ဟားဂရေ့ဗ်ရွေးတဲ့ လက်ရှိမန်ယူအကောင်းဆုံးပွဲထွက် ၁၁ ယောက်

photo-express

photo-gettyimages

မန်ယူအသင်းကစားသမားဟောင်းဖြစ်တဲ့ အိုဝင်ဟားဂရေ့ဗ်ဟာ တစ်သင်းလုံးကြံ့ခိုင်မှုရှိနေချိန် သူ့စိတ်ကြိုက်မန်ယူပွဲထွက် ၁၁ ယောက်ကို ဖွင့်ဟလိုက်ပါတယ်။ အံ့သြစရာက ဟားဂရေ့ဗ်ရဲ့အကောင်းဆုံးမန်ယူပွဲထွက် ၁၁ ယောက်ထဲမှာ လက်ရှိခြေစွမ်းပြနေကြတဲ့ တွမ်မီနေးနဲ့ ဖရက်ဒ်တို့ ပါဝင်ခြင်း မရှိပါဘူး။ အဲဒီအင်္ဂလန်လက်ရွေးစင်ဟောင်းက သူသာ ဆိုးလ်ရှားနေရာမှာဆိုရင်ပုံစံမျိုးနဲ့ ရွေးခဲ့တာပါ။

photo-gettyimages

ဟားဂရေ့ဗ်က သူ့အနေနဲ့ ဖာနန်ဒက်စ်နဲ့ပေါ့ဂ်ဘာတို့ကွင်းလယ်နှစ်ယောက်ကို အခြေတည်ပြီး အသင်းကိုတည်ဆောက်မယ်လို့ ဆိုခဲ့တာပါ။ ဟားဂရေ့ဗ်စိတ်ကြိုက်ပွဲထွက် ၁၁ ယောက်ထဲမှာ ခံစစ်အသားပေးကွင်းလယ်လူဆိုလို့ တစ်ယောက်သာပါပြီး အဲဒီအတွက် ဖရက်ဒ်နဲ့တွမ်မီနေးတို့ထက် မာတစ်ကိုသာ ရွေးခဲ့ပါတယ်။

photo-the sun

သူ့စိတ်ကြိုက်မန်ယူပွဲထွက်စာရင်းနဲ့ပတ်သက်လို့ ဟားဂရေ့ဗ်က”ဖာနန်ဒက်စ်ကိုအခြေတည်ပြီး ကစားကွက်ဖော်တာဆိုတော့ ခက်ခဲတဲ့တစ်ခုပါ။ ဖာနန်ဒက်စ်ရှိနေလို့ တိုက်စစ်ကွင်းလယ်နဲ့ပတ်သက်လို့ တစ်ယောက်ပဲ ထပ်ထည့်လို့ရတော့တယ်။ ဒါကြောင့် အလွယ်တကူဆိုရင်တော့ ပေါ့ဂ်ဘာပေါ့။ သူတို့နှစ်ယောက်မှာ မာတစ်က အမြဲလိုအပ်မှာပါ။ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့အကောင်းဆုံးကစားသမားတွေနဲ့အသင်းကို တည်ဆောက်ရတာပါပဲ။ ကိုယ့်အကောင်းဆုံးကစားသမားတွေက ဖာနန်ဒက်စ်နဲ့ပေါ့ဂ်ဘာတို့ပါ”လို့ဆိုခဲ့တာပါ။ ဒါ့အပြင် ဟားဂရေ့ဗ်က ဒီရာသီမန်ယူရဲ့ပြသနာဟာ ခံစစ်မဟုတ်ဘဲ တိုက်စစ်သာဖြစ်ကြောင်းဆိုခဲ့ကာ အဲဒီအတွက် ပေ့ါဂ်ဘာကိုထည့်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

[Zawgyi]

