အက်စ်တာနာနဲ့ ပွဲမှာ မန်ယူလူငယ်တွေဘယ်လိုစွမ်းဆောင်နိုင်ခဲ့ကြသလဲ

Photo- Internet
Photo- Internet

အက်စ်တာနာကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ နည်းပြ ဆိုးလ်ရှားဟာ မန်ယူကိုလူငယ်အများစုနဲ့ ပွဲထွက်စေခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသမား လီဂရန့်၊ ဒီရှောင်ဘားနက်၊ အီသန်လာဒ်၊ ဂါနာ၊ တာဟစ်ချောင်နဲ့ ဒိုင်လန်လီဗစ် တို့လို လူငယ်တွေကိုပွဲထွက် ကစားစေခဲ့တာပါ။ ဒီပွဲမှာ မန်ယူဟာ တာဟစ်ချောင်ရဲ့အံအားသင့်စရာလွဲချော်မှု ကအဓိက အာရုံစိုက်စရာဖြစ်ခဲ့တာပါ။

‘ဒါပေမယ့် ဒီပွဲက လူငယ်တွေဟာ မန်ယူရဲ့အနာဂတ်တွေဖြစ်တဲ့နည်းတူ သူတို့ရဲ့တစ်ဦးချင်းစွမ်းဆောင်ရည် ဘယ်လိုရှိသလဲဆိုတာကိုလည်း သုံးသပ်ဖို့လိုလာပါတယ်။ဒါကြောင့် manchesterevening ကဖော်ပြခဲ့တဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

Photo- Internet

လီဂရန့်

ပထမပိုင်းမှာလက်စွမ်းမဆိုးပေမယ့် ၃၆ နှစ်ဆိုတဲ့အသက်အရွယ်က ကြာရှည်စွမ်းဆောင်နိုင်ဖို့ကို အတားအဆီးဖြစ်စေခဲ့ပါတယ်။ သူ့ကာကွယ်မှုအချို့ကောင်းမွန်ခဲ့တာကလွဲပြီး ထူးခြားမှုတွေလုပ်မပြနိုင်ခဲ့ပါဘူး။ သူ့အတွက် သတ်မှတ်ချက်က ၅ ပါ။

အီသန်လာ့ဒ်

ညာတောင်ပံခံစစ်သမားဖြစ်ပြီး အတက်အဆင်းမှန်ကန်စွာ ကစားသွားနိုင်လို့ တာဟစ်ချောင်ထက် ပိုပြီးအားကိုးရမယ့်သူဖြစ်တယ်လို့ ဆိုကြပါတယ်။ သူ့သတ်မှတ်ချက်ကတော့ ၆ ပါ။

တူအန်ဇီဘီ

တူအန်ဇီဘီဟာ သူ့ကစားဖော်ဖြစ်တဲ့ ဗဟိုနောက်ခံလူ ဒီရှောင်ဘားနက်ဒ်ကို အများကြီးအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘားနက်ဒ်ဟာ ကစားရတာပိုအဆင်ပြေခဲ့တာပါ။ သူကလည်း ၆ ပါဘဲ။

Photo- Internet

ဒီရှောင်ဘားနက်ဒ်

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဘားနက်ဒ်ဟာ ပထမပိုင်းမှာအဆင်မပြေခဲ့ပါဘူး။ တူအန်ဇီဘီကြောင့် ဒုတိယပိုင်းမှာပိုကောင်းလာပေမယ့် ကိုယ့်ဂိုးကိုယ်သွင်းယူမိမလိုဖြစ်ခဲ့သေးတာပါ။ သူ့သတ်မှတ်ချက်က ၅ ပါ။

လုခ်ရှော

၉၆ ရက်ကြာပြီးနောက် ပထမဆုံးပြန်ကစားတဲ့ ပွဲမှာ လုခ်ရှောဟာ ပုံမှန်ခြေစွမ်းရလုနီးပါးဖြစ်ခဲ့ပါတယ်။ တာဟစ်ချောင်သာ အပိုင်အခွင့်အရေးမလွဲဘူးဆိုရင် သူဟာဂိုးဖန်တီးနိုင်တဲ့သူဖြစ်ခဲ့မှာပါ။ သူ့သတ်မှတ်ချက်က ၅ ဘဲရှိပေမယ့် ဒီတစ်ပတ် အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ပြန်ပါဖို့သင့်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

