အကဲလွန်လို့ ဥပဒေနဲ့ ညှိပြန်တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ကာလမှာ အပျော်အပါးတွေမရပ်နိုင်တဲ့ တချို့သူတွေကတော့ တာဝန်ရှိသူတွေမိလို့ ဥပဒေနဲ့ ညှိကြရပြန်ပါတယ်။

အခုလည်း ဘာစီလိုနာအသင်းဟာ ကိုဗစ်-၁၉ စည်းမျဉ်းများကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာလီဂါအဖွဲ့ချုပ်ရဲ့ စစ်ဆေးမှုခံရဖွယ်ရှိနေပါတယ်။

အပျော်အပါးတွေကို အဖော်အပေါင်းတွေအတွက် စီစဉ်ပေးသူကတော့ခေါင်းကြီး မက်ဆီပါ။

မက်ဆီဟာ လွန်ခဲ့တဲ့ တနင်္လာနေ့ညက သူ့ရဲ့ အိမ်တွင် ဘာစီလိုနာအသင်းသားများနှင့် ဘာဘီကျူးပါတီပြုလုပ်ခဲ့ပါတယ်။

မက်ဆီတစ်ယောက်သူ့ရဲ့ နေအိမ်ဆီကို အသင်းဖော်တွေကိုသာမက ကစားသမားများရဲ့ မိန်းမများနှင့် တခြားအမျိုးသမီးမိတ်ဆွေတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။

လာမယ့် စနေနေ့တွင်ကစားမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်ပွဲမတိုင်မီ အသင်းစည်းလုံးညီညွတ်ရေး အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မက်ဆီတို့သူငယ်ချင်းတစ်သိုက် ခွက်ချင်းတိုက်ကြဖို့ လုပ်ဆောင်ခဲ့ကြတာပါ။

ဒါပေမယ့် ခေါင်းကြီးမက်ဆီရဲ့ ဦးဆောင်မှုက ၆ ယောက်ထက် ပိုမစုရဆိုတဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ် ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ရာရောက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြကြပါတယ်။

မက်ဆီဘက်ကလည်း အကွက်ရွှေ့ထားတာရှိပါတယ်။ ဘာဘီကျူးပါတီမှာ ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းမျဉ်းများကို ကျင့်သုံးခဲ့ပြီး စားပွဲတွေကို ခြားပြီးတော့ ခင်းကျင်းခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း အဲဒီလိုပွဲမျိုးကို မကြာမီက ကျင်းပခဲ့ပေမယ့် လာလီဂါအဖွဲ့ချုပ်ကို ကြိုတင်အကြောင်းကြားခဲ့ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းများကို လိုက်နာခဲ့တာကြောင့် အရေးယူမခံခဲ့ရပါဘူး။

မက်ဆီကတော့ အကြောင်းမကြားဘဲ ကပ်တိုးလေးအကွက်ရွှေ့ခဲ့တာပါ။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနှင့် ၇၄ မှတ်စီ တူညီနေပြီး ၊ အက်သလက်တီကိုမက်ဒရစ်အသင်းက ၂ မှတ်အသာနဲ့ အဆင့် ၁ နေရာ၌ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi








