတ်ထိုးတော့တာပဲကွ . .ဖလာမင်ဂိုအသင်းက ငါ့ကို တိုက်စစ်မှူးနေရာမှာကစားစေခဲ့ပြီး နှစ်နည်းနည်းလောက်ကြာတော့ အသက်(၁၇)နှစ်လောက်မှာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရတယ်။
နောက်တော့ ပွဲထွက်ကစားခွင့်ရခဲ့တာပေ့ါ။
နောက်ထပ်လနည်းနည်းလောက်ကြာတော့ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ရွေးခံရပါရော . . .
အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်ကွ ..အဲဒီအချိန်တုန်းက ဖာဘယ်လာကို ခဏပြန်ပြီး င့ါမိသားစုနဲ့ အတူနေချိန်ပေါ့ . . .
တီဗီမှာ ဘရာဇီးလ်အသင်းလူစာရင်းကြေညာတဲ့သတင်းလာတော့ ငါက အခန်းထဲမှာ ခဏကျိုးနေတာလေ ..
င့ါအမေက အခန်းတံခါးကို တဒုန်းဒုန်းနဲ့လာထုပြီး ‘အက်ဒရီယာနို၊ အက်ဒရီယာနို၊ သားလေး ..ဘရာဇီးလ်အသင်းမှာ မင်းကို ရွေးလိုက်ပြီ ..’လို့ အော်တော့တာပဲ။
ငါကတော့ ဟောက်တောင်ဟောက်လိုက်သေး . .ပြီးတော့မှ အိပ်ချင်မူးတူးနဲ့ထပြီး ‘ဟမ် .. အမေ..နောက်နေတာလား’လို့ ပြန်မေးလိုက်ရတဲ့အထိပဲ။
အဲဒါနဲ့ ချက်ချင်းပဲ အိပ်ရာက ထ၊ တီဗီမှာသွားကြည့်တော့ တကယ်ပဲ..ဟေ့ကောင်ရေ . .ငါ့နာမည်ကြီးပါနေတာ . .င့ါအသက်က (၁၈)နှစ်ပဲရှိသေးတာ၊ ပြီးတော့ နေတာကလည်း ဖာဘယ်လာမြို့စွန်မှာ။
ဒီလိုအနေအထားနဲ့ လက်ရွေးစင်အသင်းမှာ ရွေးခံခဲ့ရတယ်ဆိုတော့ ဘုရားသခင်ရဲ့ဂရုဏာကြောင့်လို့ပဲပြောရမယ်။
နောက်(၁)နှစ်လောက်ကြာတော့ ငါ အင်တာမီလန်အသင်းဆီရောက်တယ် .. ပရိသတ်တွေက င့ါကို ‘ဘုရင်ကြီး ( The Emperor)’လို့ နာမည်ပြောင်ပေးခဲ့ကြတယ်။
အင်တာမီလန်အသင်းဖော်တွေရော၊ ဥက္ကဌကြီးမိုရက်တီတို့က ငါ့ကို ဂရုတစိုက်နဲ့ ကူညီပေးခဲ့တယ်။
တစ်ခါတုန်းကဆိုရင် ငါ့မိသားစုက ရီယိုကနေ အီတလီကို လာလည်ကြမယ်ပေ့ါ.မိသားစုဆိုလို့ အဖေနဲ့အမေနှစ်ယောက်တည်းမထင်နဲ့. .သားကြီးရေ..ဘရာဇီးလ်လူမျိုးတွေရဲ့အကျင့်က တခြားနေရာကို သွားလည်ရင် တစ်မျိုးလုံးတစ်ဆွေလုံး ပါလာတာဟ။
ဦးလေးတွေ၊ အဒေါ်တွေ၊ ဆွေမျိုးဝမ်းကွဲတွေ အားလုံးပေါင်း လူ(၄၄)ယောက်က လေယာဉ်နဲ့ လာမယ်ဆိုတာ မိုရက်တီသိသွားတော့ သူတို့တွေအတွက် ဘတ်စ်ကားတစ်စီးစီစဉ်ပေးတော့တာပဲ။
