အက္စ္ပန္ညိဳေနာက္ခံလူ ဟာမိုဆိုကို ယူရို ၂၉ သန္းနဲ႔ေခၚယူလိုက္ျပန္တဲ႔ အက္သလက္တီကို

ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ျပဳျပင္ေျပာင္းလဲမႈေတြအႀကီးအက်ယ္ျပဳလုပ္ေနတဲ႔ အက္သလက္တီကိုအသင္းဟာ လာလီဂါၿပိဳင္ဘက္ အက္စ္ပန္ညိဳအသင္းေနာက္ခံလူ မာရီယိုဟာမိုဆိုကို ထပ္မံေခၚယူလိုက္တယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္သာရွိေသးတဲ႔ ဟာမိုဆိုအတြက္ အက္သလက္တီကိုဟာကနဦးေျပာင္းေရႊ႕ေၾကးယူရို ၂၅ သန္းေပးရမွာျဖစ္ၿပီး အျခားေသာအခ်က္အလက္ေတြအေပၚတူတည္ကာေနာက္ထပ္ယူရို ၄ သန္းထပ္ေပးရမွာျဖစ္ပါတယ္။ အက္သလက္တီကိဟာ ဟာမိုဆိုကို ၅ ႏွစ္စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း အတည္ျပဳသြားပါတယ္။

ရီးရဲလ္မက္ဒရစ္အကယ္ဒမီကေနထြက္ေပၚလာတဲ႔ ဟာမိုဆိုဟာ ၂၀၁၇-၁၈ ေဘာလုံးရာသီေရာက္မွလာလီဂါမွာစတင္ကစားခဲ့ရသူျဖစ္ေပမယ္႔ သူ႔ရဲ႕တိုးတက္မႈကလ်င္ျမန္လြန္းလို႔ ၿပီးခဲ့တဲ႔ရာသီမွာဆိုရင္ အက္စ္ပန္ညိဳ ဗဟိုခံစစ္မွာေျခစြမ္းျပခဲ့ၿပီး လာလီဂါရဲ႕အေကာင္းဆုံးေနာက္ခံလူေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ခဲ့ပါတယ္။

သူ႔ရဲ႕ထူးျခားတဲ႔အခ်က္ကေတာ႔ ဗဟိုခံစစ္မွာသာမက ဘယ္ေနာက္ခံလူအျဖစ္ပါကစားႏိုင္စြမ္းရွိတဲ႔အတြက္ နည္းဗ်ဴ ဟာအရအမ်ားႀကီးအသုံး၀င္မယ္႔သူျဖစ္လာတာပါ။ အက္သလက္တီကိုဟာ ဂိုဒင္၊ ဟာနန္ဒက္စ္၊ဂ်ဴ အန္ဖရန္၊ ဖိလစ္ပီလူး၀စ္တို႔နဲ႔လမ္းခြဲခဲ့ၿပီးေနာက္ ခံစစ္ကိုျပန္လည္ျပင္ဆင္ေနတာျဖစ္ပါတယ္။

အက္သလက္တီကိုဟာ ဒီေႏြရာသီမွာခံစစ္အတြက္ ဗာဆယ္ကို၊ ဖိလစ္ပီ၊ လိုဒီနဲ႔ ထရစ္ပီယာတို႔ကိလည္းေခၚယူထားၿပိးျဖစ္ပါတယ္။ သူ႔ကိုေခၚယူလိုက္မႈေၾကာင့္ အက္သလက္တီကိုရဲ႕ ဒီေႏြရာသီအသုံးစားရိတ္ဟာ ယူရိုသန္း ၂၃၀ နီးပါးရွိေနၿပီျဖစ္ပါတယ္။

Unicode

အက်စ်ပန်ညိုနောက်ခံလူ ဟာမိုဆိုကို ယူရို ၂၉ သန်းနဲ့ခေါ်ယူလိုက်ပြန်တဲ့ အက်သလက်တီကို
ဒီနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေအကြီးအကျယ်ပြုလုပ်နေတဲ့ အက်သလက်တီကိုအသင်းဟာ လာလီဂါပြိုင်ဘက် အက်စ်ပန်ညိုအသင်းနောက်ခံလူ မာရီယိုဟာမိုဆိုကို ထပ်မံခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ဟာမိုဆိုအတွက် အက်သလက်တီကိုဟာကနဦးပြောင်းရွှေ့ကြေးယူရို ၂၅ သန်းပေးရမှာဖြစ်ပြီး အခြားသောအချက်အလက်တွေအပေါ်တူတည်ကာနောက်ထပ်ယူရို ၄ သန်းထပ်ပေးရမှာဖြစ်ပါတယ်။ အက်သလက်တီကိဟာ ဟာမိုဆိုကို ၅ နှစ်စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း အတည်ပြုသွားပါတယ်။

ရီးရဲလ်မက်ဒရစ်အကယ်ဒမီကနေထွက်ပေါ်လာတဲ့ ဟာမိုဆိုဟာ ၂၀၁၇-၁၈ ဘောလုံးရာသီရောက်မှလာလီဂါမှာစတင်ကစားခဲ့ရသူဖြစ်ပေမယ့် သူ့ရဲ့တိုးတက်မှုကလျင်မြန်လွန်းလို့ ပြီးခဲ့တဲ့ရာသီမှာဆိုရင် အက်စ်ပန်ညို ဗဟိုခံစစ်မှာခြေစွမ်းပြခဲ့ပြီး လာလီဂါရဲ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ထူးခြားတဲ့အချက်ကတော့ ဗဟိုခံစစ်မှာသာမက ဘယ်နောက်ခံလူအဖြစ်ပါကစားနိုင်စွမ်းရှိတဲ့အတွက် နည်းဗျူ ဟာအရအများကြီးအသုံးဝင်မယ့်သူဖြစ်လာတာပါ။ အက်သလက်တီကိုဟာ ဂိုဒင်၊ ဟာနန်ဒက်စ်၊ဂျူ အန်ဖရန်၊ ဖိလစ်ပီလူးဝစ်တို့နဲ့လမ်းခွဲခဲ့ပြီးနောက် ခံစစ်ကိုပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်။

အက်သလက်တီကိုဟာ ဒီနွေရာသီမှာခံစစ်အတွက် ဗာဆယ်ကို၊ ဖိလစ်ပီ၊ လိုဒီနဲ့ ထရစ်ပီယာတို့ကိလည်းခေါ်ယူထားပြိးဖြစ်ပါတယ်။ သူ့ကိုခေါ်ယူလိုက်မှုကြောင့် အက်သလက်တီကိုရဲ့ ဒီနွေရာသီအသုံးစားရိတ်ဟာ ယူရိုသန်း ၂၃၀ နီးပါးရှိနေပြီဖြစ်ပါတယ်။