အက္သလက္တီိကိုဂိုးျပတ္အရႈံးအတြက္ နာက်င္ရေၾကာင္း ဇီဒန္း၀န္ခံ

ရီးရဲလ္ဟာ အေမရိကန္က ICC ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္အက္သလက္တီကိုကို ၇-၃ ရလဒ္နဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပဇီဒန္းက အဲဒီရလဒ္အတြက္ နာက်င္ခဲ့ရေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ ရီးရဲလ္ဟာ အဲဒီပြဲမွာ ပြဲခ်ိန္ ၂၈ မိနစ္ကတည္းက ၄-၀ ဂိုးနဲ႔ရႈံးေနခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခ်ိန္မွာ ၅ ဂိုးျပတ္ရႈံးေနခဲ့ကာ ေခ်ပဂိုးျပန္မသြင္းႏိုင္ခ်ိန္အထိ ၆ ဂိုးျပတ္နဲ႔ ရႈံးေနခဲ့တာ ျဖစ္ပါတယ္။ ရာသီႀကိဳပြဲစဥ္သာျဖစ္ေပမယ့္လည္း ရလဒ္ပိုင္းေၾကာင့္ ရီးရဲလ္အတြက္ ဆိုးရြားခဲ့ရပါတယ္။

photo-gettyimages

“အသင္းအေျခအေနကို မစိုးရိမ္ပါဘူး။ ဒါေပမဲ့ နာက်င္ခဲ့ရပါတယ္။ ရႈံးနိမ့္ဖို႔ ကစားတာမွ မဟုတ္တာ။ ဒါေပမဲ့ ကၽြန္ေတာ္တု႔ိဟာ ေနာက္ျပန္ၾကည့္လုိ႔မရႏိုင္ပါဘူး။ ဆုိးရြားတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ အခုေတာ့ ကၽြန္ေတာ္တို႔ဟာ ဘာေတြမွားခဲ့သလဲဆုိတာ ျပန္လည္အာရုံစိုက္ရေတာ့မယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ဟာ ေနာက္ပြဲမွာ အဲဒီလိုမ်ိဳးထပ္မျဖစ္ရေအာင္ လုပ္ရေတာ့မွာပါ”လို႔ ဇီဒန္းက ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့တာပါ။

photo-gettyimages

ရီးရဲလ္ဟာ ဒီရာသီႀကဳိကစားခဲ့တဲ့ ICC ၃ ပြဲစလုံးမွာလည္း မိနစ္ ၉၀ အတြင္းႏိုင္ပြဲမရွိခဲ့ပါဘူး။ ပထမဆုံးပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ၃-၁ ဂိုးနဲ႔ရံႈးနိမ့္ခဲ့သလို ဒုတိယပြဲစဥ္မွာလည္း အာဆင္နယ္ကို မိနစ္ ၉၀ အတြင္း သေရက်ၿပီး ပင္နယ္တီအဆုံးအျဖတ္ေရာက္မွ အႏိုင္ရခဲ့တာပါ။ ရီးရဲလ္အေနနဲ႔ ဒီႏွစ္ရာသီႀကိဳဳပြဲေတြမွာ အနိမ့္ဆုံး ၂ ဂိုးႏႈန္းေပးခဲ့ရပါတယ္။

[Unicode]

ရီးရဲလ်ဟာ အမေရိကန်က ICC ပွဲစဉ်မှာ မြို့ခံပြိုင်ဘက်အက်သလက်တီကိုကို ၇-၃ ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဇီဒန်းက အဲဒီရလဒ်အတွက် နာကျင်ခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ရီးရဲလ်ဟာ အဲဒီပွဲမှာ ပွဲချိန် ၂၈ မိနစ်ကတည်းက ၄-၀ ဂိုးနဲ့ရှုံးနေခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးချိန်မှာ ၅ ဂိုးပြတ်ရှုံးနေခဲ့ကာ ချေပဂိုးပြန်မသွင်းနိုင်ချိန်အထိ ၆ ဂိုးပြတ်နဲ့ ရှုံးနေခဲ့တာ ဖြစ်ပါတယ်။ ရာသီကြိုပွဲစဉ်သာဖြစ်ပေမယ့်လည်း ရလဒ်ပိုင်းကြောင့် ရီးရဲလ်အတွက် ဆိုးရွားခဲ့ရပါတယ်။

“အသင်းအခြေအနေကို မစိုးရိမ်ပါဘူး။ ဒါပေမဲ့ နာကျင်ခဲ့ရပါတယ်။ ရှုံးနိမ့်ဖို့ ကစားတာမှ မဟုတ်တာ။ ဒါပေမဲ့ ကျွန်တော်တု့ိဟာ နောက်ပြန်ကြည့်လို့မရနိုင်ပါဘူး။ ဆိုးရွားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ ဘာတွေမှားခဲ့သလဲဆိုတာ ပြန်လည်အာရုံစိုက်ရတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ နောက်ပွဲမှာ အဲဒီလိုမျိုးထပ်မဖြစ်ရအောင် လုပ်ရတော့မှာပါ”လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ရီးရဲလ်ဟာ ဒီရာသီကြိုကစားခဲ့တဲ့ ICC ၃ ပွဲစလုံးမှာလည်း မိနစ် ၉၀ အတွင်းနိုင်ပွဲမရှိခဲ့ပါဘူး။ ပထမဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ဒုတိယပွဲစဉ်မှာလည်း အာဆင်နယ်ကို မိနစ် ၉၀ အတွင်း သရေကျပြီး ပင်နယ်တီအဆုံးအဖြတ်ရောက်မှ အနိုင်ရခဲ့တာပါ။ ရီးရဲလ်အနေနဲ့ ဒီနှစ်ရာသီကြိုုပွဲတွေမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးခဲ့ရပါတယ်။