အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဒီရစ်ဒါကို အမှတ်နဲ့ ရှုံနိမ့်ပြီး ကမ္ဘာ့လိုက်ဟဲဗီးဝတ်ခါးပတ်ကို အောင်လအန်ဆိုင်း လက်လွှတ်ခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ONE Championship ပြိုင်ပွဲရဲ့ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ပွဲစဉ်အဖြစ် ဒီနေ့မနက်ပိုင်း စင်ကာပူနိုင်ငံမှာ အောင်လအန်ဆန် နဲ့ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ထိုးသတ်ခဲ့ကြပါတယ်။

အောင်လအန်ဆန်က သူ့ရဲ့လိုက်ဟဲဗီးဝိတ် World Champion ခါးပတ်ကို ကာကွယ်ခဲ့ရတဲ့ ပွဲဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်ပွဲမှာ အရေးနိမ့်ခဲ့တဲ့အတွက်

ပြန်ပြီး လက်စားချေခွင့်ရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ပရိသတ်တွေက အတော်လေး စိတ်ဝင်စားခဲ့ကြပါတယ်။

ဒီကစားသမား၂ဦးဟာ ပထမတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီအကြိမ်က ဒီရစ်ဒါဟာ ပထမအချီမှာပဲ အောင်လအန်ဆန်ကို ချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အောင်လအန်ဆန် ရုန်းကန်ခဲ့ရပြီး ဒီရစ်ဒါရဲ့ အသာစီးရယူမှုကို ခံခဲ့ရပါတယ်။ ပွဲစတာနဲ့ ဒီရစ်ဒါက လျင်လျင်မြန်မြန်ပဲ အောင်လအန်ဆန်ကို ဆွဲလှဲပစ်ခဲ့ပြီး ချုပ်ကွက်နဲ့အနိုင်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် အောင်လအန်ဆန် တော်တော်လေးအခက်တွေ့ခဲ့ရပြီး ချုပ်ကွက်ကနေ လွတ်မြောက်ဖို့အတွက် အားကုန်အသုံးပြုခဲ့ရကာပြန်ရုန်းထွက်နိုင်ခဲ့လို့သာတော်သေးတာပါ။

ဒီရစ်ဒါဟာ အောက်ပိုင်းဝင်လုံး ဆွဲချုပ် (Take Down) တွေ ပြုလုပ်ဖို့ကိုသာ အထူးအာရုံစိုက်ပြီး ချုပ်ကွက်နဲ့အနိုင်ယူဖို့ကိုပဲ ပြင်ဆင်လာခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ ပြိုင်ဘက်ကို ထိထိမိမိထိုးသတ်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ ရုန်းကန်နေခဲ့ရပြီး အပိုင်ချုပ်ကွက်ထဲမဝင်ဖို့ကို သတိကြီးကြီးထားနေခဲ့ရလို့

အစောပိုင်းအချီတွေမှာတော့ အောင်လအန်ဆန်တစ်ယောက် အရေးမသာခဲ့ဘဲ အမှတ်တွေ ဆုံးရှုံးထားခဲ့ရပါတယ်။

အောင်လအန်ဆိုင်းက တိုက်စစ်ဖွင့်ထိုးဖို့ထက် ခံစစ်ကိုလုံအောင်ပဲ ပြင်ဆင်နေခဲ့ရပြီး ဒီရစ်ဒါကတော့ ၄ချီ မြောက်ကစပြီး ပွဲပြီးတဲ့အထိ ကြီးကြီးမားမားအထိနာတာမျိုး မရှိဘဲ ပွဲကိုဦးဆောင်နိုင်ခဲ့ကာ တွေ့၇ပါတယ်။

နောက်ဆုံးအချီမှာ အောင်လအန်ဆန်က အနည်းငယ်အသာစီးရရှိပြီး အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ငါးချီပြည့်တဲ့အချိန်အထိ နှစ်ဦးစလုံးက တစ်ဦးနဲ့တစ်ဦးအပြတ်မဖြတ်နိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။

ဒါကြောင့် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အနိုင်အရှုံးဆုံးဖြတ်ခဲ့ရာမှာ ဒိုင်လူကြီး ၃ဦးစလုံးက ဒီရစ်ဒါကိ အနိုင်ပေးခဲ့ပြီး အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ထပ်မံရယူသွားခဲ့ပါတယ်။

အောင်လအန်ဆန်အတွက်တော့ သူ့ရဲ့ခါးပတ်နှစ်ခုစလုံးကို ပြိုင်ဘက်တစ်ဦးတည်းဆီကို စွန့်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ အောင်လအန်ဆိုင်းရဲ့ လက်ရည်အရ ရှုံံးနိမ့်မှုအတွက် စောဒကတက်စရာမရှိဘဲ ဒီရစ်ဒါကတော့ ၁၄ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်နဲ့အတူ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ ဒီရစ္ဒါကို အမွတ္နဲ႔ ရႈံနိမ့္ၿပီး ကမာၻ႔လိုက္ဟဲဗီးဝတ္ခါးပတ္ကို ေအာင္လအန္ဆိုင္း လက္လႊတ္ခဲ့ရ

