အကယ်ဒမီများရှင်တွေတောင် လက်မှိုင်ချရလောက်တဲ့ သရုပ်ဆောင်ချက်ကြောင့် အနီကတ်ပြသခံခဲ့ရတဲ့ လီဂါနက်စ်ဂိုးသမား

Photo Credit

Photo Credit

လီဂါနက်စ်အသင်းဂိုးသမား ကျူရယ်လာဟာ အက်သလက်တီကိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါပွဲမှာ ဘောကောက်ကောင်လေးက နည်းနည်းတွန်းလိုက်တာကို မြက်ခင်းပေါ် လဲှချကာ ဟန်ဆောင်ခဲ့လို့ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပွဲပြီးခါနီးမှာ နှစ်ဘက်အသင်းသားတွေကြား အချင်းများခဲ့ကြပါတယ်။

Photo Credit

ကျူရယ်လာဟာ အဲဒီပွဲမှာ အချိန်ဆွဲလို့ အဝါကတ်ပြသခံထားရပြီးဖြစ်ကာ နာကျင်အချိန်ပိုအရောက် ဂိုးလွန်ဘောဖြစ်သွားတဲ့ ဘောလုံးကို ဂိုးတိုင်အနောက်မှာ သွားအကောက် ဘောကောက်ကောင်လေးက သူ့ကို တွန်းတယ်ဆိုရုံလေး တွန်းလိုက်ပါတယ်။

Photo Credit

ဒါပေမဲ့ ကျူရယ်လာက အကယ်ဒမီများရှင်တွေတောင် လက်မှိုင်ချရလောက်တဲ့ သရုပ်ဆောင်ချက်နဲ့အတူ သူ့ကို ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ရဲ့ညာဝိုက်လက်သီး ထိသွားသလားမှတ်ရလောက်တဲ့ပုံစံမျိုးနဲ့ မြက်ခင်းပြင်ပေါ် လှဲချလိုက်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ချက်တွေက ပီပြင်လွန်းအားကြီးခဲ့တော့ ဒိုင်လူကြီးလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ဒုတိယမြောက်အဝါကတ်ပြသကာ အနီကတ်နဲ့ ထုတ်ပယ်လိုက်ပါတယ်။ သူထုတ်ပယ်ခံရလို့ နောက်ခံလူ ဂျိုနသန်ဆေးလ်ဗားက ဂိုးသမားအဖြစ် အရေးပေါ်ပြောင်းလဲကစားခဲ့ရပါတယ်။

Photo Credit

ကျူရယ်လာက အဲဒီသရုပ်ဆောင်ချက်နဲ့ပဲ ကွင်းထဲကနေ ထွက်မသွားသေးဘဲ ကွင်းထဲမှာ ပြဿနာရှာသွားပါသေးတယ်။ သူဟာ ကွင်းထဲကနေ မထွက်ခင် အက်သလက်တီကိုတိုက်စစ်မှူး မိုရာတာအပြင် တခြားပြိုင်ဘက်ကစားသမားတွေနဲ့ အချင်းများခဲ့ပါတယ်။

Video Credit

”၁၄နှစ်အရွယ်ကောင်လေးက နည်းနည်းလေးတွန်းလိုက်တာကို ကျူရယ်လာက အမူအရာပိုပိုနဲ လဲှချခဲ့ပါတယ်။ သိပ်ရှက်စရာကောင်းတဲ့ အပြုအမူပါ”။ ”အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ပါ။ ကျူရယ်လာရဲ့လုပ်ပုံတွေက သိပ်ရှက်စရာကောင်းတယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

အကယ္ဒမီမ်ားရွင္ေတြေတာင္ လက္မႈိင္ခ်ရေလာက္တဲ့ သ႐ုပ္ေဆာင္ခ်က္ေၾကာင့္ အနီကတ္ျပသခံခဲ့ရတဲ့ လီဂါနက္စ္ဂိုးသမား

