အက်ဒရီယာနို ရင်ထဲကထွက်ကျလာတဲ့ အက်ဒရီယာနိုရဲ့ဘဝဇာတ်ကြောင်း (၁)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

“လူတွေက ငါ့ကို လူ့ပတ်ဝန်းကျင်ထဲမှာ မရှိတော့ဘူး။ အက်ဒရီယာနိုဟာ ဆေးစွဲနေပြီ။

ဖာဘယ်လာမြို့စွန်မှာ အက်ဒရီယာနိုတစ်ယောက်တော့ ဇာတ်မြုပ်နေရရှာပြီလို့ ထင်နေကြတယ်။

သတင်းခေါင်းကြီးတွေမှာ အဲဒီလိုရေးထားတာကို ငါ ဘယ်နှကြိမ်အထိ ဖတ်ခဲ့ရလဲလို့ မင်းထင်လဲ။

ေ-ာက်ရေးမပါတာတွေ။ ကဲ . .အခုတော့ ငါ မင်းရှေ့မှာ ပြုံးပြုံးလေးနဲ့ရောက်နေပြီ။

အဲဒီကိစ္စတွေကို ငါ့ကိုယ်တိုင်ပြောပြတာ မင်း အမှန်အတိုင်းကြားချင်လား ??

မီဒီယာတွေရေးနေသလို ပေါက်ကရတွေမဟုတ်ဘူးလေ .. ထိုင်ခုံယူလိုက် ..သားကြီး ..အက်ဒရီယာနိုမှာ မင်းကို ပြောစရာ ဇာတ်လမ်းတစ်ပုဒ်ရှိနေတယ်။

ဖာဘယ်လာဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ကို လူတွေက တလွဲတွေထင်ကြတော့တာပဲ။

ဘရာဇီးလ်နိုင်ငံကို မရောက်ဖူးတဲ့လူတွေဆိုရင် ဖာဘယ်လာမြို့စွန်အကြောင်းကို ကောင်းကောင်းနားမလည်ကြဘူး။

ဘရာဇီးလ်နိုင်ငံအကြောင်းကို ပြောတဲ့အခါမျိုး . . ဆင်းရဲသားရပ်ကွက်မှာ ကလေးတွေ ဘယ်လိုနေထိုင်ကြလဲဆိုတာ ပြောတဲ့အခါမျိုးတွေပေ့ါ။

ဖာဘယ်လာရပ်ကွက်နဲ့ပတ်သက်လို့ လူတွေ ပါးစပ်ကထွက်လာတဲ့စကားအများစုက မကောင်းတာတွေများတယ်။

အေး ..တချို့တလေကတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ဖြေရှင်းဖို့တော်တော်ခက်တယ်ကွ။

ဖာဘယ်လာမှာ ကြီးပြင်းခဲ့ရတဲ့ ငါ့ ငယ်ဘဝအကြောင်းကို ပြန်စဉ်းစားရင် ငါတို့တွေ ဘယ်လောက်ပျော်ခဲ့ရလဲဆိုတာကိုပဲ တွေးမိတယ်။

သူငယ်ချင်းတွေနဲ့ ‘စွန်’အတူလွှတ်ခဲ့တာတွေ ..’ဂျင်’အတူပေါက်ခဲ့ကြတာတွေ …

ပြီးတော့ နောက်ဖေးလမ်းကြားထဲမှာ ကလေးတွေစုပြီး ဘောလုံးကန်ကြတာတွေပေ့ါ။

အဲဒီအချိန်က တကယ့်ကို ပျော်စရာကောင်းတဲ့ ကလေးဘဝပဲ။

အခုခေတ်ကလေးတွေလို ဖုန်းကို တစ်ချိန်လုံး တစ်ထောက်ထောက်နဲ့ ေ-ာက်ရေးမပါတာတွေပဲ လုပ်နေတာမဟုတ်ဘူး။

ငါ့ မိသားစု၊ င့ါသူငယ်ချင်းတွေနဲ့ လူ့အသိုင်းအဝိုင်းဆိုတဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်၀၀ရရှိခဲ့တယ်။

ငါ့ရဲ့ကလေးဘဝကို ဘာမှစိတ်ထိခိုက်နာကျင်စရာတွေမရှိဘဲ ဖြတ်သန်းခဲ့တယ်။

ဒီမှာ ငါပြောမယ်..သားကြီး . .င့ါရဲ့ ဘောလုံးသမားဘဝမှာ ငွေတွေအများကြီးရခဲ့ဖူးတယ်။

ဒါပေမဲ့ အဲဒီအချိန်က ပျော်ရွှင်မှုမျိုးပြန်ရအောင် ငါ ငွေနဲ့ဝယ်လို့ရမယ်ထင်နေလား . ငါဘာပြောချင်လဲ မင်းပေါက်ပါတယ်။

အဲဒီတုန်းကဆိုရင် ငါဟာ တစ်ချိန်လုံး ဘောလုံးတစ်လုံးနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။

ငါ့အသက်(၇)နှစ်လောက်မှာ ငါ့မိသားစုက သူတို့ရဲ့ရှိစုမဲ့စုလေးတွေ စုပေါင်းပြီး ဖလာမင်ဂိုအကယ်ဒမီကို တက်ရောက်နိုင်ဖို့ စီစဉ်ကြတော့တာပဲ။

တကယ် မယုံနိုင်လောက်အောင်ပဲ ..သားကြီးရေ . .ဖာဘယ်လာကနေ ဖလာမင်ဂိုကိုသွားရမယ်??

နှစ်ခါမစဉ်းစားလိုက်ရဘူး .. ဖိနပ်ကောက်စီးပြီး ဘတ်စ်ကားဂိတ်ဘယ်မှာလဲ ရှာတော့တာပဲ။

ဒါပေမဲ့ ငါတို့နေတာက Penha မြို့မှာဆိုတော့ အဲဒီကနေ Gávea မှာရှိတဲ့ ဖလာမင်ဂိုအကယ်ဒမီဆီ သွားရမယ့် ေ-ာက်အကွာအဝေးက နည်းတာမဟုတ်ဘူး။

အဲဒီအချိန်ကလည်း ၁၉၉၀ ဝန်းကျင်လောက်ကဆိုတော့ ဘတ်စ်ကားတွေက အခုလို အဆင်မပြေသေးဘူးလေ။

ငါကလည်း ငယ်သေးတော့ အတူသွားဖို့အဖော်တစ်ယောက်လိုလာပြီလေ။

အဲဒီမှာ ငါ့ဘဝအတွက်အရေးပါတဲ့ ငါ့ကို ငယ်ငယ်လေးကတည်းက ထိန်းကျောင်းခဲ့တဲ့ ကလေးထိန်းအဘွားနဲ့အတူ ဖလာမင်ဂိုအကယ်ဒမီဆီသွားရတော့တာပဲ။

အောင်မယ် ..အဘွားနဲ့နေရတာဆိုလို့ မင်းက ဘာစပ်ဖြဲဖြဲလုပ်နေတာလဲ . .မင်း သူ့နာမည်ကို တလေးတစားနဲ့ခေါ်ရမယ်ကွ။

သူသာ မရှိရင် မင်းတို့သိခဲ့ကြတဲ့ အက်ဒရီယာနိုဆိုတာလည်း ရှိလာမှာမဟုတ်တော့ဘူး။

သူက ငါ့ကို ငယ်ငယ်လေးကတည်းက အမေတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့တယ်၊

နောက်ဆုံးလေ့ကျင့်ရေးကွင်းအထိတောင် လိုက်ပြီး အသံစာစာနဲ့ အော်ဟစ်အားပေးခဲ့တယ်။

င့ါအတွက်တော့ သူက မော်ရင်ဟိုမတိုင်ခင် လက်ဦးဆရာမော်ရင်ဟိုလို့တောင် သတ်မှတ်ရမယ်။

ရယ်စရာကောင်းတာက င့ါနာမည်ကို တစ်ခါမှမှန်အောင်အသံမထွက်တတ်တာပဲ။

ငါကလေးဘဝတည်းက သူ င့ါကို ခေါ်တာက ‘အက်ဒီယာနို’လို့ ခေါ်ခဲ့တာကွ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္ဒရီယာႏို ရင္ထဲကထြက္က်လာတဲ့ အက္ဒရီယာႏိုရဲ႕ဘဝဇာတ္ေၾကာင္း (၁)