ဟားဂေရ႕ဗ္ေရြးတဲ့ လက္ရွိမန္ယူအေကာင္းဆုံးပြဲထြက္ ၁၁ ေယာက္

မန္ယူအသင္းကစားသမားေဟာင္းျဖစ္တဲ့ အို၀င္ဟားဂေရ႕ဗ္ဟာ တစ္သင္းလုံးႀကံ႕ခိုင္မႈရွိေနခ်ိန္ သူ႔စိတ္ႀကိဳက္မန္ယူပြဲထြက္ ၁၁ ေယာက္ကို ဖြင့္ဟလိုက္ပါတယ္။ အံ့ၾသစရာက ဟားဂေရ႕ဗ္ရဲ႕အေကာင္းဆုံးမန္ယူပြဲထြက္ ၁၁ ေယာက္ထဲမွာ လက္ရွိေျခစြမ္းျပေနၾကတဲ့ တြမ္မီေနးနဲ႔ ဖရက္ဒ္တို႔ ပါ၀င္ျခင္း မရွိပါဘူး။ အဲဒီအဂၤလန္လက္ေရြးစင္ေဟာင္းက သူသာ ဆိုးလ္ရွားေနရာမွာဆိုရင္ပံုစံမ်ိဳးနဲ႔ ေရြးခဲ့တာပါ။

ဟားဂေရ႕ဗ္က သူ႔အေနနဲ႔ ဖာနန္ဒက္စ္နဲ႔ေပါ့့ဂ္ဘာတို႔ကြငး္လယ္ႏွစ္ေယာက္ကို အေျခတည္ၿပီး အသင္းကိုတည္ေဆာက္မယ္လုိ႔ ဆုိခဲ့တာပါ။ ဟားဂေရ႕ဗ္စိတ္ႀကိဳက္ပြဲထြက္ ၁၁ ေယာက္ထဲမွာ ခံစစ္အသားေပးကြငး္လယ္လူဆုိလုိ႔ တစ္ေယာက္သာပါၿပီး အဲဒီအတြက္ ဖရက္ဒ္နဲ႔တြမ္မီေနးတို႔ထက္ မာတစ္ကိုသာ ေရြးခဲ့ပါတယ္။

သူ႔စိတ္ႀကိဳက္မန္ယူပြဲထြက္စာရင္းနဲ႔ပတ္သက္လို႔ ဟားဂေရ႕ဗ္က”ဖာနန္ဒက္စ္ကိုအေျခတည္ၿပီး ကစားကြက္ေဖာ္တာဆိုေတာ့ ခက္ခဲတဲ့တစ္ခုပါ။ ဖာနန္ဒက္စ္ရွိေနလို႔ တိုက္စစ္ကြင္းလယ္နဲ႔ပတ္သက္လို႔ တစ္ေယာက္ပဲ ထပ္ထည့္လုိ႔ရေတာ့တယ္။ ဒါေၾကာင့္ အလြယ္တကူဆိုရင္ေတာ့ ေပါ့ဂ္ဘာေပါ့။ သူတို႔ႏွစ္ေယာက္မွာ မာတစ္က အၿမဲလိုအပ္မွာပါ။ ေနာက္ဆုံးမွာေတာ့ ကိုယ့္ရဲ႕အေကာင္းဆုံးကစားသမားေတြနဲ႔အသင္းကို တည္ေဆာက္ရတာပါပဲ။ ကိုယ့္အေကာင္းဆုံးကစားသမားေတြက ဖာနန္ဒက္စ္နဲ႔ေပါ့ဂ္ဘာတုိ႔ပါ”လုိ႔ဆိုခဲ့တာပါ။ ဒါ့အျပင္ ဟားဂေရ႕ဗ္က ဒီရာသီမန္ယူရဲ႕ျပသနာဟာ ခံစစ္မဟုတ္ဘဲ တိုက္စစ္သာျဖစ္ေၾကာင္းဆိုခဲ့ကာ အဲဒီအတြက္ ေပ့ါဂ္ဘာကိုထည့္ခဲ့တာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။