ဒိုင်လန်လီဗစ်

သူ့လှုပ်ရှားပုံနဲ့ ရွေ့လျားမှုတွေကောင်းမွန်ပြီး မန်ယူအတွက်သင့်လျော်တဲ့ ကစားသမားဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မန်ယူပေးလိုက်ရတဲ့ ချေပဂိုးမှာတော့တာဝန်မကင်းခဲ့ပါဘူး။ သူ့သတ်မှတ်ချက်က ၆ ပါ။

Photo- Internet

ဂျိမ်းစ်ဂါနာ

လီဗစ်နဲ့အတူ ကစားပုံတွေကောင်းခဲ့လို့ ကောင်းမွန်တဲ့စွမ်းရည်ပြခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အက်စ်တာနာက အနိုင်ဂိုးသွင်းယူခြင်းမရှိအောင်တော့ တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ သူုကတော့ ၆ ပါ။

တာဟစ်ချောင်

ဒီရာသီမှာ ၃ ပွဲမြောက်ပွဲထွက်ကစားရမှုနဲ့အတူ တာဟစ်ချောင်ဟာ ခြေစွမ်းလည်းသိပ်မပြနိုင်ခဲ့ပါဘူး။ ခန့်မှန်းရလွ့ယ်ကူတဲ့ သူ့ကစားပုံအပြင် အပိုင်အခွင့်အရေးလွဲခဲ့မှုကြောင့် အဆင့် ၄ ဘဲသတ်မှတ်ခံခဲ့ရပါတယ်။

ဂျက်ဆီလင်ဂတ်

ဇန်နဝါရီနောက်ပိုင်း အသင်းအတွက် ပထဆုံးဂိုးကိုသွင်းယူခဲ့တဲ့ လင်ဂတ်ဟာ အရင်တစ်ပတ်က ရှက်ဖီးယူနိုက်တက် နဲ့ပွဲမှာလည်း ခြေစွမ်းမဆိုးခဲ့ပါဘူး။ ဗီလာနဲ့ပွဲမှာ ပါမယ်ဆိုရင်ပါသင့်တဲ့သူပါဘဲ။ သူ့အတွက် အဆင့် ၆ သတ်မှတ်ပေးထားပါတယ်။

Photo- Internet

အိန်ဂျယ်ဂိုမက်စ်

တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်အချို့နဲ့အတူ ခြေစွမ်းလည်းသိပ်မပြနိုင်ခဲ့ပါဘူး။ ဖရီးကစ်ကနေဂိုးသွင်းယူလုနီးပါး ဖြစ်ခဲ့တာက အကောင်းဆုံးစွမ်းဆောင်နိုင်မှုပါ။ ပွဲပြီးကာနီးမှာ ပိုကောင်းလာပေမယ့် သတ်မှတ်ချက် ၅ ဘဲရခဲ့ပါတယ်။

မာဆန်ဂရင်းဝုဒ်

ဂိုမက်စ်လိုဘဲ ဂရင်းဝုဒ်လည်း တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်တွေချခဲ့ပါတယ်။ သူလည်းအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ သူ့သတ်မှတ်ချက်ကတော့ ၅ ပါ။

Photo- Internet

Zawgyi

အက္စ္တာနာနဲ႔ ပြဲမွာ မန္ယူလူငယ္ေတြဘယ္လိုစြမ္းေဆာင္ႏိုင္ခဲ့ၾကသလဲ

အက္စ္တာနာကို ၂-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ႔ ယူရိုပါလိဂ္အေ၀းကြင္းပြဲစဥ္မွာ နည္းျပ ဆိုးလ္ရွားဟာ မန္ယူကိုလူငယ္အမ်ားစုနဲ႔ ပြဲထြက္ေစခဲ့ပါတယ္။ ဒီပြဲမွာ ဂိုးသမား လီဂရန္႔၊ ဒီေရွာင္ဘားနက္၊ အီသန္လာဒ္၊ ဂါနာ၊ တာဟစ္ေခ်ာင္နဲ႔ ဒိုင္လန္လီဗစ္ တို႔လို လူငယ္ေတြကိုပြဲထြက္ ကစားေစခဲ့တာပါ။ ဒီပြဲမွာ မန္ယူဟာ တာဟစ္ေခ်ာင္ရဲ႕အံအားသင့္စရာလြဲေခ်ာ္မႈ ကအဓိက အာရုံစိုက္စရာျဖစ္ခဲ့တာပါ။

