ဟာလန်းရဲ့အပြောင်းအရွှေ့အတွက် ဖခင်နဲ့အေးဂျင့်တို့ ကလပ်အသင်းတွေနဲ့ တွေ့ဆုံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေ့ါမွန်အသင်းက နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာလန်းရဲ့အပြောင်းအရွှေ့အတွက် ဖခင်ဖြစ်သူအဲ့ဖ်အင်ဟာလန်းနဲ့ အေးဂျင့်ဖြစ်သူရိုင်အိုလာတို့ဟာ ရီးယဲလ်အသင်းနဲ့တွေ့ဆုံစကားပြောဆိုဖို့အတွက် မက်ဒရစ်မြို့ကို လေယာဉ်နဲ့သွားခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးမနက်ပိုင်းတုန်းက အဲ့ဖ်အင်ဟာလန်းနဲ့ရိုင်အိုလာတို့ကို ဘာစီလိုနာမြို့က El-Prat လေဆိပ်မှာတွေ့ခဲ့ရတာကြောင့် ဟာလန်းရဲ့အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့တယ်လို့ ယူဆရပြီး အခုဘာစီလိုနာကနေ မက်ဒရစ်မြို့ကို လေယာဉ်နဲ့ ဆက်သွားမှာဖြစ်ပါတယ်။

စပိန်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Sport က အဲ့ဖ်အင်ဟာလန်းနဲ့ရိုင်အိုလာတို့ကို ဘာစီလိုနာလေဆိပ်မှာ ဘာစီလိုနာဥက္ကဌလာပေါ်တာရဲ့လက်ထောက်ဖြစ်သူက ကားနဲ့လာကြိုခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်လာပေါ်တာဟာ ဥက္ကဌအဖြစ်အရွေးချယ်မခံခဲ့ရခင်ကတည်းက ဟာလန်းကို ခေါ်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီး အရိပ်အမြွက်ပြောခဲ့ဖူးပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ဇွန်လကျရင်စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် သူတို့ရဲ့အဓိက ကစားသမားမက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ကိစ္စအပြင် အခုလောလောဆယ်မှာ ဘဏ္ဍာရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားရမှာဖြစ်ပေမယ့် ရိုင်အိုလာနဲ့ လာပေါ်တာတို့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိနေတာကြောင့် ဟာလန်းကို ခေါ်ယူဖို့ တခြားအသင်းတွေထက် အခွင့်အရေးပိုများနေတာပါ။

အီတလီဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက အဲ့ဖ်အင်ဟာလန်းနဲ့ ရိုင်အိုလာတို့ဟာ ဟာလန်းကို ခေါ်ယူလိုနေတဲ့ ဥရောပထိပ်သီးကလပ်(၅)သင်းနဲ့တွေ့ဆုံပြီး အသင်းရဲ့စီမံကိန်း၊ ဟာလန်းအတွက်ကမ်းလှမ်းမှုတွေကို နားထောင်ပြီးမှ ဆုံးဖြတ်သွားဖို့ရှိနေတယ်လို့ သူ့ရဲ့Twitter စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

ဟာလန်းကို ခေါ်ယူလိုနေတဲ့အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတို့ပါဝင်နေတာကြောင့် အဲ့ဖ်အင်ဟာလန်းတို့ဟာ မကြာခင်မှာအဲဒီအသင်းတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံစကားပြောဆိုဖို့ရှိနေပါပြီ။

ဟာလန်းရဲ့စာချုပ်လျော်ကြေးပေါင်(၆၅)သန်းသတ်မှတ်ချက်က လာမယ့်ရာသီကုန်မှအသက်ဝင်မှာဖြစ်ပြီး ဒေ့ါမွန်အသင်းအနေနဲ့ သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပေါင်သန်း(၁၅၀)အထိပေးချေဖို့ တောင်းဆိုသွားမယ့်အနေအထားပါပဲ။

ဒေ့ါမွန်အသင်းအားကစားဒါရိုက်တာဖြစ်သူ မိုက်ကယ်ဇော့ကတော့ သူနဲ့ရိုင်အိုလာတို့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး ဟာလန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်းရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းအသိပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဗြိတိန်မီဒီယာတစ်ခုဖြစ်တဲ့ SunSport ကတော့ ဘာစီလိုနာအသင်းဟာ ဟာလန်းရဲ့ပြောင်းရွှေ့ကြေးကို ပေါင်(၁၂၅)သန်းလျှော့ချပေးဖို့ ရိုင်အိုလာကို တောင်းဆိုခဲ့ပြီး တကယ်လို့ ဟာလန်းကိုခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး၊ လစာငွေအပါအဝင် စုစုပေါင်း ပေါင်သန်း(၃၀၀)အထိကုန်ကျဖို့ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ဖခင္နဲ႔ေအးဂ်င့္တို႔ ကလပ္အသင္းေတြနဲ႔ ေတြ႕ဆုံ