“လူေတြက ငါ့ကို လူ႔ပတ္ဝန္းက်င္ထဲမွာ မရွိေတာ့ဘူး။ အက္ဒရီယာႏိုဟာ ေဆးစြဲေနၿပီ။ ဖာဘယ္လာၿမိဳ႕စြန္မွာ အက္ဒရီယာႏိုတစ္ေယာက္ေတာ့ ဇာတ္ျမဳပ္ေနရရွာၿပီလို႔ ထင္ေနၾကတယ္။ သတင္းေခါင္းႀကီးေတြမွာ အဲဒီလိုေရးထားတာကို ငါ ဘယ္ႏွႀကိမ္အထိ ဖတ္ခဲ့ရလဲလို႔ မင္းထင္လဲ။ ေ-ာက္ေရးမပါတာေတြ။ ကဲ . .အခုေတာ့ ငါ မင္းေရွ႕မွာ ၿပဳံးၿပဳံးေလးနဲ႔ေရာက္ေနၿပီ။ အဲဒီကိစၥေတြကို ငါ့ကိုယ္တိုင္ေျပာျပတာ မင္း အမွန္အတိုင္းၾကားခ်င္လား ?? မီဒီယာေတြေရးေနသလို ေပါက္ကရေတြမဟုတ္ဘူးေလ .. ထိုင္ခုံယူလိုက္ ..သားႀကီး ..အက္ဒရီယာႏိုမွာ မင္းကို ေျပာစရာ ဇာတ္လမ္းတစ္ပုဒ္ရွိေနတယ္။ ဖာဘယ္လာဆိုတဲ့ နာမည္ၾကားလိုက္တာနဲ႔ကို လူေတြက တလြဲေတြထင္ၾကေတာ့တာပဲ။

ဘရာဇီးလ္ႏိုင္ငံကို မေရာက္ဖူးတဲ့လူေတြဆိုရင္ ဖာဘယ္လာၿမိဳ႕စြန္အေၾကာင္းကို ေကာင္းေကာင္းနားမလည္ၾကဘူး။ ဘရာဇီးလ္ႏိုင္ငံအေၾကာင္းကို ေျပာတဲ့အခါမ်ိဳး . . ဆင္းရဲသားရပ္ကြက္မွာ ကေလးေတြ ဘယ္လိုေနထိုင္ၾကလဲဆိုတာ ေျပာတဲ့အခါမ်ိဳးေတြေပ့ါ။ ဖာဘယ္လာရပ္ကြက္နဲ႔ပတ္သက္လို႔ လူေတြ ပါးစပ္ကထြက္လာတဲ့စကားအမ်ားစုက မေကာင္းတာေတြမ်ားတယ္။ ေအး ..တခ်ိဳ႕တေလကေတာ့ မွန္ပါတယ္။ ဒါေပမဲ့ အဲဒါက ေျဖရွင္းဖို႔ေတာ္ေတာ္ခက္တယ္ကြ။ ဖာဘယ္လာမွာ ႀကီးျပင္းခဲ့ရတဲ့ ငါ့ ငယ္ဘဝအေၾကာင္းကို ျပန္စဥ္းစားရင္ ငါတို႔ေတြ ဘယ္ေလာက္ေပ်ာ္ခဲ့ရလဲဆိုတာကိုပဲ ေတြးမိတယ္။ သူငယ္ခ်င္းေတြနဲ႔ ‘စြန္’အတူလႊတ္ခဲ့တာေတြ ..’ဂ်င္’အတူေပါက္ခဲ့ၾကတာေတြ ..ၿပီးေတာ့ ေနာက္ေဖးလမ္းၾကားထဲမွာ ကေလးေတြစုၿပီး ေဘာလုံးကန္ၾကတာေတြေပ့ါ။