‘ဒါေပမယ္႔ ဒီပြဲက လူငယ္ေတြဟာ မန္ယူရဲ႕အနာဂတ္ေတြျဖစ္တဲ႔နည္းတူ သူတို႔ရဲ႕တစ္ဦးခ်င္းစြမ္းေဆာင္ရည္ ဘယ္လိုရွိသလဲဆိုတာကိုလည္း သုံးသပ္ဖို႔လိုလာပါတယ္။ဒါေၾကာင့္ manchesterevening ကေဖာ္ျပခဲ့တဲ႔ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြကို ျပန္လည္ေဖာက္သည္ခ်လိုက္ပါတယ္။

လီဂရန္႔

ပထမပိုင္းမွာလက္စြမ္းမဆိုးေပမယ္႔ ၃၆ ႏွစ္ဆိုတဲ႔အသက္အရြယ္က ၾကာရွည္စြမ္းေဆာင္ႏိုင္ဖို႔ကို အတားအဆီးျဖစ္ေစခဲ့ပါတယ္။ သူ႔ကာကြယ္မႈအခ်ဳိ႕ေကာင္းမြန္ခဲ့တာကလြဲၿပီး ထူးျခားမႈေတြလုပ္မျပႏိုင္ခဲ့ပါဘူး။ သူ႔အတြက္ သတ္မွတ္ခ်က္က ၅ ပါ။

အီသန္လာ႔ဒ္

ညာေတာင္ပံခံစစ္သမားျဖစ္ၿပီး အတက္အဆင္းမွန္ကန္စြာ ကစားသြားႏိုင္လို႔ တာဟစ္ေခ်ာင္ထက္ ပိုၿပီးအားကိုးရမယ္႔သူျဖစ္တယ္လို႔ ဆိုၾကပါတယ္။ သူ႔သတ္မွတ္ခ်က္ကေတာ႔ ၆ ပါ။

တူအန္ဇီဘီ

တူအန္ဇီဘီဟာ သူ႔ကစားေဖာ္ျဖစ္တဲ႔ ဗဟိုေနာက္ခံလူ ဒီေရွာင္ဘားနက္ဒ္ကို အမ်ားႀကီးအေထာက္အပံ႔ေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဘားနက္ဒ္ဟာ ကစားရတာပိုအဆင္ေျပခဲ့တာပါ။ သူကလည္း ၆ ပါဘဲ။

ဒီေရွာင္ဘားနက္ဒ္

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဘားနက္ဒ္ဟာ ပထမပိုင္းမွာအဆင္မေျပခဲ့ပါဘူး။ တူအန္ဇီဘီေၾကာင့္ ဒုတိယပိုင္းမွာပိုေကာင္းလာေပမယ္႔ ကိုယ္႔ဂိုးကိုယ္သြင္းယူမိမလိုျဖစ္ခဲ့ေသးတာပါ။ သူ႔သတ္မွတ္ခ်က္က ၅ ပါ။

လုခ္ေရွာ

၉၆ ရက္ၾကာၿပီးေနာက္ ပထမဆုံးျပန္ကစားတဲ႔ ပြဲမွာ လုခ္ေရွာဟာ ပုံမွန္ေျခစြမ္းရလုနီးပါးျဖစ္ခဲ့ပါတယ္။ တာဟစ္ေခ်ာင္သာ အပိုင္အခြင့္အေရးမလြဲဘူးဆိုရင္ သူဟာဂိုးဖန္တီးႏိုင္တဲ႔သူျဖစ္ခဲ့မွာပါ။ သူ႔သတ္မွတ္ခ်က္က ၅ ဘဲရွိေပမယ္႔ ဒီတစ္ပတ္ အက္စ္တြန္ဗီလာနဲ႔ ပြဲမွာ ျပန္ပါဖို႔သင့္တယ္လို႔ သတ္မွတ္ခံထားရပါတယ္။