အဲဒါကြောင့် မိုရက်တီရော၊ အင်တာမီလန်နဲ့ပတ်သက်လာရင် ငါ ဘယ်တော့မှ ဝေဖန်တာမျိုးမလုပ်တာပေ့ါ။
ငါ့ရဲ့ကစားသမားဘ၀ အမြင့်ဆုံးရောက်နေချိန်မှာ အပြောင်းအလဲဖြစ်သွားတာကတော့ င့ါအဖေ နှလုံးရောဂါနဲ့ ဆုံးသွားတဲ့ကိစ္စကြောင့်ပဲ။
မင်းကို ငါအမှန်အတိုင်းပြောရရင် င့ါအဖေ ဆုံးသွားပြီးကတည်းက ဘောလုံးအပေါ်ခံစားချက်က အရင်လောက်မရှိတော့တာအမှန်ပဲ။
ငါ ဘောလုံးကစားတဲ့အချိန်တိုင်း၊ ဂိုးတွေသွင်းတဲ့အခါတိုင်း င့ါမိသားစုအတွက်ပဲ ရည်ရွယ်တာ။
ငါ့မိသားစုနဲ့ခွဲပြီး ရေခြားမြေခြား အီတလီနိုင်ငံအထိ ဘောလုံးလာကစားတာကလည်း င့ါမိသားစုအတွက်ပဲလေ။
အဲဒီတော့ အဖေ ဆုံးပြီးနောက်ပိုင်း စိတ်ဓာတ်တွေကျလာခဲ့တယ် . .အရက်တွေ ဆက်တိုက်သောက်ခဲ့တယ် .. လေ့ကျင့်ခန်းလည်း မဆင်းချင်တော့ဘူး.. ဒါပေမဲ့ အဲဒါတွေက အင်တာမီလန်အသင်းနဲ့မဆိုင်ပါဘူး။
အဲဒီအချိန်တုန်းက အိမ်ပြန်ချင်တာပဲ သိတော့တယ်ကွာ ..မီဒီယာတွေကလည်း ဘောလုံးသမားတွေဆိုတာ လူသားတစ်ဦးဖြစ်တယ်ဆိုတာ နားမလည်ကြဘူး ..ငါ့ကို ဝိုင်းဆော်ကြတော့တာပဲ။
အဲဒီကာလတွေမှာ ငါလိုချင်တာက မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ တစ်ချိန်က ပျော်ရွှင်ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ပြန်နေချင်တာပဲ။
ငါချစ်ရတဲ့ပတ်ဝန်းကျင်နဲ့ကင်းကွာပြီး နန်းတော်ထဲမှာ ဇိမ်ကျနေတဲ့ဘဝမျိုး မလိုချင်တော့ဘူး။
တစ်ချိန်က ‘အက်ဒီယာနို’လိုဘဝမျိုး၊ ဘတ်စ်ကားပေါ်မှာ ပေါက်ပေါက်ဆုပ်စားရတဲ့အချိန်မျိုးကိုပဲ ပိုင်ဆိုင်ချင်တော့တယ်။
င့ါကိုယ်ငါလည်း ရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာပါ ထိခိုက်မှုတွေရှိနေပြီဆိုတာ သိနေလို့ ဆရာဝန်တွေနဲ့ တိုင်ပင်ကုသမှုလုပ်ခဲ့ရပြီး မိုရက်တီကလည်း င့ါအပေါ် တကယ်ကောင်းပါတယ်။
သိပ်မကြာခင် ငါ ဖလာမင်ဂိုပြန်ရောက်တယ်၊ The Emperor လည်းမဖြစ်ချင်တော့ဘူး။
