အက်စစ်နဲ့အပက်ခံရလို့ မျက်လုံးကွယ်လုနီးပါးအဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရပြီး လီဗာပူးလ်နဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့သူ ဘရန့်ဖို့ဒ်တိုက်စစ်မှူးဝီဆာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပွဲစဉ်(၅)စနေနေ့ပွဲတွေမှာ မထင်မှတ်တဲ့ရလဒ်တွေထွက်ပေါ်ခဲ့တဲ့ ချယ်လ်ဆီးက မန်စီးတီးကို ရှုံး၊ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းမှာပဲ အက်စတွန်ဗီလာကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့သလို

ပိုပြီး Shock ဖြစ်ခဲ့တဲ့ရလဒ်က အသင်းစတင်တည်ထောင်ခဲ့တဲ့အချိန်ကစလို့ နှစ်ပေါင်း(၁၀၀)ကျော်အတွင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်တန်းတက်ခွင့်ရခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းက အင်္ဂလန်ုဘောလုံးသမိုင်းမှာ အောင်မြင်မှုအများဆုံးအသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်ကို (၃-၃)ဂိုးစီသရေကစားနိုင်ခဲ့တာပါပဲ။

ဒီပွဲမှာ ဘရန့်ဖို့ဒ်အသင်းက အဖွင့်ဂိုးသွင်း၊ လီဗာပူးလ်အသင်းက ချေပဂိုးတွေ၊ ဦးဆောင်ဂိုးတွေပြန်သွင်းခဲ့တာကြောင့် ပွဲကအပြန်အလှန်သွင်းဂိုးတွေနဲ့ကြည့်ကောင်းခဲ့သလို

ဘရန့်ဖို့ဒ်အသင်းအတွက် အရေးပါတဲ့ချေပဂိုးကိုတော့ ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ တောင်ပံတိုက်စစ်ကစားသမားဝီဆာက ပါးပါးနပ်နပ်နဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ပွဲမတိုင်ခင်က ယိုနေးဝီဆာဆိုတဲ့နာမည်ကို ကြားတောင်မကြားဖူးသေးတဲ့ ပရိသတ်တွေလည်း အခုသွင်းဂိုးကြောင့် သူ့ကို သတိပြုမိခဲ့တယ်လို့ပြောရမှာပါ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်ဖွား၊ DR ကွန်ဂိုနိုင်ငံသား ဝီဆာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပြင်သစ်လီဂူးကလပ်လော်ရီယန့်အသင်းကနေ ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာ ဘရန့်ဖို့ဒ်အသင်းသရေတစ်မှတ်ရဖို့အတွက် အရေးပါတဲ့ချေပဂိုးသွင်းယူပြီး သူရဲကောင်းဖြစ်ခဲ့ပေမယ့် ဝီဆာဟာ အခုနှစ်အတွင်းမှာပဲ ဘောလုံးသမားဘဝကေ အနားယူရပြီးတော့

အမြင်အာရုံပါကွယ်ပျောက်သွားနိုင်တဲ့အထိ ဆိုးရွားတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရသလို ကံကောင်းလို့သာ ဒီနေ့ဒီအချိန်အထိ ဘောလုံးဆက်ကစားနိုင်နေတာပါ။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဖရိကန်အမျိုးသမီးတစ်ဦးဟာ ဝီဆာတို့ဇနီးမောင်နှံဆီကနေ မွေးခါစကလေးငယ်ကို ခိုးယူဖို့ကြိုးစားခဲ့ပြီး

ဝီဆာရဲ့မျက်နှာကိုလည်း အက်ဆစ်နဲ့ပက်ခဲ့လို့ မျက်နှာနဲ့မျက်လုံးတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

အဲဒီအမျိုးသမီးဟာ မကြာခင်ကမှ ကလေးပျက်ကျခဲ့ပြီး ဒီအကြောင်းကို သူမအမျိုးသားမသိအောင်ဖုံးကွယ်ပြီးတော့ တခြားကလေးတစ်ဦးနဲ့အစားထိုးဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဝီဆာတို့ဇနီးမောင်နှံဆီကနေ ကလေးခိုးဖို့အဆင်မပြေခဲ့တာကြောင့် နောက်ထပ်အမျိုးသမီးတစ်ဦးကိုလည်း အက်ဆစ်နဲ့ပက်ပြီးတော့ အဲဒီအမျိုးသမီးရဲ့ကလေးကို ခိုးယူခဲ့ပြီး မကြာခင်မှာပဲ ပြစ်မှုကျူးလွန်တဲ့အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် ဝီဆာဟာ လော်ရီယန့်အသင်းအတွက်မကစားနိုင်တော့ဘဲ ရက်ပေါင်းအတော်ကြာတဲ့အထိအနားယူခဲ့ရပြီး ကံသီလို့သာ မျက်လုံးမကွယ်ခဲ့တာပါ။

