အက်စ်ပန်ညိုကို အနိုင်ရခဲ့လို့ အသင်းသားတွေကို အိုင်ဖုန်းတစ်လုံးစီ လက်ဆောင်ပေးခဲ့တဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

ဗယ်လာဒိုလစ်အသင်းပိုင်ရှင် ရော်နယ်ဒိုနာဇာရီယို(ဒိုကြီး)ဟာ သူ့အသင်း တန်းမဆင်းရရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးပါဝင်လှုပ်ရှားနေပြီး ယမန်နှစ်နွေရာသီက အသင်းသားတွေကို နာမည်ကြီး ဖော်မန်တီရာကမ်းခြေဆီ အလည်အပတ် လိုက်ပို့ပေးခဲ့သလို အခုလည်း အက်စ်ပန်ညိုအသင်းကို အနိုင်ရခဲ့ပြီးနောက် အသင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မိုဘိုင်းဖုန်းနဲ့ လေယာဉ်လက်မှတ်တွေ လက်ဆောင်ပေးခဲ့ပါတယ်။

Photo Credit

ဗယ်လာဒိုလစ်အတွက် တန်းမဆင်းရရေးရုန်းဖော်ရုန်းဘက်ကို အနိုင်ရခဲ့တာက တကယ့်ကိုကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့သောကြာနေ့က ဆိုစီဒက်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းကတော့ တန်းဆင်းဇုန်ထဲက မာယော့ကာနဲ့ ၇ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ဗယ်လာဒိုလစ်အသင်းသားတစ်ဦးစီကို အိုင်ဖုန်းတစ်လုံးစီလက်ဆောင်ပေးခဲ့တဲ့အပြင် လေယာဉ်လက်မှတ်တချို့လည်း လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဒီလက်ဆောင်တွေက ကြွယ်ဝချမ်းသာတဲ့ကစားသမားတွေအတွက် သူ့ဘာသာသူ ဝယ်ဖို့ မခက်တဲ့အရာတွေဖြစ်သလို သူတို့ဆီမှာ ရှိပြီးသားလည်းဖြစ်နိုင်ပေမယ့် အသင်းပိုင်ရှင်ဖြစ်သူက အသိအမှတ်ပြု အလေးထားတယ်ဆိုတဲ့ဆန္ဒက အဓိကကျပါတယ်။

Photo Credit

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ၂ကြိမ်ရရှိခဲ့သလို ကလပ်အသင်းကစားသမားဘဝမှာလည်း အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

အက္စ္ပန္ညိဳကို အႏိုင္ရခဲ့လုိ႔ အသင္းသားေတြကို အုိင္ဖုန္းတစ္လုံးစီ လက္ေဆာင္ေပးခဲ့တဲ့ ေရာ္နယ္ဒို

ဗယ္လာဒိုလစ္အသင္းပိုင္ရွင္ ေရာ္နယ္ဒိုနာဇာရီယို(ဒုိႀကီး)ဟာ သူ႕အသင္း တန္းမဆင္းရေရးအတြက္ တတ္ႏိုင္တဲ့ဘက္ကေန အေကာင္းဆုံးပါ၀င္လႈပ္ရွားေနၿပီး ယမန္ႏွစ္ေႏြရာသီက အသင္းသားေတြကို နာမည္ႀကီး ေဖာ္မန္တီရာကမ္းေျခဆီ အလည္အပတ္ လုိက္ပို႔ေပးခဲ့သလို အခုလည္း အက္စ္ပန္ညိဳအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ အသင္းသားေတြကို ဂုဏ္ျပဳတ့ဲအေနနဲ႔ မိုုဘိုင္းဖုန္းနဲ႔ ေလယာဥ္လက္မွတ္ေတြ လက္ေဆာင္ေပးခဲ့ပါတယ္။
ဗယ္လာဒိုလစ္အတြက္ တန္းမဆင္းရေရး႐ုန္းေဖာ္႐ုန္းဘက္ကို အႏိုင္ရခဲ့တာက တကယ့္ကိုႀကီးမားတ့ဲႏိုင္ပဲြျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ေသာၾကာေန႔က ဆုိစီဒက္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ေပမယ့္ အသင္းကေတာ့ တန္းဆင္းဇုန္ထဲက မာေယာ့ကာနဲ႔ ၇ မွတ္အကြာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနပါတယ္။
ရီးရဲလ္တုိက္စစ္မွဴးေဟာင္း ေရာ္နယ္ဒိုဟာ ဗယ္လာဒိုလစ္အသင္းသားတစ္ဦးစီကို အုိင္ဖုန္းတစ္လုံးစီလက္ေဆာင္ေပးခဲ့တဲ့အျပင္ ေလယာဥ္လက္မွတ္တခ်ိဳ႕လည္း လက္ေဆာင္ေပးခဲ့တယ္လုိ႔ သိရပါတယ္။
ဒီလက္ေဆာင္ေတြက ႂကြယ္၀ခ်မ္းသာတဲ့ကစားသမားေတြအတြက္ သူ႕ဘာသာသူ ၀ယ္ဖုိ႔ မခက္တဲ့အရာေတြျဖစ္သလုိ သူတုိ႔ဆီမွာ ရွိၿပီးသားလည္းျဖစ္ႏိုင္ေပမယ့္ အသင္းပိုင္ရွင္ျဖစ္သူက အသိအမွတ္ျပဳ အေလးထားတယ္ဆုိတဲ့ဆႏၵက အဓိကက်ပါတယ္။
ဘရာဇီးဂႏၳ၀င္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ကစားသမားဘ၀မွာ ေအာင္ျမင္မႈအမ်ားအျပားရယူႏုိင္ခဲ့ၿပီး ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံ ၂ႀကိမ္ရရွိခဲ့သလို ကလပ္အသင္းကစားသမားဘ၀မွာလည္း ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။