အကောင်းဆုံးပုံစံကို ရလာဦးမယ်လို့ ပြိုင်ဘက်တွေကို လီဝန်ဒေါစကီးသတိပေး

Photo- Internet
Photo- Internet

ဘိုင်ယန်မြူ းနစ်အသင်းတိုက်စစ်မှူ း လီဝန်ဒေါစကီးဟာ ဒီရာသီခြေစွမ်းပြပြီး ဂိုးတွေအများကြီးသွင်းယူထားပေမယ့် သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုထပ်ပြီး ရလာ်ဦးမယ်လို့ ပြိုင်ဘက်တွေကိုသတိပေးလိုက်ပါတယ်။ သူဟာ ဒီရာသီမှာပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲကစားကာ ၂၃ ဂိုးသွင်းထားလို့ ဥရောပထိပ်တန်းလိဂ်တွေမှာ ဂိုးသွင်းအများဆုံးသူဖြစ်နေတာပါ။

ဒါပေမယ့်လည်း လီဝန်ဒေါစကီးက သူ့ခြေစွမ်းဟာအကောင်းဆုံးပုံစံကို ချဉ်းနင်းဝင်ရောက်ကာစဖြစ်ပြီး နောက်ထပ်ပိုပြီးတိုးတက်လာဦးမယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင်သူ့အသက်က ၃၁ နှစ်ရှိနေပြီဖြစ်ပေမယ့် အသက်ကြီးလာပြီလို့ မခံစားရကြောင်းလည်း ဆိုခဲ့ပါတယ်။

Photo- Internet

လီဝန်ဒါစကီးက”အခုလိုခြေစွမ်းရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့တာပါ။ လက်ရှိမှာ ကျွန်တော့် ဘော်ဒီကလည်းခံစားချက်ကောင်းနေတဲ့အတွက် ပြီးပြည့်စုံလာပြီလို့လည်းခံစားရပါတယ်။ ဘော်ဒီနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့စိတ်ခံစားချက် ရှိနေဖို့က အရေးကြီးပါတယ်။

Photo- Internet

ကျွန်တော် အနားယူစရာမလိုသေးသလို ခြေစွမ်းလည်းပိုပြီးကောင်းလာဦးမှာပါ။ ဘယ်အချိန်မှာ ပိုလုပ်ပြနိုင်စွမ်းရှိသလဲဆိုတာနဲ့ ဘယ်အချိန်မှာ အရှိန်လျှော့ဖို့လိုပြီဆိုတာကိုလည်း သိပါတယ်။ ကျွန်တော့် ပတ်စ်ပို့မှာ လီဝန်ဒေါစကီး၊ အသက် ၃၁ နှစ်လို့ဖော်ပြထားပေမယ့် ဒီအသက်အရွယ်ရောက်ပြီလို့ မခံစားရပါဘူး။

ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်းက အခုမှစရလာတာဖြစ်သလို ဒီပုံစံကိုနောက်ထပ်နှစ်တွေထပ်ပြီးသယ်ဆောင် သွားလိုပါသေးတယ်။ အကောင်းဆုံးပုံစံက ထပ်ပြီးရလာဦးမှာပါ” လို့ပြောသွားပါတယ်။ ဘိုင်ယန်မြူ းနစ်ဟာ ဒီတစ်ပတ်မှာ ဒက်ဆယ်ဒေါ့ဖ်နဲ့ အဝေးကွင်းတွေ့ဆုံရမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

အေကာင္းဆုံးပုံစံကို ရလာဦးမယ္လို႔ ၿပိဳင္ဘက္ေတြကို လီ၀န္ေဒါစကီးသတိေပး

ဘိုင္ယန္ျမဴ းနစ္အသင္းတိုက္စစ္မွဴ း လီ၀န္ေဒါစကီးဟာ ဒီရာသီေျခစြမ္းျပၿပီး ဂိုးေတြအမ်ားႀကီးသြင္းယူထားေပမယ္႔ သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းကိုထပ္ၿပီး ရလာ္ဦးမယ္လို႔ ၿပိဳင္ဘက္ေတြကိုသတိေပးလိုက္ပါတယ္။ သူဟာ ဒီရာသီမွာၿပိဳင္ပြဲအရပ္ရပ္ ၁၈ ပြဲကစားကာ ၂၃ ဂိုးသြင္းထားလို႔ ဥေရာပထိပ္တန္းလိဂ္ေတြမွာ ဂိုးသြင္းအမ်ားဆုံးသူျဖစ္ေနတာပါ။

ဒါေပမယ္႔လည္း လီ၀န္ေဒါစကီးက သူ႔ေျခစြမ္းဟာအေကာင္းဆုံးပုံစံကို ခ်ဥ္းနင္း၀င္ေရာက္ကာစျဖစ္ၿပီး ေနာက္ထပ္ပိုၿပီးတိုးတက္လာဦးမယ္လို႔ ေျပာသြားပါတယ္။ ဒါ့အျပင္သူ႔အသက္က ၃၁ ႏွစ္ရွိေနၿပီျဖစ္ေပမယ္႔ အသက္ႀကီးလာၿပီလို႔ မခံစားရေၾကာင္းလည္း ဆိုခဲ့ပါတယ္။

လီ၀န္ဒါစကီးက”အခုလိုေျခစြမ္းရဖို႔အတြက္ ခက္ခက္ခဲခဲႀကိဳးစားခဲ့တာပါ။ လက္ရွိမွာ က်ြန္ေတာ္႔ ေဘာ္ဒီကလည္းခံစားခ်က္ေကာင္းေနတဲ႔အတြက္ ၿပီးျပည့္စုံလာၿပီလို႔လည္းခံစားရပါတယ္။ ေဘာ္ဒီနဲ႔ပတ္သက္ၿပီး ေကာင္းမြန္တဲ႔စိတ္ခံစားခ်က္ ရွိေနဖို႔က အေရးႀကီးပါတယ္။

က်ြန္ေတာ္ အနားယူစရာမလိုေသးသလို ေျခစြမ္းလည္းပိုၿပီးေကာင္းလာဦးမွာပါ။ ဘယ္အခ်ိန္မွာ ပိုလုပ္ျပႏိုင္စြမ္းရွိသလဲဆိုတာနဲ႔ ဘယ္အခ်ိန္မွာ အရွိန္ေလွ်ာ႔ဖို႔လိုၿပီဆိုတာကိုလည္း သိပါတယ္။ က်ြန္ေတာ္႔ ပတ္စ္ပို႔မွာ လီ၀န္ေဒါစကီး၊ အသက္ ၃၁ ႏွစ္လို႔ေဖာ္ျပထားေပမယ္႔ ဒီအသက္အရြယ္ေရာက္ၿပီလို႔ မခံစားရပါဘူး။

က်ြန္ေတာ္႔ရဲ႕အေကာင္းဆုံးေျခစြမ္းက အခုမွစရလာတာျဖစ္သလို ဒီပုံစံကိုေနာက္ထပ္ႏွစ္ေတြထပ္ၿပီးသယ္ေဆာင္ သြားလိုပါေသးတယ္။ အေကာင္းဆုံးပုံစံက ထပ္ၿပီးရလာဦးမွာပါ” လို႔ေျပာသြားပါတယ္။ ဘိုင္ယန္ျမဴ းနစ္ဟာ ဒီတစ္ပတ္မွာ ဒက္ဆယ္ေဒါ့ဖ္နဲ႔ အေ၀းကြင္းေတြ႔ဆုံရမွာျဖစ္ပါတယ္။