ေဒ့ါမြန္အသင္းက ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ဖခင္ျဖစ္သူအဲ့ဖ္အင္ဟာလန္းနဲ႔ ေအးဂ်င့္ျဖစ္သူ႐ိုင္အိုလာတို႔ဟာ ရီးယဲလ္အသင္းနဲ႔ေတြ႕ဆုံစကားေျပာဆိုဖို႔အတြက္ မက္ဒရစ္ၿမိဳ႕ကို ေလယာဥ္နဲ႔သြားခဲ့ၾကတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ၾကာသပေတးမနက္ပိုင္းတုန္းက အဲ့ဖ္အင္ဟာလန္းနဲ႔႐ိုင္အိုလာတို႔ကို ဘာစီလိုနာၿမိဳ႕က El-Prat ေလဆိပ္မွာေတြ႕ခဲ့ရတာေၾကာင့္ ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံစကားေျပာဆိုခဲ့တယ္လို႔ ယူဆရၿပီး အခုဘာစီလိုနာကေန မက္ဒရစ္ၿမိဳ႕ကို ေလယာဥ္နဲ႔ ဆက္သြားမွာျဖစ္ပါတယ္။

စပိန္အားကစားမီဒီယာတစ္ခုျဖစ္တဲ့ Sport က အဲ့ဖ္အင္ဟာလန္းနဲ႔႐ိုင္အိုလာတို႔ကို ဘာစီလိုနာေလဆိပ္မွာ ဘာစီလိုနာဥကၠဌလာေပၚတာရဲ႕လက္ေထာက္ျဖစ္သူက ကားနဲ႔လာႀကိဳခဲ့တယ္လို႔ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္လာေပၚတာဟာ ဥကၠဌအျဖစ္အေ႐ြးခ်ယ္မခံခဲ့ရခင္ကတည္းက ဟာလန္းကို ေခၚယူဖို႔ႀကိဳးပမ္းသြားမယ္ဆိုၿပီး အရိပ္အႁမြက္ေျပာခဲ့ဖူးပါတယ္။

ဘာစီလိုနာအသင္းဟာ လာမယ့္ဇြန္လက်ရင္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ သူတို႔ရဲ႕အဓိက ကစားသမားမက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥအျပင္ အခုေလာေလာဆယ္မွာ ဘ႑ာေရးအခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔ႀကိဳးစားရမွာျဖစ္ေပမယ့္ ႐ိုင္အိုလာနဲ႔ လာေပၚတာတို႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြရွိေနတာေၾကာင့္ ဟာလန္းကို ေခၚယူဖို႔ တျခားအသင္းေတြထက္ အခြင့္အေရးပိုမ်ားေနတာပါ။

အီတလီဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက အဲ့ဖ္အင္ဟာလန္းနဲ႔ ႐ိုင္အိုလာတို႔ဟာ ဟာလန္းကို ေခၚယူလိုေနတဲ့ ဥေရာပထိပ္သီးကလပ္(၅)သင္းနဲ႔ေတြ႕ဆုံၿပီး အသင္းရဲ႕စီမံကိန္း၊ ဟာလန္းအတြက္ကမ္းလွမ္းမႈေတြကို နားေထာင္ၿပီးမွ ဆုံးျဖတ္သြားဖို႔ရွိေနတယ္လို႔ သူ႔ရဲ႕Twitter စာမ်က္ႏွာမွာေဖာ္ျပခဲ့ပါတယ္။ ဟာလန္းကို ေခၚယူလိုေနတဲ့အသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီးအသင္းတို႔ပါဝင္ေနတာေၾကာင့္ အဲ့ဖ္အင္ဟာလန္းတို႔ဟာ မၾကာခင္မွာအဲဒီအသင္းတာဝန္ရွိသူေတြနဲ႔လည္း ေတြ႕ဆုံစကားေျပာဆိုဖို႔ရွိေနပါၿပီ။

ဟာလန္းရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးေပါင္(၆၅)သန္းသတ္မွတ္ခ်က္က လာမယ့္ရာသီကုန္မွအသက္ဝင္မွာျဖစ္ၿပီး ေဒ့ါမြန္အသင္းအေနနဲ႔ သူတို႔ရဲ႕အဓိကတိုက္စစ္မႉးကို ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ ေပါင္သန္း(၁၅၀)အထိေပးေခ်ဖို႔ ေတာင္းဆိုသြားမယ့္အေနအထားပါပဲ။

ေဒ့ါမြန္အသင္းအားကစားဒါ႐ိုက္တာျဖစ္သူ မိုက္ကယ္ေဇာ့ကေတာ့ သူနဲ႔႐ိုင္အိုလာတို႔ ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီး ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္လို႔ အသင္းရဲ႕သေဘာထားကို ရွင္းရွင္းလင္းလင္းအသိေပးခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

ၿဗိတိန္မီဒီယာတစ္ခုျဖစ္တဲ့ SunSport ကေတာ့ ဘာစီလိုနာအသင္းဟာ ဟာလန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္(၁၂၅)သန္းေလွ်ာ့ခ်ေပးဖို႔ ႐ိုင္အိုလာကို ေတာင္းဆိုခဲ့ၿပီး တကယ္လို႔ ဟာလန္းကိုေခၚယူျဖစ္ခဲ့မယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကး၊ လစာေငြအပါအဝင္ စုစုေပါင္း ေပါင္သန္း(၃၀၀)အထိကုန္က်ဖို႔ရွိတယ္လို႔ေဖာ္ျပခဲ့ပါတယ္။