ဒါပေမဲ့ အရင်လိုပျော်ရွှင်မှုမျိုး၊ အရင်တုန်းက အက်ဒရီယာနိုလို ခံစားချက်မျိုးပြန်ရတာတော့ အသေအချာပဲ ..သားကြီးရေ ..မင်းလည်း ငါပြောတာတွေ နားထောင်နေရတာ ပျင်းနေလောက်ပြီပေ့ါ …
ငါ အဆုံးသတ်ပြောလိုက်မယ် .. င့ါဘဝမှာ ကမ္ဘာ့ဖလားမရဖူးဘူး၊ ကိုပါလစ်ဘာတာဒိုးစ်ဖလား မရဖူးဘူး..အေး ..ဒါပေမဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝနဲ့ အသင်းဖော်တွေရဲ့ နွေးထွးမှုကို အပြည့်အဝရခဲ့တယ်။
အက်ဒရီယာနိုဟာ ဘုရားသခင်ရဲ့ဂရုဏာကြောင့် တောက်ပခဲ့ရတဲ့ ဆင်းရဲသားရပ်ကွက်ကကောင်လေးတစ်ယောက်ပဲ။
အက်ဒရီယာနိုဟာ ဖာဘယ်လာမြို့စွန်မှာ ဇာတ်မြုပ်သွားတာမဟုတ်ဘူး ..သူ အိမ်ကို ပြန်ရောက်လာတာ . .ဒီလောက်ဆိုရင် မင်းလည်း နားလည်သဘောပေါက်ပြီလို့ ငါထင်တယ် ..သားကြီး”
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အက္ဒရီယာႏို ရင္ထဲကထြက္က်လာတဲ့ အက္ဒရီယာႏိုရဲ႕ဘဝဇာတ္ေၾကာင္း (၂)
တိုက္စစ္ေနရာမွာကစားတာနဲ႔ပတ္သက္လို႔ လူေတာ္ေတာ္မ်ားမ်ား နားမလည္တဲ့ကိစၥတစ္ခုရွိတယ္။ မင္း တိုက္စစ္မႉးအျဖစ္ကစားရရင္ ဒါက ၿပိဳင္ပြဲတစ္ခုလို သေဘာမထားသင့္ဘူး။ ငါဆိုလိုခ်င္တာက မင္းေျခေထာက္ထဲမွာ ေဘာလုံးရွိေနမယ္ဆိုရင္ ၿပိဳင္ဘက္ေနာက္ခံလူေတြက မင္းကို ဝိုင္းႀကဳံးၾကမွာပဲ။ ဒါဆိုရင္ ၿပိဳင္ပြဲမဟုတ္ေတာ့ဘူးေလ။ ဒါက ရန္ပြဲ . .လမ္းမေပၚမွာ ခ်ၾကတဲ့ရန္ပြဲျဖစ္သြားၿပီ။ အဲဒီေတာ့ ငါ ဘာလုပ္လဲ မင္းသိလား .. င့ါေရွ႕မွာရွိေနတဲ့သူေတြကို လက္သီးနဲ႔ပိတ္ထိုးေတာ့တာပဲကြ . .ဖလာမင္ဂိုအသင္းက ငါ့ကို တိုက္စစ္မႉးေနရာမွာကစားေစခဲ့ၿပီး ႏွစ္နည္းနည္းေလာက္ၾကာေတာ့ အသက္(၁၇)ႏွစ္ေလာက္မွာ အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခန္းဆင္းခြင့္ရတယ္။ ေနာက္ေတာ့ ပြဲထြက္ကစားခြင့္ရခဲ့တာေပ့ါ။
ေနာက္ထပ္လနည္းနည္းေလာက္ၾကာေတာ့ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခံရပါေရာ . .အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းတယ္ကြ ..အဲဒီအခ်ိန္တုန္းက ဖာဘယ္လာကို ခဏျပန္ၿပီး င့ါမိသားစုနဲ႔ အတူေနခ်ိန္ေပါ့ . .တီဗီမွာ ဘရာဇီးလ္အသင္းလူစာရင္းေၾကညာတဲ့သတင္းလာေတာ့ ငါက အခန္းထဲမွာ ခဏက်ိဳးေနတာေလ ..