ဘောလုံးသမားဘဝသာမက သာမန်လူနေထိုင်မှုဘဝပါ အဆုံးသတ်သွားလောက်တဲ့အထိ ထိတ်လန့်တုန်လှုပ်စရာအဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဝီဆာတစ်ယောက် အခုအချိန်မှာ ဘရန့်ဖို့ဒ်အသင်းရဲ့ သူရဲကောင်းအဖြစ်သတ်မှတ်ခံထားရပြီဖြစ်လို့

‘မုန်တိုင်းတွေပြီးသွားရင် လေပြည်လေညင်းတွေလာစမြဲ’ဆိုတဲ့စကားအတိုင်းပဲ ဝီဆာလည်း သူ့ဘဝရဲ့အဆိုးရွားဆုံးအဖြစ်ဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘရန့်ဖို့ဒ်အသင်းပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်အောင်ကြိုးစားပြနိုင်ခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္စစ္နဲ႔အပက္ခံရလို႔ မ်က္လုံးကြယ္လုနီးပါးအျဖစ္ဆိုးနဲ႔ရင္ဆိုင္ခဲ့ရၿပီး လီဗာပူးလ္နဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့သူ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးဝီဆာ

ပရီးမီးယားလိဂ္ပြဲစဥ္(၅)စေနေန႔ပြဲေတြမွာ မထင္မွတ္တဲ့ရလဒ္ေတြထြက္ေပၚခဲ့တဲ့ ခ်ယ္လ္ဆီးက မန္စီးတီးကို ရႈံး၊ မန္ခ်က္စတာယူႏိုက္တက္အသင္းက အိမ္ကြင္းမွာပဲ အက္စတြန္ဗီလာကို မထင္မွတ္ဘဲရႈံးနိမ့္ခဲ့သလို ပိုၿပီး Shock ျဖစ္ခဲ့တဲ့ရလဒ္က အသင္းစတင္တည္ေထာင္ခဲ့တဲ့အခ်ိန္ကစလို႔ ႏွစ္ေပါင္း(၁၀၀)ေက်ာ္အတြင္း ပရီးမီးယားလိဂ္ကို ပထမဆုံးအႀကိမ္တန္းတက္ခြင့္ရခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းက အဂၤလႏ္ုေဘာလုံးသမိုင္းမွာ ေအာင္ျမင္မႈအမ်ားဆုံးအသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးလ္ကို (၃-၃)ဂိုးစီသေရကစားႏိုင္ခဲ့တာပါပဲ။

