

Globe Soccer Awards ရဲ့ ၂၀၁၉ အတွက်အကောင်းဆုံးနည်းပြ ဆန်ခါတင် ၅ ဦးစာရင်းမှာ ပြီးခဲ့တဲ့ ရာသီကမန်စီးတီးကို ပြည်တွင်းဆုဖလား ၃ လုံးရယူပေးနိုင်ခဲ့တဲ့ ဂွာဒီယိုလာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Globe Soccer Awards အခမ်းအနားကို လာမယ့် ဒီဇင်ဘာ ၂၉ ကျရင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အကောင်းဆုံး ကစားသမားဆန်ခါတင်စာရင်းကိုလည်း ထုတ်ပြန်သွားပါတယ်။
Globe Soccer Awards ကို ဥရောပတိုက်လုံးဆိုင်ရာ ဘောလုံးအေးဂျင့်အစည်းအရုံးနဲ့ ဥရောပကလပ်များအစည်းအရုံး(ECA) တို့ပူးတွဲကျင်းပတာဖြစ်ပြီး လာမယ့်တစ်ကြိမ်ပါဆိုရင် ၁၁ ကြိမ်မြောက်ဖြစ်ပါတယ်။ အကောင်းဆုံးနည်းပြ ဆန်ခါတင်စာရင်းမှာ အယ်ဂျီးရီးယားကို အာဖရိကနိုင်ငံများဖလားရရှိ စေခဲ့တဲ့ ဂျမဲလ်ဘယ်မာဒီ၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၊ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟတ်၊ ဂျူ ဗင်တပ်နည်းပြဟောင်း အယ်လီဂရီ နဲ့ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ် တို့ဖြစ်ကြပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးကို အင်္ဂလန်မှာပြည်တွင်းဆုဖလား ၃ လုံးဆွတ်ခူးစေတဲ့ ပထမဆုံးအသင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီစာရင်းမှာကျန်ရစ်ခဲ့လို့ အံအားသင့်မှုတွေလည်းရှိနေပါတယ်။ အခုစာရင်းကို ဖီဂို၊ ကာပယ်လို၊ ကွန်တီ၊ အဲရစ်အဘီဒယ် အစရှိတဲ့ နည်းပြနဲ့ဒါရိုက်တာတွေပါဝင်တဲ့ ဂျူ ရီ အဖွဲ့က ရွေးချယ်တာဖြစ်ပါတယ်။

အကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းမှာတော့ စီရော်နယ်ဒို၊ မက်ဆီ၊ ဘာနာဒိုဆေးလ်ဗား၊ မာနေး၊ ဆာလာ၊ အဲရစ်ဆန်နဲ့ ဗန်ဂျစ် တို့ပါဝင်ပါတယ်။ နည်းပြဆုကို ပြီးခဲ့တဲ့ ရာသီက လီဗာပူးကိုချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ ကလော့ပ် ရလိမ့်မယ်လို့ ရေပန်းစားနေပြီး ကစားသမားဆုကိုတော့ လီဗာပူးနောက်ခံလူ ဗန်ဂျစ် ရမယ်လို့ခန့်မှန်းနေကြပါတယ်။

တစ်နှစ်တာအတိုးတက်ဆုံးဆုအတွက် ဒေါ့မန်က ဆန်ချို၊ ဆဲလ်ဘတ်က အာလင်းဟာလန်း၊ ဘာစီလိုနာက အန်ဆုဖာတီ၊ လေဗာကူဆင်က ကိုင်ဟာဗက် နဲ့ အက်သလက်တီကိုက ဂျာအိုဖိလစ်တို့အပြိုင်ဖြစ်နေပြီး ဆန်ချိုက ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အကောင်းဆုံး ကလပ်ဆုအတွက် လီဗာပူး၊ အေဂျက်ဇ်နဲ့ လိုင်ယွန်အမျိုးသမီးအသင်းတို့ အပြိုင်ဖြစ်နေကြပါတယ်။

