ဟွမ်ဒီရာမို့စ်နောက်ပိုင်း စပါးအသင်းရဲ့ ရလဒ်အဆိုးဆုံးနည်းပြဖြစ်နေတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းနည်းပြမော်ရင်ဟိုဟာ နည်းပြဟောင်းဟွမ်ဒီရာမို့စ်နောက်ပိုင်း ရလဒ်အဆိုးရွားဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေပါပြီ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ စပါးအသင်းဟာ (၃၆)မှတ်နဲ့ အဆင့်(၉)နေရာမှာသာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးမျှော်လင့်ချက်က မသေချာတဲ့အနေအထားဖြစ်နေပါတယ်။

ဝက်စ်ဟမ်းနဲ့ရှုံးပွဲက မော်ရင်ဟိုရဲ့ စပါးအသင်းနည်းပြဘ၀ ပွဲ(၅၀)မှာ (၁၅)ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး (၂၃)ပွဲနိုင်၊ (၁၂)ပွဲသရေ၊ တစ်ပွဲပျမ်းမျှ (၁.၆၂)မှတ်၊ အနိုင်ရာခိုင်နှုန်းအဖြစ် (၄၆%)ရရှိအောင် စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစွမ်းဆောင်ရည်က အားရစရာကောင်းတဲ့အနေအထားမရှိဘဲ မော်ရင်ဟိုဟာ ဟွမ်ဒီရာမို့စ်နောက်ပိုင်း အဆိုးရွားဆုံးစပါးအသင်းနည်းပြအဖြစ် သတ်မှတ်ခံနေရတာဖြစ်ပါတယ်။

စပါးအသင်းကို ၂၀၀၇၊ အောက်တိုဘာကနေ ၂၀၀၈ အောက်တိုဘာလအထိကိုင်တွယ်ခဲ့တဲ့ ရာမို့စ်ဟာ ပရီးမီးယားလိဂ်(၃၅)ပွဲ ကိုင်တွယ်အပြီးမှာ နိုင်ပွဲ(၁၀)သာရယူခဲ့သလို အနိုင်ရာခိုင်နှုန်း (၂၉%)နဲ့ တစ်ပွဲပျမ်းမျှရမှတ် (၁.၁၇)မှတ်သာရရှိခဲ့ပါတယ်။

စပါးအသင်းနည်းပြတွေထဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရသူက တင်ရှားဝုဒ်ပဲဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာကနေ ၂၀၁၄ မေလအတွင်း (၂၂)ပွဲကစား၊ (၁၃)ပွဲနိုင်၊ တစ်ပွဲပျမ်းမျှ (၁.၉၁)မှတ်နဲ့ အနိုင်ရာခိုင်နှုန်း (၅၉%)အထိ ရယူနိုင်ခဲ့တာပါ။

တင်ရှားဝုဒ်ပြီးရင်တော့ နာမည်ကျော်နည်းပြဟောင်းတစ်ဦးဖြစ်သူ လက်ရှိ PSG နည်းပြ ပိုချက်တီနိုက ဒုတိယစွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေပြီး စပါးအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ (၅)နှစ်အတွင်း ပရီးမီးယားလိဂ် (၂၀၂)ပွဲမှာ (၁၁၃)ပွဲနိုင်၊ (၄၃)ပွဲသရေ၊ (၄၆)ပွဲရှုံး၊ အနိုင်ရာခိုင်နှုန်း (၅၆%)၊ တစ်ပွဲပျမ်းမျှအမှတ် (၁.၈၉)မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့တွေရဲ့နောက်မှာတော့ ဗီလာဘိုအက်ရှ်၊ ရက်ဒ်နက်ပ်တို့က အစဉ်အလိုက်အတိုင်းရပ်တည်နေပြီး မော်ရင်ဟိုက ပဉ္စမနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနည်းပြဘ၀ လိဂ်ပွဲစဉ်(၅၀)ကိုင်တွယ်အပြီး (၈၁)မှတ်သာရရှိခဲ့တာက မော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် ရမှတ်အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ (၉၅)မှတ်၊ ချယ်လ်ဆီးကို ဒုတိယအကြိမ်ကိုင်တွယ်ခဲ့တုန်းက (၁၁၄)မှတ်၊ ရီးယဲလ်နဲ့ (၁၂၃)မှတ်၊ အင်တာမီလန်နဲ့ (၁၁၃)မှတ်၊ ချယ်လ်ဆီးနည်းပြဘ၀ ပထမအကြိမ်တုန်းက (၁၂၆)မှတ်၊ ပေါ်တိုအသင်းနဲ့ (၁၂၄)မှတ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စပါးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး (၅)ပွဲအထိရှုံးနိမ့်ခဲ့လို့ မော်ရင်ဟိုရဲ့ အနာဂတ်က မသေချာတော့ဘဲ ရာထူးကအထုတ်ခံရဖို့ ရေပန်းစားနေပြီလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟြမ္ဒီရာမို႔စ္ေနာက္ပိုင္း စပါးအသင္းရဲ႕ ရလဒ္အဆိုးဆုံးနည္းျပျဖစ္ေနတဲ့ ေမာ္ရင္ဟို

လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စပါးအသင္းနည္းျပေမာ္ရင္ဟိုဟာ နည္းျပေဟာင္းဟြမ္ဒီရာမို႔စ္ေနာက္ပိုင္း ရလဒ္အဆိုး႐ြားဆုံးနည္းျပအျဖစ္ မွတ္တမ္းဝင္ေနပါၿပီ။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ စပါးအသင္းဟာ (၃၆)မွတ္နဲ႔ အဆင့္(၉)ေနရာမွာသာ ရပ္တည္ေနတာေၾကာင့္ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေရးေမွ်ာ္လင့္ခ်က္က မေသခ်ာတဲ့အေနအထားျဖစ္ေနပါတယ္။ ဝက္စ္ဟမ္းနဲ႔ရႈံးပြဲက ေမာ္ရင္ဟိုရဲ႕ စပါးအသင္းနည္းျပဘ၀ ပြဲ(၅၀)မွာ (၁၅)ပြဲေျမာက္ရႈံးပြဲျဖစ္ခဲ့ၿပီး (၂၃)ပြဲႏိုင္၊ (၁၂)ပြဲသေရ၊ တစ္ပြဲပ်မ္းမွ် (၁.၆၂)မွတ္၊ အႏိုင္ရာခိုင္ႏႈန္းအျဖစ္ (၄၆%)ရရွိေအာင္ စြမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီစြမ္းေဆာင္ရည္က အားရစရာေကာင္းတဲ့အေနအထားမရွိဘဲ ေမာ္ရင္ဟိုဟာ ဟြမ္ဒီရာမို႔စ္ေနာက္ပိုင္း အဆိုး႐ြားဆုံးစပါးအသင္းနည္းျပအျဖစ္ သတ္မွတ္ခံေနရတာျဖစ္ပါတယ္။

စပါးအသင္းကို ၂၀၀၇၊ ေအာက္တိုဘာကေန ၂၀၀၈ ေအာက္တိုဘာလအထိကိုင္တြယ္ခဲ့တဲ့ ရာမို႔စ္ဟာ ပရီးမီးယားလိဂ္(၃၅)ပြဲ ကိုင္တြယ္အၿပီးမွာ ႏိုင္ပြဲ(၁၀)သာရယူခဲ့သလို အႏိုင္ရာခိုင္ႏႈန္း (၂၉%)နဲ႔ တစ္ပြဲပ်မ္းမွ်ရမွတ္ (၁.၁၇)မွတ္သာရရွိခဲ့ပါတယ္။။ စပါးအသင္းနည္းျပေတြထဲမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ စြမ္းေဆာင္ရည္အေကာင္းဆုံးအျဖစ္ သတ္မွတ္ခံထားရသူက တင္ရွားဝုဒ္ပဲျဖစ္ၿပီး သူကိုင္တြယ္ခဲ့တဲ့ ၂၀၁၃ ဒီဇင္ဘာကေန ၂၀၁၄ ေမလအတြင္း (၂၂)ပြဲကစား၊ (၁၃)ပြဲႏိုင္၊ တစ္ပြဲပ်မ္းမွ် (၁.၉၁)မွတ္နဲ႔ အႏိုင္ရာခိုင္ႏႈန္း (၅၉%)အထိ ရယူႏိုင္ခဲ့တာပါ။ တင္ရွားဝုဒ္ၿပီးရင္ေတာ့ နာမည္ေက်ာ္နည္းျပေဟာင္းတစ္ဦးျဖစ္သူ လက္ရွိ PSG နည္းျပ ပိုခ်က္တီႏိုက ဒုတိယစြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေနၿပီး စပါးအသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ (၅)ႏွစ္အတြင္း ပရီးမီးယားလိဂ္ (၂၀၂)ပြဲမွာ (၁၁၃)ပြဲႏိုင္၊ (၄၃)ပြဲသေရ၊ (၄၆)ပြဲရႈံး၊ အႏိုင္ရာခိုင္ႏႈန္း (၅၆%)၊ တစ္ပြဲပ်မ္းမွ်အမွတ္ (၁.၈၉)မွတ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ေနာက္မွာေတာ့ ဗီလာဘိုအက္ရွ္၊ ရက္ဒ္နက္ပ္တို႔က အစဥ္အလိုက္အတိုင္းရပ္တည္ေနၿပီး ေမာ္ရင္ဟိုက ပၪၥမေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးအသင္းနည္းျပဘ၀ လိဂ္ပြဲစဥ္(၅၀)ကိုင္တြယ္အၿပီး (၈၁)မွတ္သာရရွိခဲ့တာက ေမာ္ရင္ဟိုရဲ႕ နည္းျပဘဝတစ္ေလွ်ာက္ ရမွတ္အနည္းဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ (၉၅)မွတ္၊ ခ်ယ္လ္ဆီးကို ဒုတိယအႀကိမ္ကိုင္တြယ္ခဲ့တုန္းက (၁၁၄)မွတ္၊ ရီးယဲလ္နဲ႔ (၁၂၃)မွတ္၊ အင္တာမီလန္နဲ႔ (၁၁၃)မွတ္၊ ခ်ယ္လ္ဆီးနည္းျပဘ၀ ပထမအႀကိမ္တုန္းက (၁၂၆)မွတ္၊ ေပၚတိုအသင္းနဲ႔ (၁၂၄)မွတ္အထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ စပါးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး(၆)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့ၿပီး (၅)ပြဲအထိရႈံးနိမ့္ခဲ့လို႔ ေမာ္ရင္ဟိုရဲ႕ အနာဂတ္က မေသခ်ာေတာ့ဘဲ ရာထူးကအထုတ္ခံရဖို႔ ေရပန္းစားေနၿပီလည္းျဖစ္ပါတယ္။