အက်စ်တာနဲ့ပွဲမှာ မန်ယူအသင်းခေါင်းဆောင်အဖြစ် ကစားသွားမယ့် လင်ဂတ်

SHEFFIELD, ENGLAND - NOVEMBER 24: Jesse Lingard of Manchester United during the Premier League match between Sheffield United and Manchester United at Bramall Lane on November 24, 2019 in Sheffield, United Kingdom. (Photo by Chloe Knott - Danehouse/Getty Images)

photo-gettyimages

photo-gettyimages

ဒီကနေ့ညကစားမယ့် အက်စ်တာနာနဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ငယ်ရွယ်တဲ့မန်ယူအသင်းကို ဦးဆောင်ကစားသွားလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။ ဆိုးလ်ရှားဟာ အဲဒီပွဲမှာ စီနီယာကစားသမား ၄ ဦးသာပါတဲ့ ပွဲထွက်စာရင်းကို အသုံးပြုဖွယ်ရှိပါတယ်။ ကာဇက်စတန်မှာ သွားရောက်ကစားရမယ့်အဲဒီယူရိုပါလိဂ်ပွဲအတွက် လူစာရင်းမှာလည်း စီနီယာကစားသမားဆိုလို့ လင်ဂတ်၊တူအန်ဇီဘီ၊လုခ်ရှောနဲ့ တတိယဂိုးသမားလီဂရန့်တို့သာ ပါဝင်လာကြတာပါ။

photo-gettyimages

လူငယ်တွေထဲက အီသန်လတ်၊ဒိုင်လန်လီဗစ်နဲ့ဘားနတ်တို့ဟာ ပွဲထွက်ခွင့်ရမှာဖြစ်သလို မက်ဇ်တေလာ၊ရာမာဇာနီ၊ဂယ်ဘရိတ်၊မန်ဂီနဲ့မယ်လာတို့လို လူငယ်တွေဟာလည်း အခွင့်အလမ်းရနိုင်တယ်လု့ိ ဆိုးလ်ရှားက ပြောထားပြီးသားပါ။ ”လင်ဂတ်က အသင်းခေါင်းဆောင်လုပ်မှာပါ။ သူဟာ ဒီအုပ်စုမှာ တကယ်ကို စိတ်ဓာတ်ကောင်းရှိပါတယ်။ နောက်ဆုံးလတွေမှာလည်း သူ့မှာ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ကိုယ်ပိုင်ပုံစံနဲ့ပြန်လာနေပါပြီ”လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

photo-gettyimages

အသက် ၂၆ နှစ်အရွယ် လင်ဂတ်ဟာ အရင်က မန်ယူရဲ့ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် သွင်းဂိုးနဲ့ပတ်သက်ရင် သူ့ဘက်က ပံ့ပိုးမှုမလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက သည်းခံစိတ်ကုန်ဆုံးလာသလို ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပြီး ဒီရာသီမှာလည်း ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက ကစားခဲ့တဲ့ ရော့ချ်ဒေးလ်နဲ့အင်္ဂလိဂ်ဖလားပွဲမှာလည်း မန်ယူလူငယ်နောက်ခံလူတူအန်ဇီဘီဟာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ဖူးပါတယ်။ ပရိသတ်အကြိုက်ကစားသမားမဟုတ်တော့ပေမယ့် မန်ယူမှာ ၁၉ နှစ်ကြာရှိခဲ့တဲ့လင်ဂတ်အတွက် အသင်းခေါင်းဆောင်အဖြစ်ကစားရမှာဟာ အနည်းဆုံးတော့ ကလေးဘဝအိပ်မက်ပြည့်သွားသလို ဖြစ်မှာပါ။

[Zawgyi]

အက္စ္တာနဲ႔ပြဲမွာ မန္ယူအသင္းေခါင္းေဆာင္အျဖစ္ ကစားသြားမယ့္ လင္ဂတ္

ဒီကေန႔ညကစားမယ့္ အက္စ္တာနာနဲ႔ယူရိုပါလိဂ္ပြဲစဥ္မွာ ငယ္ရြယ္တဲ့မန္ယူအသင္းကို ဦးေဆာင္ကစားသြားလိမ့္မယ္လုိ႔ နည္းျပဆုိးလ္ရွားက ဖြင့္ဟလိုက္ပါတယ္။ ဆုိးလ္ရွားဟာ အဲဒီပြဲမွာ စီနီယာကစားသမား ၄ ဦးသာပါတဲ့ ပြဲထြက္စာရင္းကို အသုံးျပဳဖြယ္ရွိပါတယ္။ ကာဇက္စတန္မွာ သြားေရာက္ကစားရမယ့္အဲဒီယူရိုပါလိဂ္ပြဲအတြက္ လူစာရင္းမွာလည္း စီနီယာကစားသမားဆုိလို႔ လင္ဂတ္၊တူအန္ဇီဘီ၊လုခ္ေရွာနဲ႔ တတိယဂိုးသမားလီဂရန္႔တုိ႔သာ ပါ၀င္လာၾကတာပါ။

လူငယ္ေတြထဲက အီသန္လတ္၊ဒိုင္လန္လီဗစ္နဲ႔ဘားနတ္တို႔ဟာ ပြဲထြက္ခြင့္ရမွာျဖစ္သလို မက္ဇ္ေတလာ၊ရာမာဇာနီ၊ဂယ္ဘရိတ္၊မန္ဂီနဲ႔မယ္လာတို႔လုိ လူငယ္ေတြဟာလည္း အခြင့္အလမ္းရႏိုင္တယ္လု႔ိ ဆုိးလ္ရွားက ေျပာထားၿပီးသားပါ။ ”လင္ဂတ္က အသင္းေခါင္းေဆာင္လုပ္မွာပါ။ သူဟာ ဒီအုပ္စုမွာ တကယ္ကို စိတ္ဓာတ္ေကာင္းရွိပါတယ္။ ေနာက္ဆုံးလေတြမွာလည္း သူ႔မွာ စိန္ေခၚမႈေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ သူ႔ကိုယ္ပိုင္ပုံစံနဲ႔ျပန္လာေနပါၿပီ”လုိ႔ ဆုိးလ္ရွားက ေျပာခဲ့တာပါ။

အသက္ ၂၆ ႏွစ္အရြယ္ လင္ဂတ္ဟာ အရင္က မန္ယူရဲ႕ပြဲထြက္ကစားသမားတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ သြငး္ဂိုးနဲ႔ပတ္သက္ရင္ သူ႔ဘက္က ပံ့ပိုးမႈမလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက သည္းခံစိတ္ကုန္ဆုံးလာသလို ေ၀ဖန္မႈေတြနဲ႔လည္း ႀကဳံေတြ႕ခဲ့ရၿပီး ဒီရာသီမွာလည္း ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလက ကစားခဲ့တဲ့ ေရာ့ခ်္ေဒးလ္န႔ဲအဂၤလိဂ္ဖလားပြဲမွာလည္း မန္ယူလူငယ္ေနာက္ခံလူတူအန္ဇီဘီဟာ အသငး္ေခါင္းေဆာင္အျဖစ္ ကစားခ့ဲဖူးပါတယ္။ ပရိသတ္အႀကိဳက္ကစားသမားမဟုတ္ေတာ့ေပမယ့္ မန္ယူမွာ ၁၉ ႏွစ္ၾကာရွိခဲ့တဲ့လင္ဂတ္အတြက္ အသင္းေခါင္းေဆာင္အျဖစ္ကစားရမွာဟာ အနည္းဆုံးေတာ့ ကေလးဘ၀အိပ္မက္ျပည့္သြားသလို ျဖစ္မွာပါ။