
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ လာမယ့် ဘောလုံးရာသီ မစတင်ခင် ၎င်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အထူးပြင်ဆင်ခဲ့ပြီး လ,အနည်းအတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကြွက်သားဖွဲ့စည်းပုံကြောင့် ပရိသတ်တွေတောင် အံ့ဩပြီး အသင်းဖော်တွေပါ အားကျနေရတာဖြစ်ပါတယ်။
ဗန်ဒီဘိခိဟာ ဒဏ်ရာပြဿနာကြောင့် နယ်သာလန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ထဲ့ရပြီးနောက်ပိုင်း လာမယ့် ဘောလုံးရာသီ မစမီကြံ့ခိုင်မှု ပြန်လည် ပြည့်ဝစေရရန် တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတာပါ။
ဒါ့အပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့မှာရှိတဲ့ ထိပ်တန်း လေ့ကျင့်ရေးစင်တာ တစ်ခုရဲ့ အကူအညီနဲ့ အတူ ခန္ဓာကိုယ်အချိုးအစား ပိုပြီး တောင့်တင်း သန်မာလာစေဖို့အတွက် အစာ အဟာရကို အလေးအနက်ထားတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေရယူခဲ့တာပါ။
ဗန်ဒီဘိခ်ရဲ့ အံ့အားသင့်ဖွယ် ပြောင်းလဲလာမှုက ကစားဖော်တွေကြားမှာပါ ပြောစရာတစ်ခုဖြစ်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ ယုံကြည်မှု ပိုရှိလာတဲ့ ကစားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုခံလာရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း ဗန်ဒီဘိခ်ဟာ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ယူနိုက်တက် အသင်းမှာသာ ပွဲထက်ခွင့်အတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ကိုယ်တိုင်က အသင်းမှာ ပျော်ရွှင်နေပြီး ယူနိုက်တက်ဘက်ကလည်း ၎င်းကို ရောင်းထုတ်ဖို့ ဆန္ဒမရှိတဲ့အပြင် နည်းပြဆိုးလ်ရှားဟာ လာမယ့် ရာသီမှာ အသုံးပြုမယ့် (၄−၃−၃) ကစားကွက်မှာ ဖာနန်ဒက်စ်နဲ့ တွဲဖက်ပြီး နံပါတ် (၈) role နေရာမှာ ထား ကစားခိုင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြဆိုးလ်ရှားဟာ ဗန်ဒီဘိခ်ကို ယုံကြည်မှု ပိုရှိလာစေရန်အတွက် ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ဒုတိယပိုင်းမှာ လူစားဝင် ကစားစေခဲ့ပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အကိတ္ႀကီးျဖစ္လာတဲ့ ဗန္ဒီဘစ္ခ္ရဲ႕ေဘာ္ဒီကို သရဲနီေတြအားက်ေနၿပီ။
ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ လာမယ့္ ေဘာလုံးရာသီ မစတင္ခင္ ၎ရဲ႕ ခႏၶာကိုယ္ႀကံ့ခိုင္မႈကို အထူးျပင္ဆင္ခဲ့ၿပီး လ,အနည္းအတြင္းမွာ ဖြံ႕ၿဖိဳးတိုးတက္လာတဲ့ ႂကြက္သားဖြဲ႕စည္းပုံေၾကာင့္ ပရိသတ္ေတြေတာင္ အံ့ဩၿပီး အသင္းေဖာ္ေတြပါ အားက်ေနရတာျဖစ္ပါတယ္။
ဗန္ဒီဘိခိဟာ ဒဏ္ရာျပႆနာေၾကာင့္ နယ္သာလန္လက္ေ႐ြးစင္အသင္းကေန ႏႈတ္ထြက္ထဲ့ရၿပီးေနာက္ပိုင္း လာမယ့္ ေဘာလုံးရာသီ မစမီႀကံ့ခိုင္မႈ ျပန္လည္ ျပည့္ဝေစရရန္ တစ္ကိုယ္ေတာ္ ေလ့က်င့္ခန္းေတြ ျပဳလုပ္ခဲ့ရတာပါ။
ဒါ့အျပင္ နယ္သာလန္ႏိုင္ငံ အမ္စတာဒမ္ ၿမိဳ႕မွာရွိတဲ့ ထိပ္တန္း ေလ့က်င့္ေရးစင္တာ တစ္ခုရဲ႕ အကူအညီနဲ႔ အတူ ခႏၶာကိုယ္အခ်ိဳးအစား ပိုၿပီး ေတာင့္တင္း သန္မာလာေစဖို႔အတြက္ အစာ အဟာရကို အေလးအနက္ထားတဲ့ ေလ့က်င့္ခန္းအစီအစဥ္ေတြရယူခဲ့တာပါ။
ဗန္ဒီဘိခ္ရဲ႕ အံ့အားသင့္ဖြယ္ ေျပာင္းလဲလာမႈက ကစားေဖာ္ေတြၾကားမွာပါ ေျပာစရာတစ္ခုျဖစ္လာခဲ့ၿပီး ေလ့က်င့္ေရးကြင္းမွာ ယုံၾကည္မႈ ပိုရွိလာတဲ့ ကစားသမားတစ္ဦးအျဖစ္ အသိအမွတ္ျပဳခံလာရတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရာသီမွာ ပြဲထြက္ခြင့္ နည္းပါးခဲ့တာေၾကာင့္ အသင္းကေန ထြက္ခြာႏိုင္ေခ်ရွိတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္လည္း ဗန္ဒီဘိခ္ဟာ ဘာစီလိုနာ အသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီး ယူႏိုက္တက္ အသင္းမွာသာ ပြဲထက္ခြင့္အတြက္ တိုက္ပြဲဝင္သြားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဗန္ဒီဘိခ္ကိုယ္တိုင္က အသင္းမွာ ေပ်ာ္႐ႊင္ေနၿပီး ယူႏိုက္တက္ဘက္ကလည္း ၎ကို ေရာင္းထုတ္ဖို႔ ဆႏၵမရွိတဲ့အျပင္ နည္းျပဆိုးလ္ရွားဟာ လာမယ့္ ရာသီမွာ အသုံးျပဳမယ့္ (၄−၃−၃) ကစားကြက္မွာ ဖာနန္ဒက္စ္နဲ႔ တြဲဖက္ၿပီး နံပါတ္ (၈) role ေနရာမွာ ထား ကစားခိုင္းဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ဒါ့အျပင္ နည္းျပဆိုးလ္ရွားဟာ ဗန္ဒီဘိခ္ကို ယုံၾကည္မႈ ပိုရွိလာေစရန္အတြက္ ၿပီးခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ဒုတိယပိုင္းမွာ လူစားဝင္ ကစားေစခဲ့ပါေသးတယ္။