အကိုက်ခံ၊ နို့နှိုက်ခံရလည်း သူငယ်ချင်း ရူဒီဂါအပေါ် သဘောထားကြီးတဲ့ ပေါ့ဘာ

ဂျာမနီဗဟိုနောက်ခံလူရူဒီဂါဟာအင်္ဂါနေ့ညတုန်းကပြင်သစ်နှင့်ရင်ဆိုင်ကစားခဲ့တဲ့

ယူရို၂၀၂၀ပွဲစဉ်တွင်ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာရဲ့ပုခုံးကိုကိုက်ခဲ့သလို၊ နို့အုံကိုလည်း

ကိုင်ညစ်ခဲ့ပါတယ်။ တချို့ကတော့ ရူဒီဂါက စွပ်စွဲခံရတာပါလို့ ပြောဆိုကြပါတယ်။

ပြင်သစ်က ဂျာမနီကို ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့

အနိုင်ရရှိခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၂၀ မှာ ဟမ်းမဲလ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပြီး

ထိပ်သီးအသင်းနှစ်သင်းတွေ့ဆုံမှုမှာ ပြင်သစ်က အသာစီးရရှိခဲ့ကာ အုပ်စုကနေလွတ်မြောက်ဖို့အတွက်

အခွင့်အရေးကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ပေါ့ဘာကို လူကပ်ကစားနေတဲ့ ရူဒီဂါဟာ နှစ်ဦးသားတွန်းထိုးနေစဉ်အတွင်းမှာ

ပေါ့ဘာရဲ့ နောက်ပခုံးကို ကိုက်ခဲ့တာလည်းဖြစ်ပါတယ်။အနှေးပြကွက်တွေအရ ကိုက်တဲ့ကိစ္စဟာ

ရှင်းလင်းပြတ်သားမှုမရှိပေမယ့်လည်း ပေါ့ဘာကတော့ အော်ဟစ်ခဲ့ပါတယ်။

ရူဒီဂါဟာ ကိုက်ရုံနဲ့မပြီးပါဘူး။ ပေါ့ဘာရဲ့ ရင်ဘက်နို့အုံနေရာတည့်တည့်ကိုလည်း ကိုင်ခဲ့ပါသေးတယ်။

ပေ့ါဘာကို နို့ညစ်ခဲ့တယ်လို့ ယူဆ စရာရှိပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပေါ့ဘာက “ဒီပွဲက ကျွန်တော်တို့အတွက်၊ ပရိသတ်တွေအတွက်၊

ကြည့်ရှုသူတွေအတွက်

ပွဲကောင်း၁ပွဲ ဖြစ်ခဲ့ပါတယ်။တိုနီနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ။ တီဗီမှာ အားလုံးပဲ

အဖြစ်အပျက်တွေ မြင်ခဲ့ပြီးပြီ ထင်ပါတယ်။ ”

“အဲဒီလို အဖြစ်အပျက်တွေကြောင့် သူ အဝါကတ်တွေ၊ အနီကတ်တွေရဖို့ ကျွန်တော် အော်ငိုနေမှာ မဟုတ်ပါဘူး။

သူ ကျွန်တော့်ကို နည်းနည်း ကိုက်လိုက်တယ်ထင်ပေမယ့် သူနဲ့ ကျွန်တော်က သိတာ ကြာလှပါပြီ။

ကျွန်တော် ကိုက်ခံရတယ်လို့ ခံစားမိပြီး ကွင်းလယ်ဒိုင်ကို ပြောခဲ့ပါတယ်။”

“ဒိုင်လူကြီးလည်း ဆုံးဖြတ်ချက်ချခဲ့ပြီးပါပြီ။သူ့ကို ပွဲအပယ်မခံရစေချင်ပါဘူး။

ပွဲအပြီးမှာကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ဖက်ခဲ့ကြတယ်။အခုဒါကပြီးဆုံးသွားပါပြီ”လို့ပြောကြားသွားပါတယ်။