င့ါအေမက အခန္းတံခါးကို တဒုန္းဒုန္းနဲ႔လာထုၿပီး ‘အက္ဒရီယာႏို၊ အက္ဒရီယာႏို၊ သားေလး ..ဘရာဇီးလ္အသင္းမွာ မင္းကို ေ႐ြးလိုက္ၿပီ ..’လို႔ ေအာ္ေတာ့တာပဲ။ ငါကေတာ့ ေဟာက္ေတာင္ေဟာက္လိုက္ေသး . .ၿပီးေတာ့မွ အိပ္ခ်င္မူးတူးနဲ႔ထၿပီး ‘ဟမ္ .. အေမ..ေနာက္ေနတာလား’လို႔ ျပန္ေမးလိုက္ရတဲ့အထိပဲ။
အဲဒါနဲ႔ ခ်က္ခ်င္းပဲ အိပ္ရာက ထ၊ တီဗီမွာသြားၾကည့္ေတာ့ တကယ္ပဲ..ေဟ့ေကာင္ေရ . .ငါ့နာမည္ႀကီးပါေနတာ . .င့ါအသက္က (၁၈)ႏွစ္ပဲရွိေသးတာ၊ ၿပီးေတာ့ ေနတာကလည္း ဖာဘယ္လာၿမိဳ႕စြန္မွာ။ ဒီလိုအေနအထားနဲ႔ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခံခဲ့ရတယ္ဆိုေတာ့ ဘုရားသခင္ရဲ႕ဂ႐ုဏာေၾကာင့္လို႔ပဲေျပာရမယ္။ ေနာက္(၁)ႏွစ္ေလာက္ၾကာေတာ့ ငါ အင္တာမီလန္အသင္းဆီေရာက္တယ္ .. ပရိသတ္ေတြက င့ါကို ‘ဘုရင္ႀကီး ( The Emperor)’လို႔ နာမည္ေျပာင္ေပးခဲ့ၾကတယ္။
အင္တာမီလန္အသင္းေဖာ္ေတြေရာ၊ ဥကၠဌႀကီးမိုရက္တီတို႔က ငါ့ကို ဂ႐ုတစိုက္နဲ႔ ကူညီေပးခဲ့တယ္။ တစ္ခါတုန္းကဆိုရင္ ငါ့မိသားစုက ရီယိုကေန အီတလီကို လာလည္ၾကမယ္ေပ့ါ.မိသားစုဆိုလို႔ အေဖနဲ႔အေမႏွစ္ေယာက္တည္းမထင္နဲ႔. .သားႀကီးေရ..ဘရာဇီးလ္လူမ်ိဳးေတြရဲ႕အက်င့္က တျခားေနရာကို သြားလည္ရင္ တစ္မ်ိဳးလုံးတစ္ေဆြလုံး ပါလာတာဟ။ ဦးေလးေတြ၊ အေဒၚေတြ၊ ေဆြမ်ိဳးဝမ္းကြဲေတြ အားလုံးေပါင္း လူ(၄၄)ေယာက္က ေလယာဥ္နဲ႔ လာမယ္ဆိုတာ မိုရက္တီသိသြားေတာ့ သူတို႔ေတြအတြက္ ဘတ္စ္ကားတစ္စီးစီစဥ္ေပးေတာ့တာပဲ။ အဲဒါေၾကာင့္ မိုရက္တီေရာ၊ အင္တာမီလန္နဲ႔ပတ္သက္လာရင္ ငါ ဘယ္ေတာ့မွ ေဝဖန္တာမ်ိဳးမလုပ္တာေပ့ါ။
ငါ့ရဲ႕ကစားသမားဘ၀ အျမင့္ဆုံးေရာက္ေနခ်ိန္မွာ အေျပာင္းအလဲျဖစ္သြားတာကေတာ့ င့ါအေဖ ႏွလုံးေရာဂါနဲ႔ ဆုံးသြားတဲ့ကိစၥေၾကာင့္ပဲ။ မင္းကို ငါအမွန္အတိုင္းေျပာရရင္ င့ါအေဖ ဆုံးသြားၿပီးကတည္းက ေဘာလုံးအေပၚခံစားခ်က္က အရင္ေလာက္မရွိေတာ့တာအမွန္ပဲ။ ငါ ေဘာလုံးကစားတဲ့အခ်ိန္တိုင္း၊ ဂိုးေတြသြင္းတဲ့အခါတိုင္း င့ါမိသားစုအတြက္ပဲ ရည္႐ြယ္တာ။
