အကယ်ဒမီကစားသမား ထည့်သွင်းမှု ပွဲဆက် ၄၀၀၀ ပြည့်ခဲ့တဲ့ မန်ယူ

PHOTO- Internet
PHOTO- Internet

မန်ယူအသင်းဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်၊ တွန်မီနေးနဲ့ လင်ဂတ်တို့ကိုထည့်သွင်းခဲ့ပြီးနောက် အကယ်ဒမီကစားသမားတွေကို ထည့်သွင်းအသုံးပြုမှု ပွဲဆက် ၄၀၀၀ ပြည့်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ၃ ဦးစလုံးကိုနည်းပြ ဆိုးလ်ရှားက ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အရန်စာရင်းမှာလည်း ပါရဲရား၊ မေဆန်ဂရင်းဝုဒ်၊ တူအန်ဇီဘီနဲ့ ဘရန်ဒန်ဝီလျံတို့လိုအကယ်ဒမီထွက်ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ မန်ယူဟာ ၁၉၃၇ ကဖူလ်ဟမ်နဲ့ပွဲမှာစတင်ပြီး အကယ်ဒမီထွက်ကစားသမား ၂ ဦးဖြစ်တဲ့ တွန်မန်လေနဲ့ ဂျက်ဝက်ဆဲလ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

PHOTO- Internet

အဲဒီအချိန်ကနေစပြီး မန်ယူဟာ အကယ်ဒမီထွက်ကစားသမားတွေကို တစ်ဦးမဟုတ်တစ်ဦးပွဲထွက် လူစာရင်းမှာထည့်သွင်းအသုံးပြုခဲ့ရာမှာ အဲဗာတန်နဲ့ပွဲမှာတော့ထည့်သွင်းမှုပွဲဆက် ၄၀၀၀ ပြည့်ခဲ့တဲ့ မယုံနိုင်စရာမှတ်တမ်းကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

PHOTO- Internet

ဒီလိုမှတ်တမ်းအတွက် အဲဗာတန်နဲ့ပွဲမစခင်မှာ ဆိုးလ်ရှား၊ ဂယ်ရီနဗီးလ်နဲ့ ပီကေးတို့က ဂုဏ်ပြုသွားခဲ့ကြပါတယ်။ ဆိုးလ်ရှားက”အသင်းကြီးမှာပါဖို့ ထိုက်တန်တယ်ဆိုရင် သူတို့တွေအခွင့်အရေးရကြမှာပါ။ ဒါဟာကလပ်ဘက်က လူငယ်စီမံကိန်းတစ်ခုလုံးအပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ပြသလိုက်တာပါဘဲ” လို့ပြောသွားပါတယ်။

PHOTO- Internet

၁၉၉၂ မျိုးဆက်လို့နာမည်ကျော်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကလည်း မန်ယူအကယ်ဒမီထွက်တစ်ဦးအနေနဲ့ အရာရာတိုင်းလုပ်ပြခဲ့တာတွေအတွက် ဂုဏ်ယူတယ်လို့ ပြောသွားပါတယ်။ ပီကေးကလည်း မန်ယူကိုချာတိတ်ဘဝနဲ့ရောက်လာပြီးနောက် လူကြီးတစ်ဦးအဖြစ်ပြန်ထွက်သွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ပီကေးဟာ ၂၀၀၄ ကမန်ယူကိုရောက်လာခဲ့ပြီး ၂၀၀၈ မှာဘာစီလိုနာကိုပြောင်းရွှေ့သွားသူဖြစ်ပါတယ်။

PHOTO- Internet

Zawgyi

အကယ္ဒမီကစားသမား ထည့္သြင္းမႈ ပြဲဆက္ ၄၀၀၀ ျပည့္ခဲ့တဲ႔ မန္ယူ

မန္ယူအသင္းဟာ အဲဗာတန္နဲ႔ပြဲစဥ္မွာ ရက္ရွ္ဖို႔ဒ္၊ တြန္မီေနးနဲ႔ လင္ဂတ္တို႔ကိုထည့္သြင္းခဲ့ၿပီးေနာက္ အကယ္ဒမီကစားသမားေတြကို ထည့္သြင္းအသုံးျပဳမႈ ပြဲဆက္ ၄၀၀၀ ျပည့္ခဲ့တယ္လို႔ သိရပါတယ္။ ဒီ ၃ ဦးစလုံးကိုနည္းျပ ဆိုးလ္ရွားက ပြဲထြက္ကစားသမားေတြအျဖစ္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အရန္စာရင္းမွာလည္း ပါရဲရား၊ ေမဆန္ဂရင္း၀ုဒ္၊ တူအန္ဇီဘီနဲ႔ ဘရန္ဒန္၀ီလ်ံတို႔လိုအကယ္ဒမီထြက္ကစားသမားေတြ ပါ၀င္ခဲ့ပါတယ္။ မန္ယူဟာ ၁၉၃၇ ကဖူလ္ဟမ္နဲ႔ပြဲမွာစတင္ၿပီး အကယ္ဒမီထြက္ကစားသမား ၂ ဦးျဖစ္တဲ႔ တြန္မန္ေလနဲ႔ ဂ်က္၀က္ဆဲလ္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကေနစၿပီး မန္ယူဟာ အကယ္ဒမီထြက္ကစားသမားေတြကို တစ္ဦးမဟုတ္တစ္ဦးပြဲထြက္ လူစာရင္းမွာထည့္သြင္းအသုံးျပဳခဲ့ရာမွာ အဲဗာတန္နဲ႔ပြဲမွာေတာ႔ထည့္သြင္းမႈပြဲဆက္ ၄၀၀၀ ျပည့္ခဲ့တဲ႔ မယုံႏိုင္စရာမွတ္တမ္းကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီလိုမွတ္တမ္းအတြက္ အဲဗာတန္နဲ႔ပြဲမစခင္မွာ ဆိုးလ္ရွား၊ ဂယ္ရီနဗီးလ္နဲ႔ ပီေကးတို႔က ဂုဏ္ျပဳသြားခဲ့ၾကပါတယ္။ ဆိုးလ္ရွားက”အသင္းႀကီးမွာပါဖို႔ ထိုက္တန္တယ္ဆိုရင္ သူတို႔ေတြအခြင့္အေရးရၾကမွာပါ။ ဒါဟာကလပ္ဘက္က လူငယ္စီမံကိန္းတစ္ခုလုံးအေပၚ ယုံၾကည္မႈရွိတယ္ဆိုတာ ျပသလိုက္တာပါဘဲ” လို႔ေျပာသြားပါတယ္။

၁၉၉၂ မ်ဳိးဆက္လို႔နာမည္ေက်ာ္ခဲ့တဲ႔ ဂယ္ရီနဗီးလ္ကလည္း မန္ယူအကယ္ဒမီထြက္တစ္ဦးအေနနဲ႔ အရာရာတိုင္းလုပ္ျပခဲ့တာေတြအတြက္ ဂုဏ္ယူတယ္လို႔ ေျပာသြားပါတယ္။ ပီေကးကလည္း မန္ယူကိုခ်ာတိတ္ဘ၀နဲ႔ေရာက္လာၿပီးေနာက္ လူႀကီးတစ္ဦးအျဖစ္ျပန္ထြက္သြားခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ ပီေကးဟာ ၂၀၀၄ ကမန္ယူကိုေရာက္လာခဲ့ၿပီး ၂၀၀၈ မွာဘာစီလိုနာကိုေျပာင္းေရႊ႕သြားသူျဖစ္ပါတယ္။