
photo-daily mail
photo-gettyimages
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဟာ သူတို့ရဲ့ပရိသတ်တွေကရွေးတဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ စီရော်နယ်ဒိုပါနိုင်အောင် ကစားကွက်ပြောင်းပြီး အကြံအဖန်လုပ်ခဲ့တယ်လို့ အင်္ဂလန်ရဲ့နာမည်ကြီးသတင်းစာဖြစ်တဲ့ Daily Mail က ဖော်ပြလိုက်ပါတယ်။ မနေ့ညကပဲ ပရိသတ်တွေရဲ့မဲပေးမှုနဲ့ ၂၀၁၉ အတွက် ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီမှာ အသုံးပြုနေကျမဟုတ်တဲ့ ၄-၂-၄ ကစားကွက်ကိုသုံးထားလို့ မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။
photo-gettyimages
အခုတော့ အဲဒီလိုလုပ်ခဲ့တာဟာ စီရော်နယ်ဒိုကြောင့်လို့ သိရပါတယ်။ တိုက်စစ်အတွက် ပရိသတ်တွေရဲ့မဲပေးမှုမှာ အဲဒီပေါ်တူဂီသားဟာ အဓိကပြိုင်ဘက်မက်ဆီ၊ လီဗာပူးက မာနီနဲ့ ဘိုင်ယန်က လီဝန်ဒေါစကီတို့ထက် မဲပိုနည်းနေတာပါ။ ဒီလိုအနေအထားကို ယူအီးအက်ဖ်အေတာဝန်ရှိသူတွေက သဘောမကျဖြစ်ပြီး စီရော်နယ်ဒိုပါအောင် ကစားကွက်ပြောင်းပြီး ကွင်းလယ်လူတစ်ယောက်ကို ချန်ခဲ့လိုက်ပါတယ်။ အဲဒီတော့ ကံဆိုးသွားသူလို့ နားလည်ရတာက ချဲလ်ဆီးရဲ့ကန်တီဖြစ်နေပါတယ်။ ဒီအတွက် ဝေဖန်မှုတွေရှိလာပြီး ကန်တီရဲ့ပရိသတ်တွေကလည်း ဒေါသထွက်နေတယ်လို့ ဆိုကြပါတယ်။
photo-daily mail
ဒီရွေးချယ်မှုအတွက် ကြေညာမှုကို ပြီးခဲ့တဲ့အပတ်ကတည်းက လုပ်ဖို့ရှိပေမယ့် စီရော်နယ်ဒိုကိစ္စကြောင့် ဒီအပတ်ရောက်မှ ကြေညာခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုရဲ့ကျော်ကြားမှုကြောင့် ယူအီးအက်ဖ်အေရဲ့တာဝန်ရှိသူတွေဟာ အခုလိုလုပ်ခဲ့တာလို့ နီးစပ်တဲ့အတွင်းလူတစ်ယောက်က Daily Mail သတင်းစာကို ပြောခဲ့တာပါ။ ယူအီးအက်ဖ်အေရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကတော့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီရဲ့ဗိုလ်စွဲမှုကြောင့် စီရော်နယ်ဒိုကို ထည့်သွင်းလိုက်တဲ့ သဘောမျိုးပြောထားပါတယ်။
[Zawgyi]
အေကာင္းဆုံးအသင္းမွာ စီေရာ္နယ္ဒိုပါႏုိင္ေအာင္ ကစားကြက္ေျပာင္းခဲ့ေၾကာင္း Daily Mail ေဖာ္ျပ
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ ယူအီးအက္ဖ္ေအဟာ သူတို႔ရဲ႕ပရိသတ္ေတြကေရြးတဲ့ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ စီေရာ္နယ္ဒုိပါႏိုင္ေအာင္ ကစားကြက္ေျပာင္းၿပီး အႀကံအဖန္လုပ္ခဲ့တယ္လို႔ အဂၤလန္ရဲ႕နာမည္ႀကီးသတင္းစာျဖစ္တဲ့ Daily Mail က ေဖာ္ျပလိုက္ပါတယ္။ မေန႔ညကပဲ ပရိသတ္ေတြရဲ႕မဲေပးမႈနဲ႔ ၂၀၁၉ အတြက္ ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးအသငး္ကို ထုတ္ျပန္ခဲ့တာပါ။ ဒါေပမဲ့လည္း အဲဒီမွာ အသုံးျပဳေနက်မဟုတ္တဲ့ ၄-၂-၄ ကစားကြက္ကိုသုံးထားလုိ႔ ေမးခြန္းထုတ္မႈေတြ ရွိေနၾကပါတယ္။
အခုေတာ့ အဲဒီလုိလုပ္ခဲ့တာဟာ စီေရာ္နယ္ဒိုေၾကာင့္လုိ႔ သိရပါတယ္။ တိုက္စစ္အတြက္ ပရိသတ္ေတြရဲ႕မဲေပးမႈမွာ အဲဒီေပၚတူဂီသားဟာ အဓိကၿပိဳင္ဘက္မက္ဆီ၊ လီဗာပူးက မာနီနဲ႔ ဘိုင္ယန္က လီ၀န္ေဒါစကီတို႔ထက္ မဲပိုနည္းေနတာပါ။ ဒီလိုအေနအထားကို ယူအီးအက္ဖ္ေအတာ၀န္ရွိသူေတြက သေဘာမက်ျဖစ္ၿပီး စီေရာ္နယ္ဒိုပါေအာင္ ကစားကြက္ေျပာင္းၿပီး ကြင္းလယ္လူတစ္ေယာက္ကို ခ်န္ခဲ့လိုက္ပါတယ္။ အဲဒီေတာ့ ကံဆုိးသြားသူလုိ႔ နားလည္ရတာက ခ်ဲလ္ဆီးရဲ႕ကန္တီျဖစ္ေနပါတယ္။ ဒီအတြက္ ေ၀ဖန္မႈေတြရွိလာၿပီး ကန္တီရဲ႕ပရိသတ္ေတြကလည္း ေဒါသထြက္ေနတယ္လို႔ ဆိုၾကပါတယ္။
ဒီေရြးခ်ယ္မႈအတြက္ ေၾကညာမႈကို ၿပီးခဲ့တဲ့အပတ္ကတည္းက လုပ္ဖုိ႔ရွိေပမယ့္ စီေရာ္နယ္ဒိုကိစၥေၾကာင့္ ဒီအပတ္ေရာက္မွ ေၾကညာခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒုိရဲ႕ေက်ာ္ၾကားမႈေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕တာ၀န္ရွိသူေတြဟာ အခုလိုလုပ္ခဲ့တာလုိ႔ နီးစပ္တဲ့အတြင္းလူတစ္ေယာက္က Daily Mail သတင္းစာကို ေျပာခဲ့တာပါ။ ယူအီးအက္ဖ္ေအရဲ႕ေျပာခြင့္ရပုဂၢိဳလ္တစ္ေယာက္ကေတာ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ေပၚတူဂီရဲ႕ဗုိလ္စြဲမႈေၾကာင့္ စီေရာ္နယ္ဒိုကို ထည့္သြငး္လုိက္တဲ့ သေဘာမ်ိဳးေျပာထားပါတယ္။