Zawgyi
အေကာင္းဆုံးနည္းျပ ဆန္ခါတင္ ၅ ဦးစာရင္းမွာ ဂြာဒီယိုလာက်န္ရစ္ခဲ့
Globe Soccer Awards ရဲ႕ ၂၀၁၉ အတြက္အေကာင္းဆုံးနည္းျပ ဆန္ခါတင္ ၅ ဦးစာရင္းမွာ ၿပီးခဲ့တဲ႔ ရာသီကမန္စီးတီးကို ျပည္တြင္းဆုဖလား ၃ လုံးရယူေပးႏိုင္ခဲ့တဲ႔ ဂြာဒီယိုလာ က်န္ရစ္ခဲ့တယ္လို႔ သိရပါတယ္။ Globe Soccer Awards အခမ္းအနားကို လာမယ္႔ ဒီဇင္ဘာ ၂၉ က်ရင္ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕မွာ က်င္းပသြားမွာျဖစ္ၿပီး အေကာင္းဆုံး ကစားသမားဆန္ခါတင္စာရင္းကိုလည္း ထုတ္ျပန္သြားပါတယ္။
Globe Soccer Awards ကို ဥေရာပတိုက္လုံးဆိုင္ရာ ေဘာလုံးေအးဂ်င့္အစည္းအရုံးနဲ႔ ဥေရာပကလပ္မ်ားအစည္းအရုံး(ECA) တို႔ပူးတြဲက်င္းပတာျဖစ္ၿပီး လာမယ္႔တစ္ႀကိမ္ပါဆိုရင္ ၁၁ ႀကိမ္ေျမာက္ျဖစ္ပါတယ္။ အေကာင္းဆုံးနည္းျပ ဆန္ခါတင္စာရင္းမွာ အယ္ဂ်ီးရီးယားကို အာဖရိကႏိုင္ငံမ်ားဖလားရရွိ ေစခဲ့တဲ႔ ဂ်မဲလ္ဘယ္မာဒီ၊ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ႔ပ္၊ ေအဂ်က္ဇ္နည္းျပ အဲရစ္တန္ဟတ္၊ ဂ်ဴ ဗင္တပ္နည္းျပေဟာင္း အယ္လီဂရီ နဲ႔ ေပၚတူဂီနည္းျပ ဖာနန္ဒိုဆန္းတို႔စ္ တို႔ျဖစ္ၾကပါတယ္။
ဂြာဒီယိုလာဟာ မန္စီးတီးကို အဂၤလန္မွာျပည္တြင္းဆုဖလား ၃ လုံးဆြတ္ခူးေစတဲ႔ ပထမဆုံးအသင္းျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ္႔ ဒီစာရင္းမွာက်န္ရစ္ခဲ့လို႔ အံအားသင့္မႈေတြလည္းရွိေနပါတယ္။ အခုစာရင္းကို ဖီဂို၊ ကာပယ္လို၊ ကြန္တီ၊ အဲရစ္အဘီဒယ္ အစရွိတဲ႔ နည္းျပနဲ႔ဒါရိုက္တာေတြပါ၀င္တဲ႔ ဂ်ဴ ရီ အဖြဲ႔က ေရြးခ်ယ္တာျဖစ္ပါတယ္။
အေကာင္းဆုံးကစားသမားဆန္ခါတင္စာရင္းမွာေတာ႔ စီေရာ္နယ္ဒို၊ မက္ဆီ၊ ဘာနာဒိုေဆးလ္ဗား၊ မာေနး၊ ဆာလာ၊ အဲရစ္ဆန္နဲ႔ ဗန္ဂ်စ္ တို႔ပါ၀င္ပါတယ္။ နည္းျပဆုကို ၿပီးခဲ့တဲ႔ ရာသီက လီဗာပူးကိုခ်န္ပီယံလိဂ္ဖလားရယူေပးခဲ့တဲ႔ ကေလာ႔ပ္ ရလိမ့္မယ္လို႔ ေရပန္းစားေနၿပီး ကစားသမားဆုကိုေတာ႔ လီဗာပူးေနာက္ခံလူ ဗန္ဂ်စ္ ရမယ္လို႔ခန္႔မွန္းေနၾကပါတယ္။
တစ္ႏွစ္တာအတိုးတက္ဆုံးဆုအတြက္ ေဒါ့မန္က ဆန္ခ်ဳိ၊ ဆဲလ္ဘတ္က အာလင္းဟာလန္း၊ ဘာစီလိုနာက အန္ဆုဖာတီ၊ ေလဗာကူဆင္က ကိုင္ဟာဗက္ နဲ႔ အက္သလက္တီကိုက ဂ်ာအိုဖိလစ္တို႔အၿပိဳင္ျဖစ္ေနၿပီး ဆန္ခ်ဳိက ဆုရဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ အေကာင္းဆုံး ကလပ္ဆုအတြက္ လီဗာပူး၊ ေအဂ်က္ဇ္နဲ႔ လိုင္ယြန္အမ်ဳိးသမီးအသင္းတို႔ အၿပိဳင္ျဖစ္ေနၾကပါတယ္။