Zawgyi Version

အကိုက္ခံ၊ ႏို႔ႏႈိက္ခံရလည္း သူငယ္ခ်င္း ႐ူဒီဂါအေပၚ သေဘာထားႀကီးတဲ့

ေပါ့ဘာ

ဂ်ာမနီဗဟိုေနာက္ခံလူ႐ူဒီဂါဟာအဂၤါေန႔ညတုန္းကျပင္သစ္ႏွင့္ရင္ဆိုင္ကစားခဲ့တဲ့

ယူ႐ို၂၀၂၀ပြဲစဥ္တြင္ျပင္သစ္ကြင္းလယ္ကစားသမားေပါ့ဘာရဲ႕ပုခုံးကိုကိုက္ခဲ့သလို၊ ႏို႔အုံကိုလည္း

ကိုင္ညစ္ခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ ႐ူဒီဂါက စြပ္စြဲခံရတာပါလို႔ ေျပာဆိုၾကပါတယ္။

ျပင္သစ္က ဂ်ာမနီကို ဟမ္းမဲလ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူတဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပြဲကစားခ်ိန္ မိနစ္ ၂၀ မွာ ဟမ္းမဲလ္က ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့တာျဖစ္ၿပီး

ထိပ္သီးအသင္းႏွစ္သင္းေတြ႕ဆုံမႈမွာ ျပင္သစ္က အသာစီးရရွိခဲ့ကာ အုပ္စုကေနလြတ္ေျမာက္ဖို႔အတြက္

အခြင့္အေရးေကာင္းတစ္ခုကို ပိုင္ဆိုင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ေပါ့ဘာကို လူကပ္ကစားေနတဲ့ ႐ူဒီဂါဟာ ႏွစ္ဦးသားတြန္းထိုးေနစဥ္အတြင္းမွ

ာ ေပါ့ဘာရဲ႕ ေနာက္ပခုံးကို ကိုက္ခဲ့တာလည္းျဖစ္ပါတယ္။အေႏွးျပကြက္ေတြအရ

ကိုက္တဲ့ကိစၥဟာ ရွင္းလင္းျပတ္သားမႈမရွိေပမယ့္လည္း ေပါ့ဘာကေတာ့ ေအာ္ဟစ္ခဲ့ပါတယ္။

႐ူဒီဂါဟာ ကိုက္႐ုံနဲ႔မၿပီးပါဘူး။

ေပါ့ဘာရဲ႕ ရင္ဘက္ႏို႔အုံေနရာတည့္တည့္ကိုလည္း ကိုင္ခဲ့ပါေသးတယ္။

ေပ့ါဘာကို ႏို႔ညစ္ခဲ့တယ္လို႔ ယူဆ စရာရွိပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေပါ့ဘာက “ဒီပြဲက ကြၽန္ေတာ္တို႔အတြက္၊ ပရိသတ္ေတြအတြက္၊

ၾကည့္ရႈသူေတြအတြက္ ပြဲေကာင္း၁ပြဲ

ျဖစ္ခဲ့ပါတယ္။တိုနီနဲ႔ ကြၽန္ေတာ္က သူငယ္ခ်င္းေတြပါ။ တီဗီမွာ အားလုံးပဲ အျဖစ္အပ်က္ေတြ ျမင္ခဲ့ၿပီးၿပီ ထင္ပါတယ္။ ”

“အဲဒီလို အျဖစ္အပ်က္ေတြေၾကာင့္ သူ အဝါကတ္ေတြ၊ အနီကတ္ေတြရဖို႔ ကြၽန္ေတာ္

ေအာ္ငိုေနမွာ မဟုတ္ပါဘူး။ သူ ကြၽန္ေတာ့္ကို နည္းနည္း ကိုက္လိုက္တယ္ထင္ေပမယ့္

သူနဲ႔ ကြၽန္ေတာ္က သိတာ ၾကာလွပါၿပီ။ ကြၽန္ေတာ္ ကိုက္ခံရတယ္လို႔

ခံစားမိၿပီး ကြင္းလယ္ဒိုင္ကို ေျပာခဲ့ပါတယ္။”

“ဒိုင္လူႀကီးလည္း ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးပါၿပီ။သူ႔ကို ပြဲအပယ္မခံရေစခ်င္ပါဘူး။

ပြဲအၿပီးမွာကြၽန္ေတာ္တို႔တစ္ေယာက္ကိုတစ္ေယာက္ဖက္ခဲ့ၾကတယ္။အခုဒါကၿပီးဆုံးသြားပါၿပီ”

လို႔ေျပာၾကားသြားပါတယ္။