ဟူဆက်ကာနဲ့ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေ ရယူခဲ့ပြန်တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမား မက်ဆီဟာ ဟူဆက်ကာကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ်။ မက်ဆီဟာ ပထမပိုင်း(၁၃)မိနစ်မှာ ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို လှပတဲ့ကန်ချက်နဲ့ သွင်းယူခဲ့ပြီး ပွဲပြီးခါနီးအချိန်မှာလည်း စတုတ္ထမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ဒီရာသီလာလီဂါမှာ မက်ဆီသွင်းယူထားတဲ့ဂိုးအရေအတွက်က (၂၁)ဂိုးအထိရှိလာပြီဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၃)ရာသီဆက် ဂိုး(၂၀)နဲ့အထက် သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းအတွက် မက်ဆီ သွင်းယူခဲ့တဲ့ စုစုပေါင်းဂိုးအရေအတွက်က (၆၆၀)ဂိုးအထိရှိနေပြီဖြစ်သလို အသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာက ဂန္ထဝင်ကစားသမား ဆီဇာရိုဒရီဂွက်ဇ်ထက် သွင်းဂိုး(၄၂၈)ဂိုးအထိ ပိုများနေတာပါ။

ဒါ့အပြင် မက်ဆီဟာ ဟူဆက်ကာနဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘ၀ ပွဲပေါင်း(၇၆၇)ပွဲပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသူစာရင်းမှာ ဂန္ထဝင်ကစားသမား ဇာဗီနဲ့အတူ ပူးတွဲရပ်တည်နိုင်ပြီဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက ဘာစီလိုနာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့သူ မက်ဆီဟာ ပွဲပေါင်း(၇၆၇)ပွဲမှာ နိုင်ပွဲ(၅၃၆)ပွဲ၊ သရေပွဲ(၁၄၀)နဲ့ ရှုံးပွဲ(၉၁)ပွဲ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပြိုင်ပွဲစုံမှာ မက်ဆီ ပွဲအများဆုံးပါဝင်ကစားခဲ့တာက လာလီဂါပြိုင်ပွဲဖြစ်ပြီး စုစုပေါင်း (၅၁၀)ပွဲကစားခဲ့သလို၊ ချန်ပီယံလိဂ်(၁၄၉)ပွဲ၊ စပိန်ဘုရင့်ဖလား(၇၉)ပွဲ၊ စပိန်စူပါဖလား ပွဲ(၂၀)၊ ဖီဖာကလပ်ကမ္ဘာ့ဖလား (၅)ပွဲနဲ့ ဥရောပစူပါဖလားမှာ (၄)ပွဲယှဉ်ပြိုင်ကစားခဲ့တာပါ။ မက်ဆီအနေနဲ့ သူ့အသင်းဖော်ဟောင်း ဇာဗီရဲ့ ဘာစီလိုနာအသင်းအတွက် ပွဲအများဆုံးကစားသမားမှတ်တမ်းကို အမီလိုက်နိုင်ခဲ့သလို မကြာခင်မှာ စံချိန်သစ်တင်နိုင်တော့မှာလည်းဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝတစ်လျှောက် လာလီဂါ၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်း(၃၄)ခုအထိရရှိခဲ့ပြီး အသင်းနဲ့ဆုဖလားအများဆုံးရယူခဲ့သူအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ PSG ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် လာလီဂါမှာ ထိပ်ဆုံးက အက်သလက်တီကိုနဲ့(၄)အကွာ ဒုတိယနေရာကနေ ဖိအားပေးနေသလို စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါပြီ။

ဘာစီလိုနာအသင်းဟာ ဟူဆက်ကာကို အနိုင်ရခဲ့တဲ့အတွက် လာလီဂါမှာ နောက်ဆုံး(၁၇)ပွဲဆက်ရှုံးပွဲမရှိခဲ့တာကြောင့် လက်ရှိထိပ်တန်းလိဂ်(၅)ခုမှာ ပွဲဆက်အများဆုံးရှုံးပွဲမရှိတဲ့အသင်းအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟူဆက္ကာနဲ႔ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူခဲ့ျပန္တဲ့ မက္ဆီ

ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္ကစားသမား မက္ဆီဟာ ဟူဆက္ကာကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ လာလီဂါပြဲမွာ ဂုဏ္ယူစရာေကာင္းတဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ႏိုင္ခဲ့ျပန္ပါတယ္။ မက္ဆီဟာ ပထမပိုင္း(၁၃)မိနစ္မွာ ဘာစီလိုနာအသင္းအတြက္အဖြင့္ဂိုးကို လွပတဲ့ကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး ပြဲၿပီးခါနီးအခ်ိန္မွာလည္း စတုတၳေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဒီရာသီလာလီဂါမွာ မက္ဆီသြင္းယူထားတဲ့ဂိုးအေရအတြက္က (၂၁)ဂိုးအထိရွိလာၿပီျဖစ္ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၁၃)ရာသီဆက္ ဂိုး(၂၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ လက္ရွိအခ်ိန္အထိ ဘာစီလိုနာအသင္းအတြက္ မက္ဆီ သြင္းယူခဲ့တဲ့ စုစုေပါင္းဂိုးအေရအတြက္က (၆၆၀)ဂိုးအထိရွိေနၿပီျဖစ္သလို အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ေနၿပီး ဒုတိယေနရာက ဂႏၴဝင္ကစားသမား ဆီဇာ႐ိုဒရီဂြက္ဇ္ထက္ သြင္းဂိုး(၄၂၈)ဂိုးအထိ ပိုမ်ားေနတာပါ။

ဒါ့အျပင္ မက္ဆီဟာ ဟူဆက္ကာနဲ႔ပြဲမွာ ဘာစီလိုနာကစားသမားဘ၀ ပြဲေပါင္း(၇၆၇)ပြဲျပည့္ေျမာက္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံးကစားသူစာရင္းမွာ ဂႏၴဝင္ကစားသမား ဇာဗီနဲ႔အတူ ပူးတြဲရပ္တည္ႏိုင္ၿပီျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့သူ မက္ဆီဟာ ပြဲေပါင္း(၇၆၇)ပြဲမွာ ႏိုင္ပြဲ(၅၃၆)ပြဲ၊ သေရပြဲ(၁၄၀)နဲ႔ ရႈံးပြဲ(၉၁)ပြဲ ရလဒ္ထြက္ေပၚခဲ့ပါတယ္။ ၿပိဳင္ပြဲစုံမွာ မက္ဆီ ပြဲအမ်ားဆုံးပါဝင္ကစားခဲ့တာက လာလီဂါၿပိဳင္ပြဲျဖစ္ၿပီး စုစုေပါင္း (၅၁၀)ပြဲကစားခဲ့သလို၊ ခ်န္ပီယံလိဂ္(၁၄၉)ပြဲ၊ စပိန္ဘုရင့္ဖလား(၇၉)ပြဲ၊ စပိန္စူပါဖလား ပြဲ(၂၀)၊ ဖီဖာကလပ္ကမာၻ႔ဖလား (၅)ပြဲနဲ႔ ဥေရာပစူပါဖလားမွာ (၄)ပြဲယွဥ္ၿပိဳင္ကစားခဲ့တာပါ။ မက္ဆီအေနနဲ႔ သူ႔အသင္းေဖာ္ေဟာင္း ဇာဗီရဲ႕ ဘာစီလိုနာအသင္းအတြက္ ပြဲအမ်ားဆုံးကစားသမားမွတ္တမ္းကို အမီလိုက္ႏိုင္ခဲ့သလို မၾကာခင္မွာ စံခ်ိန္သစ္တင္ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာကစားသမားဘဝတစ္ေလွ်ာက္ လာလီဂါ၊ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလားေပါင္း(၃၄)ခုအထိရရွိခဲ့ၿပီး အသင္းနဲ႔ဆုဖလားအမ်ားဆုံးရယူခဲ့သူအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ PSG ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရေပမယ့္ လာလီဂါမွာ ထိပ္ဆုံးက အက္သလက္တီကိုနဲ႔(၄)အကြာ ဒုတိယေနရာကေန ဖိအားေပးေနသလို စပိန္ဘုရင့္ဖလားၿပိဳင္ပြဲမွာလည္း ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ပါၿပီ။ ဘာစီလိုနာအသင္းဟာ ဟူဆက္ကာကို အႏိုင္ရခဲ့တဲ့အတြက္ လာလီဂါမွာ ေနာက္ဆုံး(၁၇)ပြဲဆက္ရႈံးပြဲမရွိခဲ့တာေၾကာင့္ လက္ရွိထိပ္တန္းလိဂ္(၅)ခုမွာ ပြဲဆက္အမ်ားဆုံးရႈံးပြဲမရွိတဲ့အသင္းအျဖစ္ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။