အဲဒီအခ်ိန္က တကယ့္ကို ေပ်ာ္စရာေကာင္းတဲ့ ကေလးဘဝပဲ။ အခုေခတ္ကေလးေတြလို ဖုန္းကို တစ္ခ်ိန္လုံး တစ္ေထာက္ေထာက္နဲ႔ ေ-ာက္ေရးမပါတာေတြပဲ လုပ္ေနတာမဟုတ္ဘူး။ ငါ့ မိသားစု၊ င့ါသူငယ္ခ်င္းေတြနဲ႔ လူ႔အသိုင္းအဝိုင္းဆိုတဲ့ အဓိပၸါယ္ကို ျပည့္ျပည့္၀၀ရရွိခဲ့တယ္။ ငါ့ရဲ႕ကေလးဘဝကို ဘာမွစိတ္ထိခိုက္နာက်င္စရာေတြမရွိဘဲ ျဖတ္သန္းခဲ့တယ္။ ဒီမွာ ငါေျပာမယ္..သားႀကီး . .င့ါရဲ႕ ေဘာလုံးသမားဘဝမွာ ေငြေတြအမ်ားႀကီးရခဲ့ဖူးတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္က ေပ်ာ္႐ႊင္မႈမ်ိဳးျပန္ရေအာင္ ငါ ေငြနဲ႔ဝယ္လို႔ရမယ္ထင္ေနလား . ငါဘာေျပာခ်င္လဲ မင္းေပါက္ပါတယ္။ အဲဒီတုန္းကဆိုရင္ ငါဟာ တစ္ခ်ိန္လုံး ေဘာလုံးတစ္လုံးနဲ႔ပဲ အခ်ိန္ကုန္ခဲ့ရတယ္။ ငါ့အသက္(၇)ႏွစ္ေလာက္မွာ ငါ့မိသားစုက သူတို႔ရဲ႕ရွိစုမဲ့စုေလးေတြ စုေပါင္းၿပီး ဖလာမင္ဂိုအကယ္ဒမီကို တက္ေရာက္ႏိုင္ဖို႔ စီစဥ္ၾကေတာ့တာပဲ။ တကယ္ မယုံႏိုင္ေလာက္ေအာင္ပဲ ..သားႀကီးေရ . .ဖာဘယ္လာကေန ဖလာမင္ဂိုကိုသြားရမယ္??

ႏွစ္ခါမစဥ္းစားလိုက္ရဘူး .. ဖိနပ္ေကာက္စီးၿပီး ဘတ္စ္ကားဂိတ္ဘယ္မွာလဲ ရွာေတာ့တာပဲ။ ဒါေပမဲ့ ငါတို႔ေနတာက Penha ၿမိဳ႕မွာဆိုေတာ့ အဲဒီကေန Gávea မွာရွိတဲ့ ဖလာမင္ဂိုအကယ္ဒမီဆီ သြားရမယ့္ ေ-ာက္အကြာအေဝးက နည္းတာမဟုတ္ဘူး။ အဲဒီအခ်ိန္ကလည္း ၁၉၉၀ ဝန္းက်င္ေလာက္ကဆိုေတာ့ ဘတ္စ္ကားေတြက အခုလို အဆင္မေျပေသးဘူးေလ။ ငါကလည္း ငယ္ေသးေတာ့ အတူသြားဖို႔အေဖာ္တစ္ေယာက္လိုလာၿပီေလ။ အဲဒီမွာ ငါ့ဘဝအတြက္အေရးပါတဲ့ ငါ့ကို ငယ္ငယ္ေလးကတည္းက ထိန္းေက်ာင္းခဲ့တဲ့ ကေလးထိန္းအဘြားနဲ႔အတူ ဖလာမင္ဂိုအကယ္ဒမီဆီသြားရေတာ့တာပဲ။

ေအာင္မယ္ ..အဘြားနဲ႔ေနရတာဆိုလို႔ မင္းက ဘာစပ္ၿဖဲၿဖဲလုပ္ေနတာလဲ . .မင္း သူ႔နာမည္ကို တေလးတစားနဲ႔ေခၚရမယ္ကြ။ သူသာ မရွိရင္ မင္းတို႔သိခဲ့ၾကတဲ့ အက္ဒရီယာႏိုဆိုတာလည္း ရွိလာမွာမဟုတ္ေတာ့ဘူး။ သူက ငါ့ကို ငယ္ငယ္ေလးကတည္းက အေမတစ္ေယာက္လို ျပဳစုပ်ိဳးေထာင္ခဲ့တယ္၊ ေနာက္ဆုံးေလ့က်င့္ေရးကြင္းအထိေတာင္ လိုက္ၿပီး အသံစာစာနဲ႔ ေအာ္ဟစ္အားေပးခဲ့တယ္။ င့ါအတြက္ေတာ့ သူက ေမာ္ရင္ဟိုမတိုင္ခင္ လက္ဦးဆရာေမာ္ရင္ဟိုလို႔ေတာင္ သတ္မွတ္ရမယ္။ ရယ္စရာေကာင္းတာက င့ါနာမည္ကို တစ္ခါမွမွန္ေအာင္အသံမထြက္တတ္တာပဲ။ ငါကေလးဘဝတည္းက သူ င့ါကို ေခၚတာက ‘အက္ဒီယာႏို’လို႔ ေခၚခဲ့တာကြ။