ဟာလန်းလျင်တာလောက်တော့ လီဝမ်ဒေါစကီး အိပ်နေသလောက်ရှိတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲကတော့ ၄-၂ နဲ့ ပြီးဆုံးခဲ့ပြီး အိမ်ရှင်ဘိုင်ယန်တို့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ ထိပ်သီးနှစ်သင်းတွေ့ဆုံမှုဟာ ဂိုးတွေအပြန်အလှန်သွင်းယူမှုတွေရှိခဲ့ပါတယ်။ ဝါရင့်ကစားသမား လီဝမ်ဒေါစကီးနဲ့ တက်သစ်စလူငယ်ဂိုးသွင်းစက်လေး ဟာလန်းတို့ရဲ့ ဂိုးသွင်းပြိုင်ဆိုင်မှုကလည်း ပွဲစဉ်ကို အရှိန်ပိုကောင်းစေခဲ့ပါတယ်။

ဒေါ့မွန်အသင်းက ပွဲအစ ၁၀မိနစ်မှာတင် ၂ဂိုးသွင်းကာ ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဟာလန်းက အဆိုပါ သွင်းဂိုး ၂ဂိုးကို သွင်းယူခဲ့တာပါ။ ဟက်ထရစ်ဂိုး ရခဲ့သင့်ပေမဲ့ မူနီယာက လူမပေးဘဲကိုယ်တိုင် ကန်ခဲ့တာကြောင့် သွင်းဂိုးကောင်းတစ်ခု လွဲချော်သွားခဲ့ပါတယ်။ ၂၆မိနစ်မှာ ဆာနေးရဲ့ ဖြတ်တင်ဘောကနေ လီဝမ်ဒေါစကီးက သွင်းယူကာ ဘိုင်ယန်အတွက် ချေပဂိုး ၁ဂိုး သွင်းယူသွားခဲ့ပါတယ်။

၄၄မိနစ်မှာ ဘိုင်ယန်တို့ ပင်နယ်တီ ရခဲ့ပြီး လီဝမ်ဒေါစကီးကပဲ ဂိုးရအောင် သွင်းယူသွားခဲ့ပါတယ်။ ၈၈မိနစ်မှာတော့ ဂေါ်ရက်ဇ်ကာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ လီဝမ်ဒေါစကီးက ဟက်ထရစ်ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိမှာ လီဝမ်ဒေါစကီးက လိဂ်ဂိုး ၃၁ ဂိုးအထိ ရရှိထားပြီး ဟာလန်းကတော့ ၁၉ ဂိုးသွင်းယူပေးထားနိုင်ပြီဖြစ်ပါတယ်။

လီဝမ်ဒေါစကီးဟာ ၆၃ မိနစ် ကစားပြီးတိုင်းမှာ တစ်ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့ပြီဖြစ်သလို၊ ဟာလန်းကတော့ ၁၉ ပွဲကစားအပြီးမှာ ၁၉ ဂိုးသွင်းယူထားလို့ တစ်ပွဲကို တစ်ဂိုးနှုန်းရရှိထားပြီး ၈၄ မိနစ်ကစားပြီးတိုင်းမှာ ဂိုးသွင်းယူနေနိုင်တာမျိုးဖြစ်နေပါတယ်။ အခုအခါ ဘိုင်ယန်မြူးနစ်တို့ လိုက်ပ်ဇစ်အသင်းရဲ့အထက် ၂မှတ်အကွာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၄မှတ်ကွာတဲ့ အဆင့်၆နေရာမှာ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းလ်င္တာ​ေလာက္​ေတာ့ လီ၀မ္​ေဒါစကီး အိပ္​ေနသ​ေလာက္ရွိတယ္

မေန႔ညက ကစားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေဒါ့မြန္အသင္းတို႔ရဲ႕ ပြဲကေတာ့ ၄-၂ နဲ႔ ၿပီးဆုံးခဲ့ၿပီး အိမ္ရွင္ဘိုင္ယန္တို႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါရဲ႕ ထိပ္သီးႏွစ္သင္းေတြ႕ဆုံမႈဟာ ဂိုးေတြအျပန္အလွန္သြင္းယူမႈေတြရွိခဲ့ပါတယ္။ ၀ါရင့္ကစားသမား လီဝမ္ေဒါစကီးနဲ႔ တက္သစ္စလူငယ္ဂိုးသြင္းစက္​ေလး ဟာလန္းတို႔ရဲ႕ ဂိုးသြင္းၿပိဳင္ဆိုင္မႈကလည္း ပြဲစဥ္ကို အရွိန္ပို​ေကာင္း​ေစခဲ့ပါတယ္။ ေဒါ့မြန္အသင္းက ပြဲအစ ၁၀မိနစ္မွာတင္ ၂ဂိုးသြင္းကာ ဦးေဆာင္ခဲ့တာ ျဖစ္ၿပီး ဟာလန္းက အဆိုပါ သြင္းဂိုး ၂ဂိုးကို သြင္းယူခဲ့တာပါ။

ဟက္ထရစ္ဂိုး ရခဲ့သင့္ေပမဲ့ မူနီယာက လူမေပးဘဲကိုယ္တိုင္ ကန္ခဲ့တာေၾကာင့္ သြင္းဂိုးေကာင္းတစ္ခု လြဲေခ်ာ္သြားခဲ့ပါတယ္။ ၂၆မိနစ္မွာ ဆာေနးရဲ႕ ျဖတ္တင္ေဘာကေန လီဝမ္ေဒါစကီးက သြင္းယူကာ ဘိုင္ယန္အတြက္ ေခ်ပဂိုး ၁ဂိုး သြင္းယူသြားခဲ့ပါတယ္။ ၄၄မိနစ္မွာ ဘိုင္ယန္တို႔ ပင္နယ္တီ ရခဲ့ၿပီး လီဝမ္ေဒါစကီးကပဲ ဂိုးရ​ေအာင္ သြင္းယူသြားခဲ့ပါတယ္။ ၈၈မိနစ္မွာေတာ့ ေဂၚရက္ဇ္ကာက ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာေတာ့ လီဝမ္ေဒါစကီးက ဟက္ထရစ္ဂိုး သြင္းယူခဲ့ပါတယ္။

လက္ရွိမွာ လီဝမ္ေဒါစကီးက လိဂ္ဂိုး ၃၁ ဂိုးအထိ ရရွိထားၿပီး ဟာလန္းကေတာ့ ၁၉ ဂိုးသြင္းယူေပးထားႏိုင္ၿပီျဖစ္ပါတယ္။ လီဝမ္ေဒါစကီးဟာ ၆၃ မိနစ္ ကစားၿပီးတိုင္းမွာ တစ္ဂိုးႏႈန္းသြင္းယူထားႏိုင္ခဲ့ၿပီျဖစ္သလို၊ ဟာလန္းကေတာ့ ၁၉ ပြဲကစားအၿပီးမွာ ၁၉ ဂိုးသြင္းယူထားလို႔ တစ္ပြဲကို တစ္ဂိုးႏႈန္းရရွိထားၿပီး ၈၄ မိနစ္ကစားၿပီးတိုင္းမွာ ဂိုးသြင္းယူေနႏိုင္တာမ်ိဳးျဖစ္​ေနပါတယ္။ အခုအခါ ဘိုင္ယန္ျမဴးနစ္တို႔ လိုက္ပ္ဇစ္အသင္းရဲ႕အထက္ ၂မွတ္အကြာမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့ၿပီး ေဒါ့မြန္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၄မွတ္ကြာတဲ့ အဆင့္၆ေနရာမွာ ရွိေနပါတယ္။