ဒိုင္လန္လီဗစ္

သူ႔လႈပ္ရွားပုံနဲ႔ ေရြ႕လ်ားမႈေတြေကာင္းမြန္ၿပီး မန္ယူအတြက္သင့္ေလ်ာ္တဲ႔ ကစားသမားျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ္႔ မန္ယူေပးလိုက္ရတဲ႔ ေခ်ပဂိုးမွာေတာ႔တာ၀န္မကင္းခဲ့ပါဘူး။ သူ႔သတ္မွတ္ခ်က္က ၆ ပါ။

ဂ်ိမ္းစ္ဂါနာ

လီဗစ္နဲ႔အတူ ကစားပုံေတြေကာင္းခဲ့လို႔ ေကာင္းမြန္တဲ႔စြမ္းရည္ျပခဲ့တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ္႔ အက္စ္တာနာက အႏိုင္ဂိုးသြင္းယူျခင္းမရွိေအာင္ေတာ႔ တားဆီးႏိုင္ျခင္းမရွိခဲ့ပါဘူး။ သူုကေတာ႔ ၆ ပါ။

တာဟစ္ေခ်ာင္

ဒီရာသီမွာ ၃ ပြဲေျမာက္ပြဲထြက္ကစားရမႈနဲ႔အတူ တာဟစ္ေခ်ာင္ဟာ ေျခစြမ္းလည္းသိပ္မျပႏိုင္ခဲ့ပါဘူး။ ခန္႔မွန္းရလြ့ယ္ကူတဲ႔ သူ႔ကစားပုံအျပင္ အပိုင္အခြင့္အေရးလြဲခဲ့မႈေၾကာင့္ အဆင့္ ၄ ဘဲသတ္မွတ္ခံခဲ့ရပါတယ္။

ဂ်က္ဆီလင္ဂတ္

ဇန္န၀ါရီေနာက္ပိုင္း အသင္းအတြက္ ပထဆုံးဂိုးကိုသြင္းယူခဲ့တဲ႔ လင္ဂတ္ဟာ အရင္တစ္ပတ္က ရွက္ဖီးယူႏိုက္တက္ နဲ႔ပြဲမွာလည္း ေျခစြမ္းမဆိုးခဲ့ပါဘူး။ ဗီလာနဲ႔ပြဲမွာ ပါမယ္ဆိုရင္ပါသင့္တဲ႔သူပါဘဲ။ သူ႔အတြက္ အဆင့္ ၆ သတ္မွတ္ေပးထားပါတယ္။

အိန္ဂ်ယ္ဂိုမက္စ္

တစ္ကိုယ္ေကာင္းဆန္တဲ႔ ဆုံးျဖတ္ခ်က္အခ်ဳိ႕နဲ႔အတူ ေျခစြမ္းလည္းသိပ္မျပႏိုင္ခဲ့ပါဘူး။ ဖရီးကစ္ကေနဂိုးသြင္းယူလုနီးပါး ျဖစ္ခဲ့တာက အေကာင္းဆုံးစြမ္းေဆာင္ႏိုင္မႈပါ။ ပြဲၿပီးကာနီးမွာ ပိုေကာင္းလာေပမယ္႔ သတ္မွတ္ခ်က္ ၅ ဘဲရခဲ့ပါတယ္။

မာဆန္ဂရင္း၀ုဒ္

ဂိုမက္စ္လိုဘဲ ဂရင္း၀ုဒ္လည္း တစ္ကိုယ္ေကာင္းဆန္တဲ႔ ဆုံးျဖတ္ခ်က္ေတြခ်ခဲ့ပါတယ္။ သူလည္းအခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ပါဘူး။ သူ႔သတ္မွတ္ခ်က္ကေတာ႔ ၅ ပါ။