အကောင်းဆုံးဖြစ်လာနိုင်သူလို့ အမ်ဘာပီကို ဟာဇက်ချီးကျူးလိုက်ပြီး ရီးရဲလ်ကိုလာဖို့ ဖိတ်ခေါ်

PC ; Internet

ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးအမ်ဘာပီဟာ ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ ရီးရဲလ်တောင်ပံကစားသမားဟာဇက်က ချီးမွန်းပြောဆိုလိုက်သလို စပိန်ကိုပြောင်းရွှေ့လာရောက်ကစားဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။အမ်ဘာပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် လီဂူး ၈ပွဲသာကစားပေးထားရသေးပေမယ့် ၅ဂိုးသွင်းပြီး ဖန်တီးမှု ၃ကြိမ်လုပ်ပေးနိုင်ခဲ့ပါတယ်။

PC ; Internet

အသက် ၂၀ အရွယ် ပြင်သစ်လက်ရွေးစင်လေးရဲ့ ကာလတန်ကြေးကတော့ ပေါင်၃၄၃သန်းလောက်ရှိနေပြီး ရီးရဲလ်ကခေါ်ယူဖို့စိတ်ဝင်စားနေချိန်မှာ ဟာဇက်ကလည်း အခုလိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။“ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာတိုက်ပွဲဝင်နေတဲ့ ကစားသမားများစွာရှိပေမယ့် အမ်ဘာပီသာအခုလိုပုံစံမျိုးဆက်လက်ပြသနေမယ်ဆိုရင် ဘောလုံးသမိုင်းမှာ အကောင်းဆုံးတစ်ယောက်ဖြစ်လာပါလိမ့်မယ်” လို့ ဟာဇက်က ချီးကျူးလိုက်တာပါ။

PC ; Internet

ဒါ့အပြင် ဘယ်လ်ဂျီယံလက်ရွေးစင်က ပြင်သစ်လူငယ်တိုက်စစ်မှူးကို ဘာနေဗျူးဆီ ရောက်လာစေချင်တဲ့အကြောင်းကိုလည်း “ကစားသမားတစ်ယောက်ရဲ့အိပ်မက်တွေထဲမှာ အကောင်းဆုံးတစ်ယောက်နဲ့ တွဲဖက်ကစားချင်တဲ့ဆန္ဒတွေရှိနေပါတယ်။ မနက်ဖြန်မှာ သူ့ကိုရီးရဲလ်အတွက်ခေါ်ယူခွင့်သာရမယ်ဆိုရင် ကြိုးစားမိမှာပါ။ ဒါပေမယ့် အခုလိုကိစ္စက ကျွန်တော်ဆုံးဖြတ် လို့မရပါဘူး” လို့ ဟာဇက်က ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီလူငယ္တိုက္စစ္မွဴးအမ္ဘာပီဟာ ေဘာလံုးေလာကရဲ႕ထာ၀ရအေကာင္းဆံုးကစားသမားျဖစ္လာႏိုင္တယ္လို႔ ရီးရဲလ္ေတာင္ပံကစားသမားဟာဇက္က ခ်ီးမြန္းေျပာဆိုလိုက္သလို စပိန္ကိုေျပာင္းေရႊ႔လာေရာက္ကစားဖို႔လည္း ဖိတ္ေခၚလိုက္ပါတယ္။အမ္ဘာပီဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ လီဂူး ၈ပြဲသာကစားေပးထားရေသးေပမယ့္ ၅ဂိုးသြင္းၿပီး ဖန္တီးမႈ ၃ႀကိမ္လုပ္ေပးႏိုင္ခဲ့ပါတယ္။အသက္ ၂၀ အရြယ္ ျပင္သစ္လက္ေရြးစင္ေလးရဲ႕ ကာလတန္ေၾကးကေတာ့ ေပါင္၃၄၃သန္းေလာက္ရွိေနၿပီး ရီးရဲလ္ကေခၚယူဖို႔စိတ္၀င္စားေနခ်ိန္မွာ ဟာဇက္ကလည္း အခုလိုဖိတ္ေခၚလိုက္တာျဖစ္ပါတယ္။“ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ သူဟာ ကမၻာ့အေကာင္းဆံုးကစားသမားျဖစ္လာႏိုင္ပါတယ္။ ဒီေခါင္းစဥ္ေအာက္မွာတိုက္ပြဲ၀င္ေနတဲ့ ကစားသမားမ်ားစြာရွိေပမယ့္ အမ္ဘာပီသာအခုလိုပံုစံမ်ိဳးဆက္လက္ျပသေနမယ္ဆိုရင္ ေဘာလံုးသမိုင္းမွာ အေကာင္းဆံုးတစ္ေယာက္ျဖစ္လာပါလိမ့္မယ္” လို႔ ဟာဇက္က ခ်ီးက်ဴးလိုက္တာပါ။ ဒါ့အျပင္ ဘယ္လ္ဂ်ီယံလက္ေရြးစင္က ျပင္သစ္လူငယ္တိုက္စစ္မွဴးကို ဘာေနဗ်ဴးဆီ ေရာက္လာေစခ်င္တဲ့အေၾကာင္းကိုလည္း “ကစားသမားတစ္ေယာက္ရဲ႕အိပ္မက္ေတြထဲမွာ အေကာင္းဆံုးတစ္ေယာက္နဲ႔ တြဲဖက္ကစားခ်င္တဲ့ဆႏၵေတြရွိေနပါတယ္။ မနက္ျဖန္မွာ သူ႔ကိုရီးရဲလ္အတြက္ေခၚယူခြင့္သာရမယ္ဆိုရင္ ၾကိဳးစားမိမွာပါ။ ဒါေပမယ့္ အခုလိုကိစၥက ကၽြန္ေတာ္ဆံုးျဖတ္ လို႔မရပါဘူး” လို႔ ဟာဇက္က ေျပာဆိုသြားခဲ့ပါတယ္။