ဟာလန်းသင်ယူစရာတွေရှိသေးတယ်ဆိုတာ လက်တွေ့ပြသလိုက်တဲ့ လီဝန်ဒေါစကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီမနက်ပိုင်းက ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် ပိုကယ်ဖလားချန်ပီယံ ဒေါ့မွန် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာတော့ ဂျာမန်စူပါဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကပဲ ဒေါ့မွန် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါစကီး နဲ့ သောမတ်စ်မူလာတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး၊ နူအာကလည်း သေချာပေါက်ပေးရနိုင်တဲ့ မာကိုရူးစ်ရဲ့ ကန်သွင်းချက်ကို ဟန့်တားပြသွားခဲ့ပါတယ်။

ဟာလန်းကတော့ ဂိုးမသွင်းနိုင်ဘဲ စီနီယာကြီး လီဝန်ဒေါစကီးရဲ့ ခြေစွမ်းတွေကိုပဲ ကြည့်ခဲ့ရပါတယ်။

ဘွန်ဒက်စ်လီဂါရွှေဖိနပ်ဆုအတွက် လီဝန်ဒေါစကီးက စွမ်းနိုင်ဆဲ ဖြစ်တယ်ဆိုတာ ဟာလန်းကို သတိပေးလိုက်တာပါပဲ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဂျာမန်စူပါဖလားကို (၉)ကြိမ်မြောက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ နည်းပြသစ် နာဂျယ်လ်စမန်း လက်ထက်မှာ နိုင်ပွဲတစ်ပွဲမှ မရသေးတာကို ဒေါ့မွန် အသင်းကို အနိုင်ရပြီး အဆုံးသတ်နိုင်ခဲ့သလို ရာသီအစမှာ ဆုဖလားတစ်လုံးအရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ (၂၀၁၄) က ဒေါ့မွန်က ထွက်ခွာလာအပြီးမှာ သူ့အသင်းဟောင်းနဲ့ တွေ့‌ဆုံတဲ့ (၂၄)ပွဲမှာ (၂၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ဘွန်ဒစ်လီဂါအဖွင့်ပွဲမှာ နိုင်ပွဲပျောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ အခုအပတ်မှာ ဒုတိယပွဲစဉ်အဖြစ် ကိုလုံး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒေါ့မွန် အသင်းကတော့ ဖရိုင်းဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းသင္ယူစရာ​ေတြရွိ​ေသးတယ္ဆိုတာ လက္​ေတြ႕ျပသလိုက္တဲ့ လီဝန္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဒီမနက္ပိုင္းက ဂ်ာမန္စူပါဖလားပြဲစဥ္အျဖစ္ ပိုကယ္ဖလားခ်န္ပီယံ ေဒါ့မြန္ အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။အဲဒီပြဲမွာေတာ့ ဂ်ာမန္စူပါဖလားၿပိဳင္ပြဲရဲ႕လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ အသင္းကပဲ ေဒါ့မြန္ အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံဆုဖလားကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝါရင့္တိုက္စစ္မႉး​ေတြျဖစ္တဲ့ လီဝန္ေဒါစကီး နဲ႔ ​ေသာမတ္စ္မူလာတို႔က ဂိုး​ေတြ သြင္းယူ​ေပးခဲ့ၾကၿပီး၊ ႏူအာကလည္း ​ေသခ်ာ​ေပါက္​ေပးရႏိုင္တဲ့ မာကို႐ူးစ္ရဲ႕ ကန္သြင္းခ်က္ကို ဟန္႔တားျပသြားခဲ့ပါတယ္။ ဟာလန္းက​ေတာ့ ဂိုးမသြင္းႏိုင္ဘဲ စီနီယာႀကီး လီ၀န္​ေဒါစကီးရဲ႕ ​ေျခစြမ္း​ေတြကိုပဲ ၾကည့္ခဲ့ရပါတယ္။

ဘြန္ဒက္စ္လီဂါ​ေ႐ႊဖိနပ္ဆုအတြက္ လီ၀န္​ေဒါစကီးက စြမ္းႏိုင္ဆဲ ျဖစ္တယ္ဆိုတာ ဟာလန္းကို သတိ​ေပးလိုက္တာပါပဲ။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဂ်ာမန္စူပါဖလားကို (၉)ႀကိမ္ေျမာက္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ အသင္းဟာ နည္းျပသစ္ နာဂ်ယ္လ္စမန္း လက္ထက္မွာ ႏိုင္ပြဲတစ္ပြဲမွ မရေသးတာကို ေဒါ့မြန္ အသင္းကို အႏိုင္ရၿပီး အဆုံးသတ္ႏိုင္ခဲ့သလို ရာသီအစမွာ ဆုဖလားတစ္လုံးအရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လီဝန္ေဒါစကီး ဟာ (၂၀၁၄) က ေဒါ့မြန္က ထြက္ခြာလာအၿပီးမွာ သူ႔အသင္းေဟာင္းနဲ႔ ေတြ႕‌ဆုံတဲ့ (၂၄)ပြဲမွာ (၂၄)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာပါ။

ဘြန္ဒစ္လီဂါအဖြင့္ပြဲမွာ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ အခုအပတ္မွာ ဒုတိယပြဲစဥ္အျဖစ္ ကိုလုံး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေဒါ့မြန္ အသင္းကေတာ့ ဖ႐ိုင္းဘတ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။