ဟာလန်းရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ ဒေ့ါမန်

photo-daily mail

photo-AP

ဟာလန်းကတော့ ဒီရာသီက သူ့ရဲ့မယုံနိုင်ဖွယ်ဂိုးသွင်းခြေစွမ်းကို ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဆက်ထိန်းနိုင်ခဲ့ပြီး သူ့ရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ဒေါ့မန်ဟာ ပထမအကျော့အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တာပါ။ ၁၉ နှစ်အရွယ် အဲဒီနော်ဝေသားလေးဟာ ဒုတိယပိုင်းမှာ ကွဲပြားခြားနားတဲ့သွင်းဂိုး ၂ ဂိုးကို သွင်းပြခဲ့ပါတယ်။ ပထမဂိုးက ဂွာရဲရိုးရဲ့ကန်သွင်းချက်က ပြန်ထွက်လာတာကို သူပုံမှန်ပိတ်သွင်းနေကျအတိုင်း သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ ကိုက် ၂၀ အကွာကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

photo-reuters

ဒီအတွက်လည်း ဟာလန်းဟာ အခုရာသီ ၂၉ ပွဲတည်းနဲ့ ၃၉ ဂိုးတောင် သွင်းနိုင်ခဲ့ပြီး ဇန်နဝါရီမှာ ဒေါ့မန်ကိုရောက်လာပြီးနောက်ပိုင်း ၁၁ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟာလန်းရဲ့အဲဒီသွင်းဂိုး ၂ ဂိုးကြားထဲမှာ အမ်ဘက်ပီရဲ့ဖန်တီးပေးမှုကနေ နေမာက ဧည့်သည်အသင်းအတွက် ၁ ဂိုးပေးသွင်းပေးခဲ့ပါတယ်။ အဲဒါဟာ ပီအက်စ်ဂျီအတွက် အရေးပါတဲ့အဝေးဂိုးလည်း ဖြစ်လာနိုင်ပါတယ်။

photo-gettyimages

ဒီပွဲမှာ ပီအက်စ်ဂျီဟာ ပိုပြီးရေပန်းစားတဲ့အသင်းဖြစ်ခဲ့ပေမယ့် လုံလောက်တဲ့ဖန်တီးပေးမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ပွဲချိန်အမာျးစု ဖန်တီးရှင်ဒီမာရီယာက ပါတယ်လို့ကို မထင်ရသလို အမ်ဘက်ပီကလည်း ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပေမယ့် စိတ်ပျက်စရာခြေစွမ်းဖြစ်ခဲ့ပါတယ်။ ဒီလိုကမ္ဘာကျော်တွေနဲ့ပွဲမှာ ချီးကျူးမှုတွေကို သိမ်းကျုံးရယူသွားသူက ဟာလန်းပါ။ သူဟာ ဒေ့ါမန်ကိုရောက်လာတာ လပိုင်းသာရှိသေးပေမယ့် ဒေါ့မန်ရဲ့အဓိကျသူဖြစ်နှင့်နေပြီး အဲဒီကိုရောက်လာပြီးကတည်းက ၇ ပွဲမှာ ၁၁ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်သမိုင်းမှာ အမြန်ဆုံး ၁၀ ဂိုးပြည့်သူဖြစ်လာပြီး ဘယ်ကစားသမားထက်မဆို ၄ ပွဲပိုမြန်ခဲ့ပါတယ်။

[Zawgyi]

ဟာလန္းရဲ႕သြင္းဂိုးေတြနဲ႔ ပီအက္စ္ဂ်ီကို အႏိုင္ယူခဲ့တဲ့ ေဒ့ါမန္

ဟာလန္းကေတာ့ ဒီရာသီက သူ႔ရဲ႕မယုံႏိုင္ဖြယ္ဂိုးသြင္းေျခစြမ္းကို ပီအက္စ္ဂ်ီနဲ႔ခ်န္ပီယံလိဂ္ပြဲမွာလည္း ဆက္ထိန္းႏိုင္ခဲ့ၿပီး သူ႔ရဲ႕သြငး္ဂိုး ၂ ဂိုးနဲ႔အတူ ေဒါ့မန္ဟာ ပထမအေက်ာ့အိမ္ကြင္းမွာ အႏိုင္ယူႏိုင္ခဲ့တာပါ။ ၁၉ ႏွစ္အရြယ္ အဲဒီေနာ္ေ၀သားေလးဟာ ဒုတိယပိုင္းမွာ ကြဲျပားျခားနားတဲ့သြင္းဂိုး ၂ ဂိုးကို သြင္းျပခဲ့ပါတယ္။ ပထမဂိုးက ဂြာရဲရိုးရဲ႕ကန္သြင္းခ်က္က ျပန္ထြက္လာတာကို သူပုံမွန္ပိတ္သြင္းေနက်အတိုင္း သြင္းခဲ့တာျဖစ္ၿပီး ဒုတိယဂိုးကေတာ့ ကိုက္ ၂၀ အကြာကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒီအတြက္လည္း ဟာလန္းဟာ အခုရာသီ ၂၉ ပြဲတည္းနဲ႔ ၃၉ ဂိုးေတာင္ သြင္းႏိုင္ခဲ့ၿပီး ဇန္န၀ါရီမွာ ေဒါ့မန္ကိုေရာက္လာၿပီးေနာက္ပိုင္း ၁၁ ဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဟာလန္းရဲ႕အဲဒီသြင္းဂိုး ၂ ဂိုးၾကားထဲမွာ အမ္ဘက္ပီရဲ႕ဖန္တီးေပးမႈကေန ေနမာက ဧည့္သည္အသင္းအတြက္ ၁ ဂိုးေပးသြင္းေပးခဲ့ပါတယ္။ အဲဒါဟာ ပီအက္စ္ဂ်ီအတြက္ အေရးပါတဲ့အေ၀းဂိုးလည္း ျဖစ္လာႏုိင္ပါတယ္။

ဒီပြဲမွာ ပီအက္စ္ဂ်ီဟာ ပိုၿပီးေရပန္းစားတဲ့အသင္းျဖစ္ခဲ့ေပမယ့္ လုံေလာက္တဲ့ဖန္တီးေပးမႈ မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ပြဲခ်ိန္အမာ်းစု ဖန္တီးရွင္ဒီမာရီယာက ပါတယ္လုိ႔ကို မထင္ရသလို အမ္ဘက္ပီကလည္း ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ေပမယ့္ စိတ္ပ်က္စရာေျခစြမ္းျဖစ္ခဲ့ပါတယ္။ ဒီလိုကမာၻေက်ာ္ေတြနဲ႔ပြဲမွာ ခ်ီးက်ဴးမႈေတြကို သိမ္းက်ဳံးရယူသြားသူက ဟာလန္းပါ။ သူဟာ ေဒ့ါမန္ကိုေရာက္လာတာ လပိုင္းသာရွိေသးေပမယ့္ ေဒါ့မန္ရဲ႕အဓိက်သူျဖစ္ႏွင့္ေနၿပီး အဲဒီကိုေရာက္လာၿပီးကတည္းက ၇ ပြဲမွာ ၁၁ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္သမိုင္းမွာ အျမန္ဆုံး ၁၀ ဂိုးျပည့္သူျဖစ္လာၿပီး ဘယ္ကစားသမားထက္မဆို ၄ ပြဲပိုျမန္ခဲ့ပါတယ္။