ONE Championship ၿပိဳင္ပြဲရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ခါးပတ္ပြဲစဥ္အျဖစ္ ဒီေန႔မနက္ပိုင္း စင္ကာပူႏိုင္ငံမွာ ေအာင္လအန္ဆန္ နဲ႔ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါတို႔ ထိုးသတ္ခဲ့ၾကပါတယ္။ ေအာင္လအန္ဆန္က သူ႔ရဲ႕လိုက္ဟဲဗီးဝိတ္ World Champion ခါးပတ္ကို ကာကြယ္ခဲ့ရတဲ့ ပြဲျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္းခါးပတ္ပြဲမွာ အေရးနိမ့္ခဲ့တဲ့အတြက္ ျပန္ၿပီးး လက္စားေခ်ခြင့္ရတဲ့ အခြင့္အေရးျဖစ္တဲ့အတြက္ ပရိသတ္ေတြက အေတာ္ေလး စိတ္ဝင္စားခဲ့ၾကပါတယ္။

ဒီကစားသမား၂ဦးဟာ ပထမတစ္ႀကိမ္ ထိပ္တိုက္ေတြ႕ဆုံခဲ့ဖူးၿပီး အဲ့ဒီအႀကိမ္က ဒီရစ္ဒါဟာ ပထမအခ်ီမွာပဲ ေအာင္လအန္ဆန္ကို ခ်ဳပ္ကြက္နဲ႔ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ေအာင္လအန္ဆန္ ႐ုန္းကန္ခဲ့ရၿပီး ဒီရစ္ဒါရဲ႕ အသာစီးရယူမႈကို ခံခဲ့ရပါတယ္။ ပြဲစတာနဲ႔ ဒီရစ္ဒါက လ်င္လ်င္ျမန္ျမန္ပဲ ေအာင္လအန္ဆန္ကို ဆြဲလွဲပစ္ခဲ့ၿပီး ခ်ဳပ္ကြက္နဲ႔အႏိုင္ယူဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေၾကာင့္ ေအာင္လအန္ဆန္ ေတာ္ေတာ္ေလးအခက္ေတြ႕ခဲ့ရၿပီး ခ်ဳပ္ကြက္ကေန လြတ္ေျမာက္ဖို႔အတြက္ အားကုန္အသုံးျပဳခဲ့ရကာ ျပန္႐ုန္းထြက္ႏိုင္ခဲ့လို႔သာေတာ္ေသးတာပါ။

ဒီရစ္ဒါဟာ ေအာက္ပိုင္းဝင္လုံး ဆြဲခ်ဳပ္ (Take Down) ေတြ ျပဳလုပ္ဖို႔ကိုသာ အထူးအာ႐ုံစိုက္ၿပီး ခ်ဳပ္ကြက္နဲ႔အႏိုင္ယူဖို႔ကိုပဲ ျပင္ဆင္လာခဲ့ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ ၿပိဳင္ဘက္ကို ထိထိမိမိထိုးသတ္ႏိုင္ခဲ့ျခင္းမရွိဘဲနဲ႔ ႐ုန္းကန္ေနခဲ့ရၿပီး အပိုင္ခ်ဳပ္ကြက္ထဲမဝင္ဖို႔ကို သတိႀကီးႀကီးထားေနခဲ့ရလို႔ အေစာပိုင္းအခ်ီေတြမွာေတာ့ ေအာင္လအန္ဆန္တစ္ေယာက္ အေရးမသာခဲ့ဘဲ အမွတ္ေတြ ဆုံးရႈံးထားခဲ့ရပါတယ္။

ေအာင္လအန္ဆိုင္းက တိုက္စစ္ဖြင့္ထိုးဖို႔ထက္ ခံစစ္ကိုလုံေအာင္ပဲ ျပင္ဆင္ေနခဲ့ရၿပီး ဒီရစ္ဒါကေတာ့ ၄ခ်ီ ေျမာက္ကစၿပီး ပြဲၿပီးတဲ့အထိ ႀကီးႀကီးမားမားအထိနာတာမ်ိဳး မရွိဘဲ ပြဲကိုဦးေဆာင္ႏိုင္ခဲ့ကာေတြ႕၇ပါတယ္။

ေနာက္ဆုံးအခ်ီမွာ ေအာင္လအန္ဆန္က အနည္းငယ္အသာစီးရရွိၿပီး အဆုံးသတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ငါးခ်ီျပည့္တဲ့အခ်ိန္အထိ ႏွစ္ဦးစလုံးက တစ္ဦးနဲ႔တစ္ဦးအျပတ္မျဖတ္ႏိုင္ခဲ့ဘဲရွိေနခဲ့ပါတယ္။

ဒါေၾကာင့္ ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အႏိုင္အရႈံးဆုံးျဖတ္ခဲ့ရာမွာ ဒိုင္လူႀကီး ၃ဦးစလုံးက ဒီရစ္ဒါကိ အႏိုင္ေပးခဲ့ၿပီး ေအာင္လအန္ဆန္ရဲ႕ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကို ထပ္မံရယူသြားခဲ့ပါတယ္။

ေအာင္လအန္ဆန္အတြက္ေတာ့ သူ႔ရဲ႕ခါးပတ္ႏွစ္ခုစလုံးကို ၿပိဳင္ဘက္တစ္ဦးတည္းဆီကို စြန႔္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။ ဒီပြဲမွာ ေအာင္လအန္ဆိုင္းရဲ႕ လက္ရည္အရ ရႈံံးနိမ့္မႈအတြက္ ေစာဒကတက္စရာမရွိဘဲ ဒီရစ္ဒါကေတာ့ ၁၄ ပြဲဆက္တိုက္ရႈံးပြဲမရွိစံခ်ိန္နဲ႔အတူ မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံအျဖစ္ ရပ္တည္ခဲ့ၿပီျဖစ္ပါတယ္။