ငါ့မိသားစုနဲ႔ခြဲၿပီး ေရျခားေျမျခား အီတလီႏိုင္ငံအထိ ေဘာလုံးလာကစားတာကလည္း င့ါမိသားစုအတြက္ပဲေလ။ အဲဒီေတာ့ အေဖ ဆုံးၿပီးေနာက္ပိုင္း စိတ္ဓာတ္ေတြက်လာခဲ့တယ္ . .အရက္ေတြ ဆက္တိုက္ေသာက္ခဲ့တယ္ .. ေလ့က်င့္ခန္းလည္း မဆင္းခ်င္ေတာ့ဘူး.. ဒါေပမဲ့ အဲဒါေတြက အင္တာမီလန္အသင္းနဲ႔မဆိုင္ပါဘူး။ အဲဒီအခ်ိန္တုန္းက အိမ္ျပန္ခ်င္တာပဲ သိေတာ့တယ္ကြာ ..မီဒီယာေတြကလည္း ေဘာလုံးသမားေတြဆိုတာ လူသားတစ္ဦးျဖစ္တယ္ဆိုတာ နားမလည္ၾကဘူး ..ငါ့ကို ဝိုင္းေဆာ္ၾကေတာ့တာပဲ။ အဲဒီကာလေတြမွာ ငါလိုခ်င္တာက မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔အတူ တစ္ခ်ိန္က ေပ်ာ္႐ႊင္ခဲ့ရတဲ့ ပတ္ဝန္းက်င္မွာ ျပန္ေနခ်င္တာပဲ။ ငါခ်စ္ရတဲ့ပတ္ဝန္းက်င္နဲ႔ကင္းကြာၿပီး နန္းေတာ္ထဲမွာ ဇိမ္က်ေနတဲ့ဘဝမ်ိဳး မလိုခ်င္ေတာ့ဘူး။
တစ္ခ်ိန္က ‘အက္ဒီယာႏို’လိုဘဝမ်ိဳး၊ ဘတ္စ္ကားေပၚမွာ ေပါက္ေပါက္ဆုပ္စားရတဲ့အခ်ိန္မ်ိဳးကိုပဲ ပိုင္ဆိုင္ခ်င္ေတာ့တယ္။ င့ါကိုယ္ငါလည္း ႐ုပ္ပိုင္းေရာ၊ စိတ္ပိုင္းမွာပါ ထိခိုက္မႈေတြရွိေနၿပီဆိုတာ သိေနလို႔ ဆရာဝန္ေတြနဲ႔ တိုင္ပင္ကုသမႈလုပ္ခဲ့ရၿပီး မိုရက္တီကလည္း င့ါအေပၚ တကယ္ေကာင္းပါတယ္။ သိပ္မၾကာခင္ ငါ ဖလာမင္ဂိုျပန္ေရာက္တယ္၊ The Emperor လည္းမျဖစ္ခ်င္ေတာ့ဘူး။
ဒါေပမဲ့ အရင္လိုေပ်ာ္႐ႊင္မႈမ်ိဳး၊ အရင္တုန္းက အက္ဒရီယာႏိုလို ခံစားခ်က္မ်ိဳးျပန္ရတာေတာ့ အေသအခ်ာပဲ ..သားႀကီးေရ ..မင္းလည္း ငါေျပာတာေတြ နားေထာင္ေနရတာ ပ်င္းေနေလာက္ၿပီေပ့ါ ..ငါ အဆုံးသတ္ေျပာလိုက္မယ္ .. င့ါဘဝမွာ ကမာၻ႔ဖလားမရဖူးဘူး၊ ကိုပါလစ္ဘာတာဒိုးစ္ဖလား မရဖူးဘူး..ေအး ..ဒါေပမဲ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝနဲ႔ အသင္းေဖာ္ေတြရဲ႕ ေႏြးထြးမႈကို အျပည့္အဝရခဲ့တယ္။ အက္ဒရီယာႏိုဟာ ဘုရားသခင္ရဲ႕ဂ႐ုဏာေၾကာင့္ ေတာက္ပခဲ့ရတဲ့ ဆင္းရဲသားရပ္ကြက္ကေကာင္ေလးတစ္ေယာက္ပဲ။ အက္ဒရီယာႏိုဟာ ဖာဘယ္လာၿမိဳ႕စြန္မွာ ဇာတ္ျမဳပ္သြားတာမဟုတ္ဘူး ..သူ အိမ္ကို ျပန္ေရာက္လာတာ . .ဒီေလာက္ဆိုရင္ မင္းလည္း နားလည္သေဘာေပါက္ၿပီလို႔ ငါထင္တယ္ ..သားႀကီး”