ဒီပြဲမွာ ဘရန႔္ဖို႔ဒ္အသင္းက အဖြင့္ဂိုးသြင္း၊ လီဗာပူးလ္အသင္းက ေခ်ပဂိုးေတြ၊ ဦးေဆာင္ဂိုးေတြျပန္သြင္းခဲ့တာေၾကာင့္ ပြဲကအျပန္အလွန္သြင္းဂိုးေတြနဲ႔ၾကည့္ေကာင္းခဲ့သလို ဘရန႔္ဖို႔ဒ္အသင္းအတြက္ အေရးပါတဲ့ေခ်ပဂိုးကိုေတာ့ ဒုတိယပိုင္းမွာလူစားဝင္လာတဲ့ ေတာင္ပံတိုက္စစ္ကစားသမားဝီဆာက ပါးပါးနပ္နပ္နဲ႔သြင္းယူခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္က ယိုေနးဝီဆာဆိုတဲ့နာမည္ကို ၾကားေတာင္မၾကားဖူးေသးတဲ့ ပရိသတ္ေတြလည္း အခုသြင္းဂိုးေၾကာင့္ သူ႔ကို သတိျပဳမိခဲ့တယ္လို႔ေျပာရမွာပါ။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ျပင္သစ္ဖြား၊ DR ကြန္ဂိုႏိုင္ငံသား ဝီဆာဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ျပင္သစ္လီဂူးကလပ္ေလာ္ရီယန႔္အသင္းကေန ဘရန႔္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ပြဲမွာ ဘရန႔္ဖို႔ဒ္အသင္းသေရတစ္မွတ္ရဖို႔အတြက္ အေရးပါတဲ့ေခ်ပဂိုးသြင္းယူၿပီး သူရဲေကာင္းျဖစ္ခဲ့ေပမယ့္ ဝီဆာဟာ အခုႏွစ္အတြင္းမွာပဲ ေဘာလုံးသမားဘဝေက အနားယူရၿပီးေတာ့ အျမင္အာ႐ုံပါကြယ္ေပ်ာက္သြားႏိုင္တဲ့အထိ ဆိုး႐ြားတဲ့အျဖစ္အပ်က္နဲ႔ ရင္ဆိုင္ခဲ့ရသလို ကံေကာင္းလို႔သာ ဒီေန႔ဒီအခ်ိန္အထိ ေဘာလုံးဆက္ကစားႏိုင္ေနတာပါ။ ၿပီးခဲ့တဲ့ဇူလိုင္လတုန္းက အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာဖရိကန္အမ်ိဳးသမီးတစ္ဦးဟာ ဝီဆာတို႔ဇနီးေမာင္ႏွံဆီကေန ေမြးခါစကေလးငယ္ကို ခိုးယူဖို႔ႀကိဳးစားခဲ့ၿပီး ဝီဆာရဲ႕မ်က္ႏွာကိုလည္း အက္ဆစ္နဲ႔ပက္ခဲ့လို႔ မ်က္ႏွာနဲ႔မ်က္လုံးတစ္ဝိုက္မွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေဆး႐ုံမွာခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။

အဲဒီအမ်ိဳးသမီးဟာ မၾကာခင္ကမွ ကေလးပ်က္က်ခဲ့ၿပီး ဒီအေၾကာင္းကို သူမအမ်ိဳးသားမသိေအာင္ဖုံးကြယ္ၿပီးေတာ့ တျခားကေလးတစ္ဦးနဲ႔အစားထိုးဖို႔အတြက္ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ ဝီဆာတို႔ဇနီးေမာင္ႏွံဆီကေန ကေလးခိုးဖို႔အဆင္မေျပခဲ့တာေၾကာင့္ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးကိုလည္း အက္ဆစ္နဲ႔ပက္ၿပီးေတာ့ အဲဒီအမ်ိဳးသမီးရဲ႕ကေလးကို ခိုးယူခဲ့ၿပီး မၾကာခင္မွာပဲ ျပစ္မႈက်ဴးလြန္တဲ့အမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ အဲဒီအျဖစ္အပ်က္ေၾကာင့္ ဝီဆာဟာ ေလာ္ရီယန႔္အသင္းအတြက္မကစားႏိုင္ေတာ့ဘဲ ရက္ေပါင္းအေတာ္ၾကာတဲ့အထိအနားယူခဲ့ရၿပီး ကံသီလို႔သာ မ်က္လုံးမကြယ္ခဲ့တာပါ။

ေဘာလုံးသမားဘဝသာမက သာမန္လူေနထိုင္မႈဘဝပါ အဆုံးသတ္သြားေလာက္တဲ့အထိ ထိတ္လန႔္တုန္လႈပ္စရာအျဖစ္ဆိုးႀကီးနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဝီဆာတစ္ေယာက္ အခုအခ်ိန္မွာ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ သူရဲေကာင္းအျဖစ္သတ္မွတ္ခံထားရၿပီျဖစ္လို႔ ‘မုန္တိုင္းေတြၿပီးသြားရင္ ေလျပည္ေလညင္းေတြလာစၿမဲ’ဆိုတဲ့စကားအတိုင္းပဲ ဝီဆာလည္း သူ႔ဘဝရဲ႕အဆိုး႐ြားဆုံးအျဖစ္ဆိုးႀကီးကို ရင္ဆိုင္ေက်ာ္ျဖတ္ၿပီး ဘရန႔္ဖို႔ဒ္အသင္းပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားျဖစ္ေအာင္ႀကိဳးစားျပႏိုင္ခဲ့တယ္လို႔ ေျပာရမွာပဲျဖစ္ပါေတာ့တယ္ . . .