

အေစီမီလန်နဲ့ပွဲမှာ စီရော်နယ်ဒိုကို စောစောစီးစီးလူစားလဲလိုက်ရတာဟာ အကောင်းဆုံးပုံစံမှာရှိမနေခဲ့တာကြောင့်လို့ ဂျူဗင်တပ်နည်းပြဆာရီက ရှင်းလင်းပြောဆိုလိုက်ပါတယ်။ပေါ်တူဂီတိုက်စစ်မှူးကို ပွဲချိန် ၅၅မိနစ်မှာ ဒိုင်ဘာလာနဲ့လူစားလဲခဲ့တာဖြစ်ပြီး ကစားသမားနဲ့သူ့ကြားမှာ အကြိတ်အခဲဘာမှရှိမနေဘူးလို့လည်း ဂျူဗီနည်းပြကဖွင့်ဟသွားခဲ့ပါတယ်။အဲဒီလိုလူစားလဲခံရချိန်မှာ စီရော်နယ်ဒိုဟာ မပျော်ရွှင်တဲ့ပုံစံနဲ့ ဥမင်ထဲကိုချက်ချင်းဆင်းသွားခဲ့ပါတယ်။

သူ့နေရာမှာအစားဝင်လာတဲ့ ဒိုင်ဘာလာကတော့ ပွဲချိန်၇၇မိနစ်မှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။စီရော်နယ်ဒိုအတွက်တော့ ပြိုင်ပွဲစုံ ၂ပွဲဆက် လူစားလဲခံခဲ့ရတာဖြစ်ပြီး လိုကိုမိုးတစ်နဲ့ချန်ပီယံလိဂ်ပွဲမှာလည်း လူစားလဲခံခဲ့ရပါတယ်။ဆာရီကတော့ ပေါ်တူဂီသားရဲ့ဒူးနဲ့ပေါင်ခြံမှာဒဏ်ရာရှိနေလို့ မစွန့်စားချင်တာကြောင့်လို့ အဲဒီတုန်းကရှင်းလင်းခဲ့ဖူးပါတယ်။

အေစီမီလန်နဲ့ပွဲမှာ ရော်နယ်ဒိုကို လူစားလဲခဲ့တာနဲ့ပတ်သက်ပြီး ဆာရီက “ကျွန်တော်တို့ သူ့ကိုကျေးဇူးတင်ရမှာပါ။ ဒီပွဲကိုအခက်အခဲတွေရှိလျက်နဲ့ကစားပေးခဲ့လို့ပါပဲ။သူဆက်ကစားနိုင်ပါသေးတယ်။ ဒါပေမယ့် အကောင်းဆုံးပုံစံရှိမနေတာကိုမြင်ခဲ့တာကြောင့် လူစားလဲလိုက်တာအကောင်းဆုံးလို့တွေးခဲ့ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ပုံမှန်အတိုင်းကွင်းထဲကနေထွက်သွားခဲ့တာပါ။ အထူးသဖြင့် ဒီပွဲမှာ သူတော်တော်ခက်ခဲနေပါတယ်။

ပြီးခဲ့တဲ့လမတိုင်ခင်တုန်းက ဒူးဒဏ်ရာအနည်းငယ်ရှိနေပြီး လေ့ကျင့်ရေးကနေထွက်ခွာခဲ့ရဖူးပါတယ်။ လေ့ကျင့်မှုအရမ်းလုပ်တာ၊ အပြင်းအထန်က စားတာတွေက သူ့အတွက်မျှတမှုမရှိပါဘူး။ အဲ့ဒါတွေရဲ့အဆုံးသတ်အနေနဲ့ခြေသလုံးနဲ့ ပေါင်ကြွက်သားတွေကိုထိခိုက်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်နေပါတယ်။