လီဂါနက္စ္အသင္းဂိုးသမား က်ဴရယ္လာဟာ အက္သလက္တီကိုနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ လာလီဂါပြဲမွာ ေဘာေကာက္ေကာင္ေလးက နည္းနည္းတြန္းလုိက္တာကို ျမက္ခင္းေပၚ လဲွခ်ကာ ဟန္ေဆာင္ခဲ့လုိ႔ ၂၀ါ၊ ၁နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ပဲြဲၿပီးခါနီးမွာ ႏွစ္ဘက္အသင္းသားေတြၾကား အခ်င္းမ်ားခဲ့ၾကပါတယ္။
က်ဴရယ္လာဟာ အဲဒီပဲြမွာ အခ်ိန္ဆြဲလုိ႔ အ၀ါကတ္ျပသခံထားရၿပီးျဖစ္ကာ နာက်င္အခ်ိန္ပိုအေရာက္ ဂိုးလြန္ေဘာျဖစ္သြားတဲ့ ေဘာလုံးကို ဂိုးတုိင္အေနာက္မွာ သြားအေကာက္ ေဘာေကာက္ေကာင္ေလးက သူ႕ကို တြန္းတယ္ဆုိ႐ုံေလး တြန္းလုိက္ပါတယ္။
ဒါေပမဲ့ က်ဴရယ္လာက အကယ္ဒမီမ်ားရွင္ေတြေတာင္ လက္မိႈင္ခ်ရေလာက္တဲ့ သ႐ုပ္ေဆာင္ခ်က္နဲ႔အတူ သူ႕ကို ဟဲဗီး၀ိတ္ခ်န္ပီယံေဟာင္း မုိက္တုိင္ဆန္ရဲ႕ညာ၀ုိက္လက္သီး ထိသြားသလားမွတ္ရေလာက္တဲ့ပုံစံမ်ိဳးနဲ႔ ျမက္ခင္းျပင္ေပၚ လွဲခ်လုိက္ပါတယ္။
သူ႕ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြက ပီျပင္လြန္းအားႀကီးခဲ့ေတာ့ ဒိုင္လူႀကီးလည္း အသိအမွတ္ျပဳတဲ့အေနနဲ႔ ဒုတိယေျမာက္အ၀ါကတ္ျပသကာ အနီကတ္နဲ႔ ထုတ္ပယ္လုိက္ပါတယ္။ သူထုတ္ပယ္ခံရလုိ႔ ေနာက္ခံလူ ဂ်ိဳနသန္ေဆးလ္ဗားက ဂိုးသမားအျဖစ္ အေရးေပၚေျပာင္းလဲကစားခဲ့ရပါတယ္။
က်ဴရယ္လာက အဲဒီသ႐ုပ္ေဆာင္ခ်က္နဲ႔ပဲ ကြင္းထဲကေန ထြက္မသြားေသးဘဲ ကြင္းထဲမွာ ျပႆနာရွာသြားပါေသးတယ္။ သူဟာ ကြင္းထဲကေန မထြက္ခင္ အက္သလက္တီကိုတိုက္စစ္မွဴး မိုရာတာအျပင္ တျခားၿပိဳင္ဘက္ကစားသမားေတြနဲ႔ အခ်င္းမ်ားခဲ့ပါတယ္။
”၁၄ႏွစ္အရြယ္ေကာင္ေလးက နည္းနည္းေလးတြန္းလုိက္တာကို က်ဴရယ္လာက အမူအရာပိုပိုနဲ လဲွခ်ခဲ့ပါတယ္။ သိပ္ရွက္စရာေကာင္းတဲ့ အျပဳအမူပါ”။ ”အမွန္ကန္ဆုံးေသာ ဆုံးျဖတ္ခ်က္ပါ။ က်ဴရယ္လာရဲ႕လုပ္ပုံေတြက သိပ္ရွက္စရာေကာင္းတယ္”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။