အခုအချိန်မှာ သူအကောင်းဆုံးမလုပ်နိုင်သေးပါဘူး။ ကစားသမားတိုင်းက အကောင်းဆုံးပေးဆပ်ချင်စိတ်ရှိကြသလို ပွဲပြီးဖို့ ၅မိနစ်အလိုမှာ လူစားလဲခံရရင်တောင် ဒေါသထွက်လေ့ရှိကြပါတယ်။ နည်းပြဘက်ကတော့ ယေဘုယျအနေအထားကိုကြည့်ပြီး စိုးရိမ်စရာရှိလာလို့လုပ်ရတာပါ” လို့ ဆာရီကပြောဆိုသွားတာပါ။
(zawgyi)
ေအစီမီလန္နဲ႔ပြဲမွာ စီေရာ္နယ္ဒိုကို ေစာေစာစီးစီးလူစားလဲလိုက္ရတာဟာ အေကာင္းဆံုးပံုစံမွာရွိမေနခဲ့တာေၾကာင့္လို႔ ဂ်ဴဗင္တပ္နည္းျပဆာရီက ရွင္းလင္းေျပာဆိုလိုက္ပါတယ္။ေပၚတူဂီတိုက္စစ္မွဴးကို ပြဲခ်ိန္ ၅၅မိနစ္မွာ ဒိုင္ဘာလာနဲ႔လူစားလဲခဲ့တာျဖစ္ၿပီး ကစားသမားနဲ႔သူ႔ၾကားမွာ အႀကိတ္အခဲဘာမွရွိမေနဘူးလို႔လည္း ဂ်ဴဗီနည္းျပကဖြင့္ဟသြားခဲ့ပါတယ္။အဲဒီလိုလူစားလဲခံရခ်ိန္မွာ စီေရာ္နယ္ဒိုဟာ မေပ်ာ္ရႊင္တဲ့ပံုစံနဲ႔ ဥမင္ထဲကိုခ်က္ခ်င္းဆင္းသြားခဲ့ပါတယ္။သူ႔ေနရာမွာအစား၀င္လာတဲ့ ဒိုင္ဘာလာကေတာ့ ပြဲခ်ိန္၇၇မိနစ္မွာ အသင္းအတြက္ တစ္လံုးတည္းေသာအႏိုင္ဂိုးကို သြင္းေပးႏိုင္ခဲ့ပါတယ္။စီေရာ္နယ္ဒိုအတြက္ေတာ့ ၿပိဳင္ပြဲစံု ၂ပြဲဆက္ လူစားလဲခံခဲ့ရတာျဖစ္ၿပီး လိုကိုမိုးတစ္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာလည္း လူစားလဲခံခဲ့ရပါတယ္။ဆာရီကေတာ့ ေပၚတူဂီသားရဲ႕ဒူးနဲ႔ေပါင္ၿခံမွာဒဏ္ရာရွိေနလို႔ မစြန္႔စားခ်င္တာေၾကာင့္လို႔ အဲဒီတုန္းကရွင္းလင္းခဲ့ဖူးပါတယ္။ေအစီမီလန္နဲ႔ပြဲမွာ ေရာ္နယ္ဒိုကို လူစားလဲခဲ့တာနဲ႔ပတ္သက္ၿပီး ဆာရီက “ကၽြန္ေတာ္တို႔ သူ႔ကိုေက်းဇူးတင္ရမွာပါ။ ဒီပြဲကိုအခက္အခဲေတြရွိလ်က္နဲ႔ကစားေပးခဲ့လို႔ပါပဲ။သူဆက္ကစားႏိုင္ပါေသးတယ္။ ဒါေပမယ့္ အေကာင္းဆံုးပံုစံရွိမေနတာကိုျမင္ခဲ့တာေၾကာင့္ လူစားလဲလိုက္တာအေကာင္းဆံုးလို႔ေတြးခဲ့ပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ ပံုမွန္အတိုင္းကြင္းထဲကေနထြက္သြားခဲ့တာပါ။ အထူးသျဖင့္ ဒီပြဲမွာ သူေတာ္ေတာ္ခက္ခဲေနပါတယ္။ ျပီးခဲ့တဲ့လမတိုင္ခင္တုန္းက ဒူးဒဏ္ရာအနည္းငယ္ရွိေနျပီး ေလ့က်င့္ေရးကေနထြက္ခြာခဲ့ရဖူးပါတယ္။ ေလ့က်င့္မႈအရမ္းလုပ္တာ၊ အျပင္းအထန္က စားတာေတြက သူ႔အတြက္မွ်တမႈမရွိပါဘူး။ အဲ့ဒါေတြရဲ႔အဆံုးသတ္အေနနဲ႔ေျခသလံုးနဲ႔ ေပါင္ၾကြက္သားေတြကိုထိခိုက္ႏိုင္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔စြမ္းေဆာင္ရည္ကုိပါ ထိခိုက္ေနပါတယ္။ အခုအခ်ိန္မွာ သူအေကာင္းဆံုးမလုပ္ႏိုင္ေသးပါဘူး။ ကစားသမားတိုင္းက အေကာင္းဆံုးေပးဆပ္ခ်င္စိတ္ရိွၾကသလို ပြဲျပီးဖို႔ ၅မိနစ္အလိုမွာ လူစားလဲခံရရင္ေတာင္ ေဒါသထြက္ေလ့ရွိၾကပါတယ္။ နည္းျပဘက္ကေတာ့ ေယဘုယ်အေနအထားကိုၾကည့္ျပီး စိုးရိမ္စရာရွိလာလို႔လုပ္ရတာပါ” လို႔ ဆာရီကေျပာဆိုသြားတာပါ။